ရာသီဥတုပြောင်းလဲမှုမှာ AIက အသွား နှစ်ဖက်နဲ့ဓားလိုပါပဲ

ရာသီဥတုပြောင်းလဲမှုမှာ AIက အသွား နှစ်ဖက်နဲ့ဓားလိုပါပဲ

Artificial intelligence ( AI ) ဉာဏ်ရည်တုက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအရေးနဲ့ပတ်သက်ပြီး သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်လာနိုင်ဖွယ် ရှိလာနိုင်တယ်လို့ နည်းပညာ ကုမ္ပဏီတွေက ပြောလာပါပြီ။
နည်းပညာကုမ္ပဏီများသည် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် အစွမ်းထက်သည့် ကိရိယာတစ်ခု အဖြစ် ဉာဏ်ရည်တုကို တီထွင်ခဲ့ကြသော်လည်း အေအိုင်ကြောင့်ဖြစ်လာမယ့် ပြဿနာများကိုအရင်ဆုံး ဖြေရှင်ဖို့ ကြိုးစားနေကြပါတယ်။
Google DeepMind မှ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်ကို ဦးဆောင်သူ Sims Witherspoon က “AI သည် စွမ်းအင်သုံးနည်းပညာတစ်ခုဖြစ်ကြောင်း လုံးဝမှန်နေပါတယ် ။ အဲ့ဒိနေရာမှာ သန့်ရှင်းသောစွမ်းအင်ဖြင့် လုံး၀လည်ပတ်နိုင်သည့် ဇယားကွက်တစ်ခု မရှိမချင်း ထိုနည်းပညာများက ကာဗွန်ခြေရာရှိနေမှာပဲဖြစ်ပါတယ် “ လို့ ဆိုပါတယ်။
လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ ဒေတာစင်တာများတွင် တစ်ကမ္ဘာလုံးလျှပ်စစ်ဓာတ်အားအသုံးပြုမှု၏ ၁% မှ ၁,၅ % ခန့်ရှိကြောင်း International Energy Agency မှ သိရပါတယ်။ AI က အခြားသော ကွန်ပျူတာပုံစံများထက် စွမ်းအင်ပိုလိုအပ်ပါတယ် ။ Microsoft Corp.၊ OpenAI Inc. နှင့် Google-parent Alphabet Inc. ကဲ့သို့သော ကုမ္ပဏီများသည် ယခင်ကထက် ပိုမိုခေတ်မီဆန်းပြားသော AI စနစ်များကို တီထွင်ရန် ပြိုင်ဆိုင်နေကြ သည်နှင့် အမျှ စွမ်းအင်လိုအပ်ချက်များသည် ကြီးထွားလာမည်ဖြစ်ပါတယ် ။ AI လုပ်ငန်းက ၂၀၂၇ တွင် နယ်သာလန် နိုင်ငံကဲ့သို့ နိုင်ငံတစ်နိုင်ငံသုံစွဲတဲ့ လျှပ်စစ်ဓာတ်အား ကို သုံးစွဲသွားနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။
ကာဗွန်ထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး AI ရဲ့ အသားတင်အကျိုးသက်ရောက်မှုအပေါ် မေးခွန်းထုတ် နေဆဲ ဖြစ်သော်လည်း ရာသီဥတုပြဿနာများကိုဖြေရှင်းရန် AI ကို အသုံးပြုနိုင်သည့် အခြားနည်းလမ်းများ ရှိကြောင်း Witherspoon က ပြောကြားခဲ့သည်။ “ဂေဟဗေဒနှင့် ဇီဝမျိုးစုံမျိုးကွဲများသည် ကျွန်ုပ်တို့အတွက် AI အသုံးပြုနိုင်သည့် ကြီးမားသောဧရိယာဖြစ်သည်” လို့ Witherspoon က ဆိုပါတယ်။
ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် AI နှင့် အခြားသော ထွန်းသစ်စနည်းပညာများ ဆိုင်ရာ ရန်ပုံငွေဖြင့် လုပ်ဆောင်ပေးမည့် ရုံးခန်းသစ်ကို ယခုသီတင်းပတ်တွင် အမေရိကန် စွမ်းအင်ဌာနမှ စတင်ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။
မောင်ယဿ
REF: bloomberg

About The Author

greenness_mm

No Comments

Leave a Reply