ရာသီပြောင်းလဲမှု တိုက်ဖျက်ရေး ဘတ်ဂျတ်တော့ ကျလာပြီ ၊ ဘယ်နေရာမှာ ဘယ်လိုသုံးကြမလဲ

ရာသီပြောင်းလဲမှု တိုက်ဖျက်ရေး ဘတ်ဂျတ်တော့ ကျလာပြီ ၊ ဘယ်နေရာမှာ ဘယ်လိုသုံးကြမလဲ

နိုဝင်ဘာလ ၂၆ ရက်နေ့ က ကျင်းပခဲ့တဲ့ COP၂၆ ညီလာခံရဲ့ ဆုံးဖြတ်ချက်အရ ဝင်ငွေမြင့်တဲ့ နိုင်ငံတွေ စုပေါင်းပြီး ရာသီပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်မယ်ဆိုတာ စတင် အကောင်အထည်ပေါ်လာပါပြီ။

ပထမအဆင့်အနေနဲ့ ၂၀၂၃ အတွက် ဘတ်ဂျက်စီမံခန့်ခွဲမှုကို စတင်ရေးနေပါပြီ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကတော့ ညီလာခံ ဆုံးဖြတ်ချက်ချထားတဲ့ ကန်ဒေါ်လာ သန်းထောင်ပေါင်း ၁ သိန်း( ၁၀၀ ဘီလီယံ ) ကိုဘယ်လို ခွဲမယ်ဆိုတာကို စိတ်ဝင်စားနေကြပါတယ်။

ဂလက်စကို ညီလာခံ ရဲ့ ပွဲစီစဉ်သူ ယူကေက ရီရှီဆူနက်ကတော့ “ ကျနော်တို့ ဆီကို ရန်ပုံငွေတွေ စတင် ဝင်နေပါပြီ ။ ကျနော်တို့ အဲ့ဒိပိုက်ဆံတွေကို သုံးဖို့အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက အစိုးရတွေနဲ့ အရင်ဆုံး အစည်းအဝေးတွေလုပ်မှာပါ။

သူတို့ဆီက တင်ပြတဲ့ အချက်အလက်တွေကို စီစစ်ပြီး ထိထိရောက်ရောက် အကူအညီပေးနိုင်အောင်လို့ လုပ်ကြမှာပါ” လို့ ဆိုပါတယ်။

လက်ရှိမှာကတော့ အဲ့ဒိပိုက်ဆံတွေကို ဘယ်လိုသုံးရင် ကောင်းမယ် ဆိုတဲ့ အိုင်ဒီယာတွေ ၊ အကြံပြုချက်တွေက လည်း မနည်းမနော ဝင်လာနေပါတယ်။

ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အကြီးအကဲ ပက်ထရစ်ရှာ အက်စပီနိုဆာ ကတော့ ချမ်းသာတဲ့ နိုင်ငံတွေကနေ နှစ်စဉ်ပေးဖို့ ကတိပြုထားတဲ့ ရန်ပုံငွေ ဘီလီယံ ၁၀၀ ကို ကိုင်တွယ်အသုံးပြုဖို့အတွက် သူမလည်း တွဲဖက်တာဝန်ယူထားပါတယ် လို့ ဆိုထားပါတယ်။

အီဂျစ်မှာ လုပ်မယ့် COP ပွဲ မတိုင်မီ ဝင်ငွေပိုင်းဆိုင်ရာကိစ္စတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ သူမတို့ ကို ယုံကြည်ပေးဖို့တော့လို ပါတယ်လို့လည်း ဆိုပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အဲ့ဒီရန်ပုံငွေထဲက ငွေပိုလိုလျှင် သတင်းအချက်အလက် ပိုပေးနိုင်မှ ဖြစ်မှာပါ။ သူတို့အနေနဲ့ သတင်းအချက်အလက်တွေကို အတိအကျသိရလေ ပိုပြီး ထောက်ပံ့ကူညီပေးမှာ ဖြစ်ပါတယ်။

ရာသီဥတုဖောက်ပြန်မှု ဒဏ်ကို အမှန်အကန်ခံစားနေရတဲ့ နိုင်ငံတွေကို ဦးစားပေးအစီအစဉ်အဖြစ် လုပ်ပေးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့ဒိနိုင်ငံတွေအနေနဲ့ တိကျခိုင်မာတဲ့ အသေးစိတ် သတင်းအချက်အလက်တွေ ကို ပေးနိုင်မှဖြစ်ပါတယ်။ ထောက်ပံ့မှုတွေပေးမယ်ဆိုပေမဲ့ အဲ့ဒိငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးမယ်။

ရေရှည်အကျိုးရှိအောင် ဘယ်လိုသုံးမယ်ဆိုတဲ့ အစီအမံတွေကိုလည်းပြောပြရမှာပါ။ တစ်နှစ် ကန်ဒေါ်လာ ၁၀၀ ဘီလီယံ ဆိုတာက သာမန်အားဖြင့်နိုင်ငံတစ်နိုင်ငံကို ထူထောင်နိုင်တဲ့ ပမာဏ တစ်ခုဖြစ်ပါတယ်။

 

မောင်ယဿ ( ဒီဇင်ဘာ ၂၀ )

REF: euronews
Photo : Stockholm environment

About The Author

greenness_mm

No Comments

Leave a Reply