ရာသီ‌ခြောက်သွေ့လာချိန်မှာ လေထုညစ်ညမ်းမှုတိုးလာလို့ မီလန် အာဏါပိုင်တွေ သတိပေးနေရပြီ

ရာသီ‌ခြောက်သွေ့လာချိန်မှာ လေထုညစ်ညမ်းမှုတိုးလာလို့ မီလန် အာဏါပိုင်တွေ သတိပေးနေရပြီ

အီတလီနိုင်ငံမြောက်ပိုင်း လွန်ဘာဒီ‌ဒေသမှာ အပူချိန်တိုးလာကာ ရာသီဥတုခြောက်သွေ့လာတာကြောင့် လေထုညစ်ညမ်းမှုတိုးလာမှာကို အာဏါပိုင်တွေ စိုးရွံ့လာပြီး အမိန်အသစ်တွေကို ထုတ်ပြန်လိုက်ရပါတယ်။

နေအိမ်များကို အပူပေးခြင်း၊ ကောက်ပဲသီးနှံစိုက်ခင်းများတွင် မိလ္လာများထည့်ခြင်း နဲ့ နေ့ဘက်တွင် မော်တော်ကားများ ထူထပ်စွာ အသုံးပြုခြင်းတို့အပေါ်မှာ ကန့်သတ်ချက်များ ချမှတ်လိုက်ပါတယ်။ အင်္ဂါနေ့အထိ၊ မီလန် အပါအဝင် ဒေသ၏ ပြည်နယ် ၁၂ ခုအနက် ကိုးခုသည် မီးခိုးမြူများစွာ ဖုံးလွှမ်းမှုရှိလာသောကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။

လေထုညစ်ညမ်းမှုက ဒေသတွင်း၌ အထူးအဆန်းမဟုတ်ပေမဲ့ဆောင်းရာသီအတွင်းက မိုးရွာသွန်းမှုနည်းပါးခြင်းနဲ့ ရာသီမဟုတ်အပူချိန်မြင့်မားမှုကြောင့် ယခုသီတင်းပတ်အစောပိုင်းတွင် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိ ခဲ့ပါတယ်။ မီလန်က ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ပါတယ် ။

ဆောင်းရာသီတွင် ပုံမှန်မဟုတ်သော အပူချိန်မြင့်မားမှုနှင့် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မီးခိုးမြူပြဿနာကို ပိုမိုဆိုးရွားလာစေတယ်လို့ အာဏာပိုင်များက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး လေထုညစ်ညမ်းမှုကို လျှော့ချရန် အတွက် ယာယီအစီအမံများကို ထားရှိရမည်ဖြစ်ကြောင်း လည်း ဆိုခဲ့ပါတယ်။

မြေထဲပင်လယ်တစ်ဝှမ်းရှိ နိုင်ငံများသည် ပူနွေးသောရာသီဥတုနှင့် မိုးရွာသွန်းမှုပြဿနာများနှင့်အတူ ရေထောက်ပံ့မှု နည်းပါးခြင်းကြောင့် မိုးခေါင်ရေရှားသည့် အခြေအနေအောက်တွင် ကြုံတွေ့နေကြရပါတယ်။ ကျွမ်းကျင်သူတွေအဆိုအရကတော့ ရာသီဥတုပြောင်းလဲမှုအပေါ် အရေးယူမှုမရှိဘဲ ဒေသတွင်းဖွံ့ဖြိုးမှု သက်သက်ကိုသာ ဦးစားပေးနေမယ်ဆိုရင် ရာသီဥတုပြောင်းလဲမှု “ပုံမှန်အသစ်” ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့်နှစ်က ဇန်နဝါရီလတွင်း မိုးရွာခြင်းနှင့် ဖေဖော်ဝါရီတွင် လေပြင်းများတိုက်ခတ်ခြင်းက ယာဉ်ကြော ကျပ်တည်းမှု ၊ အိမ်သုံးအပူပေးစက် ၊ စက်မှုလုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် ပုံမှန်မဟုတ်သော မိလ္လာများ ပျံ့နှံ့ခြင်းတွေကြောင့်ဖြစ်လာတဲ့ မြင့်မားသော လေထုညစ်ညမ်းမှုကို တားဆီးနိုင်ခဲ့ပါတယ်။

ဆွဇ်ဇာလန်လေထုညစ်ညမ်းမှုစောင့်ကြည့်ရေးကုမ္ပဏီ IQAir က တနင်္ဂနွေနေ့မှာ မီလန်မြို့ရဲ့လေထုက ကျန်းမာရေးနဲ့ မညီညွတ်တော့ပါလို့ ကြေညာလိုက်တဲ့ အခါမှာတော့ အဲ့ဒိဒေသရဲ့ မီးခိုးမြူပြဿနာကို အာရုံစိုက်လာကြပါတော့တယ် ။

မြို့တော်ရဲ့ အမှုန်အမွှားပမာဏက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားသည့် ကန့်သတ်ချက်ထက် ၂၄ ဆ ပိုနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရှိ ဒါကာနှင့် ပါကစ္စတန်ရှိ လာဟိုးတို့ပြီး နောက် မီလန်က လေထုညစ်ညမ်းမှု တတိယအဆင့် မှာ ရှိနေပါတယ်။

မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply