မြန်မာ့ရေမြေထဲက ငှက်ကလေးတွေ…တဲ့

မြန်မာ့ရေမြေထဲက ငှက်ကလေးတွေ…တဲ့

ပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်မိတ်ဆက်
————————————-
ရေသားပြုစုသူ.. လင်းအောင်ပြည့်
၂၀၂၁ ခုနှစ် နှစ်ဦးမှာ ဦးဦးဖျားဖျား ထူးထူးခြားခြား ထွက်ရှိလာတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ၊ စာအုပ်ထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အာဏာသိမ်းမှုဖြစ်ခဲ့တာကြောင့် သိပ်ကျယ်ကျယ်ပြန့်ပြန့် မဖြန့်ချိနိုင်ခဲ့ပါဘူး။
မြန်မာပြည်အတွက် တကယ်လိုတဲ့၊ တကယ်လည်း ကောင်းမွန်တဲ့စာအုပ်လေးမို့ ရောင်ခြည်သစ်စာပေကနေ ရောင်းချပေးဖို့ စီစဥ်ခဲ့တာဖြစ်ပါတယ်။ အုပ်ရေ အတော်များများမှာယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။
မြန်မာ့ရေမြေထဲက ငှက်အမျိုးပေါင်း ၆၀ ကျော်ကို လွန်ခဲ့ ၆ နှစ် ၇ နှစ်လောက်ကတည်းက ကိုယ်တိုင်မှတ်တမ်းတင်၊ ငှက်တွေရဲ့ ဓလေ့စရိုက်သဘာဝကို ကိုယ်တိုင်လေ့လာပြီး စာအုပ်တစ်အုပ်လုံးကို art paper တွေန့ချည်း သပ်သပ်ရပ်ရပ်လှလှပပ ဝေဝေဆာဆာ ထုတ်ဝေလိုက်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။
ငှက်ဓာတ်ပုံတွေနဲ့ ငှက်တွေရဲ့ဓလေ့စရိုက် သဘာဝတွေကို ယှဥ်တွဲ ဖော်ပြထားပြီး အဲဒီငှက်တွေကို တွေ့ရတဲ့နေရာ၊ နေထိုင်ကျက်စားတတ်တဲ့နေရာ၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့တဲ့ နေရာ၊ ရက် လ ခုနှစ်တွေကိုလည်း အတိအကျဖော်ပြထားပါတယ်။ ဓာတ်ပုံတွေ ချည်းထိုင်ကြည့်နေရာမယ့်စာအုပ်မဟုတ်ဘဲ ဓာတ်တွေလည်း ကြည့်ရမယ်။ ငှက်ကလေးတွေအကြောင်းလည်း သေသေချာချာ သိခွင့်ရမှာပါ။
ဒီတော့ ငှက်အကြောင်း လေ့လာလိုသူတွေ၊ စာတမ်းပြုစုလိုသူတွေ၊ သုတေသန လုပ်ချင်သူတွေ၊ ငှက်ဓာတ်ပုံရိုက်ချင်သူတွေ၊ ငှက်နဲ့ပတ်သက်ပြီး ခရီးသွားဧည့်လမ်းညွှန် လုပ်နေတဲ့သူတွေ၊ ငှက်နဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချစ်မြတ်နိုးသူတွေအတွက် လက်စွဲထားရမယ့် စာအုပ်ကောင်း တစ်အုပ် ဖြစ်ပြီပေါ့..
ဒီစာအုပ်ထဲမှာ ငှက်တစ်ကောင်ရဲ့သွင်ပြင်လက္ခဏာ တစ်ခုချင်းစီကို ဖော်ပြထားသလို မြန်မာနိုင်ငံထဲကို လာရောက်လေ့ရှိတဲ့ ဆောင်းခိုငှက်တွေအကြောင်းလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ နောက်ပြီး ဥပဒေဖြင့် ကာကွယ်ထားတဲ့ မြန်မာငှက် ၄၃၀ နီးပါးရဲ့ မြန်မာအမည် သိပ္ပံအမည် အဂ်လိပ် အမည်တွေကိုလည်း ဖော်ပြထားပါတယ်။
မြန်မာ့ရေမြေထဲက ငှက်ကလေးတွေ စာအုပ်မှာ အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း အယ်ဒီတာချုပ်ဒေါ်ဒေဝီသန့်စင်နဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း(BANCA) အလုပ်အမှုဆောင် ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင်တို့က အမှာစာရေးပေးထားပါတယ်။ အိမ်တိုင်းရဲ့စာအုပ်စင်မှာ ရှိသင့်တဲ့စာအုပ်လေးတစ်အုပ်ပါပဲ။
စာအုပ်တန်ဖိုးကတော့ ၁၀၀၀၀ ကျပ်
ရောင်းစျေးအတိုင်းပဲ ရောင်းပေးတာပါ။
တကယ်တော့ ဒီစာအုပ်လေးက တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာသိုက်လေးတစ်ခုပါလို့ ပြောချင်ပါတယ်။
စာအုပ်ကို ဝယ်ယူချင်ရင်တော့ ရောင်ခြည်သစ်စာပေ- ဖုန်း-၀၉၇၈၇၉၆၇၀၂၇ သို့ ဖုန်းဆက်ပြီး မှာယူနိုင်သလို အောက်မှာ ဖော်ပြထားတဲ့ လင့်ခ်မှာလည်း သွားရောက် ဝယ်ယူနိုင်ပါတယ်။

About The Author

greenness_mm

No Comments

Leave a Reply