ရာသီဖောက်ပြန်မှုနဲ့ အငတ်ဘေးအတွက် G20 သဘောတူညီချက်ပြုပြီ

ရာသီဖောက်ပြန်မှုနဲ့ အငတ်ဘေးအတွက် G20 သဘောတူညီချက်ပြုပြီ

ကိုဗစ် ၁၉ ကြောင့် အာဖရိကလို နိုင်ငံတွေ ကနေစပြီး ကမ္ဘာ အငတ်ဘေး ရင်ဆိုင်နေမှုနဲ့ ရာသီဖောက်ပြန်မှု အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပပြီးစီးခဲ့တဲ့ G20 နိုင်ငံခြားရေးဝန်းကြီးဌာနများ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီချက်အချို့ ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကို ဗစ်ကာကွယ်ဆေး ထိုးနှံမှုကိစ္စရပ်မှာတော့ ဂျာမဏီနဲ့ တရုတ်တို့ သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒိအစည်းအဝေးကို အီတလီနိုင်ငံခြားရေး ဝန်ကြီး လွီဂီဒီမာရီယို က အိမ်ရှင်အဖြစ်လက်ခံ ကျင်းပပေးခဲ့တာပါ။
သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အငတ်ဘေးကြောင့် အာဖရိကတိုက်ကို ဖြတ်ပြီး ဥရောပတိုက်ဆီကို ရွှေ့ပြောင်းလာတဲ့ ဦးရေ တဖြည်းဖြည်း များလာတဲ့အတွက်ကြောင့် အာဖရိက နိုင်ငံတွေကို အထောက်အပံ့ပေးခြင်းဖြင့် ရွှေ့ပြောင်းဦးရေ လျှော့ချနိုင်ရေးအတွက်ပဲဖြစ်ပါတယ်။
အဲ့ဒိအစည်းအဝေးပိတ်ပွဲမှာ အီတလီဝန်ကြီးချုပ်က “ အာဖရိကမှာတွေ့ကြုံနေရတဲ့ အငတ်ဘေး ပြဿနာ နဲ့ အာဖရိက ရေရှည်တည်တံ့ဖို့အတွက် G20မှာ တာဝန်အပြည့်ရှိပါတယ်။ အာဖရိကသားတွေက သူတို့နေရင်းကိုစွန့်ပြီး အခြားဒေသတွေကို ရွှေ့ပြောင်းနေကြပါတယ်။
ကျနော်တို့ က မူရင်းဒေသတွေမှာ အဲ့ဒီလူမျိုးတွေ ရှင်သန်နိုင်အောင် လုပ်ပေးကြရမှာပါ။ ကျနော်တို့ နဲ့ အဝေးကြီးမှာရှိနေပေမဲ့ ပစ်ထားလို့မရတဲ့ ကိစ္စရပ်ပဲ ဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒိအခက်အခဲကို တစ်ဦးတစ်ယာက် တစ်နိုင်ငံတည်းလုပ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။
ကိုဗစ်ကြောင့် လူ သန်း ၁၀၀ ကျော်က အငတ်ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။ လူတိုင်းကို လုံလောက်တဲ့ စားရေရိက္ခာ ပေးဝေနိုင်ဖို့အတွက် အခုလို အစည်းအဝေးခေါ်ရတဲ့အကြောင်း ကိုလည်း ဆိုပါတယ်။
G20 အဖွဲ့ဝင်နိုင်ငံတွေ ပေါင်းလိုက်ရင် ကမ္ဘာလူ ဦးရေ တစ်ဝက်ထက်မက ရှိနေပြီး သူတို့ရဲ့ စုစုပေါင်း ဝင်ငွေက တစ်ကမ္ဘာလုံးရဲ့ ဝင်ငွေ ၈၀% ရှိပါတယ်။
အစည်းအဝေးကရတဲ့ ရလဒ်ထဲမှာ စိုက်ပျိုးရေး လုပ်ငန်းဖွံ့ဖြိုးအောင်လုပ်ပြီး စားရေရိက္ခာ ဖြည့်တင်း နိုင်ရန်၊ ကွဲပြားမှုနဲ့ ကွာဝေးမှုတွေကို ဖယ်ချထားရန် ၊ ရာသီဥတုဖောက်ပြန်မှု ၊ ရေရှည်တည်တံခိုင်မြဲတဲ့ စွမ်းအင်ရရှိမှု ဦးစားပေးလုပ်ဆောင်ရန်နှင့် လောလောဆယ်စုပေါင်းဖြေရှင်း ရမယ့် ကိစ္စက ကမ္ဘာကြီး ပူနွေးလာမှု ပဲဖြစ်တယ်လို့ သိရပါတယ်။
မောင်ယဿ
REF; euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply