ရာသီဥတုဖောက်ပြန်မှုကိုကာကွယ်ဖို့ မျှော်လင့်ချက်မဲ့နေပြီလား (၁)

ရာသီဥတုဖောက်ပြန်မှုကိုကာကွယ်ဖို့ မျှော်လင့်ချက်မဲ့နေပြီလား (၁)

ယနေ့ကမ္ဘာ ဖန်လုံအိမ်ဓာတ်ငွေ့လွှတ်ထုတ်မှု လျှော့ကျသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေပါတယ်။ သဘာဝဘေးအန္တရာယ်တွေကလည်း ရာသီဥတုဖောက်ပြန်ခြင်းနဲ့အတူ တွဲပြီးတော့ မြင့်တက်နေဆဲ ဖြစ်ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ အဲ့ဒိအခြေအနေပေါ်မှာ စိုးရိမ်မှုမြင့်တက်နေတာတာက အံ့ဪစရာမဟုတ်တော့ပါဘူး။ မျှော်လင်ချက်ပျောက်သွားပြီးလာလို့တောင် ထင်ရတဲ့အခြေအနေမှာ လေ့လာမှုတစ်ရပ်က ၂၀၁၅ ပါရီ သဘောတူညီချက် အချို့ကလမ်းကြောင်းမသွေဖီသေးဘူးဆိုတဲ့ အကြောင်းအရာ ၅ ချက်ကို ပြခဲ့ပါတယ် ။ decarbonisation ( ကာဗွန်ထုတ်လွှတ်မှု ရပ်တန့်ရေး ) နဲ့ net zero ( ကာဗွန ်ထုတ်လွှတ်မှု အလုံးစုံ ကွယ်ပျောက်ရေး ) ဆိုတဲ့ ဝေါဟာရများက နေ့စဉ်သုံးစကားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပေမဲ့ လက်တွေ့မှာတော့ အဲ့ဒိဖြစ်စဉ်တွေကို လိုက်နာနိုင်မှုအားနည်းနေဆဲ ဖြစ်ပါတယ် ။
ဂျာမန်အကျိုးအမြတ်မယူသော NewClimate Institute ၏ လေ့လာမှုအရ ဆိုလာစွမ်အင်သုံး လုပ်ငန်းတွေနဲ့ လျှပ်စစ်ယာဉ်တွေ တိုးတက်လာတာကိုတော့ ငြင်းမရဘူးလို့ သိရပါတယ်။ အဲ့ဒိကိစ္စက လမ်းကြောင်းမှန်ဆီကို ဦးတည်နေတာလည်း အမှန်ပါပဲ ။
( ၁ ) ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဟောပြောချက်များက ခေတ်ရေစီးကြောင်းဖြစ်လာခြင်း
၂၀၁၄ လောက်က ဘီဘီစီရုပ်သံကနေ ရာသီဥတုဖောက်ပြန်မှု နဲ့ပတ်သက်ပြီး စစ်တမ်းတစ်ခုကို ကောက်ယူ ခဲ့ရာမှာ ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းက စိုးရိမ်မှု ရှိတယ်လို့ ရလဒ်တစ်ခုကို ရခဲ့ပါတယ် ။ ၂၀၂၀ စစ်တမ်းမှာတော့ ၆၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ် ။ UNDP နှင့် Oxford တက္ကသိုလ်တို့မှ ၂၀၂၁ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော ပိုမိုကျယ်ပြန့်သော ‘Peoples Climate Vote’ တွင် နိုင်ငံပေါင်း ၅၀ မှ ပိုမိုတိကျသောအပြောင်းအလဲကို ပြသခဲ့ပါတယ် ။ အရှေ့ဥရောပနှင့် အာရှအလယ်ပိုင်းတွင် ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းက ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေဟု ယူဆကြပါတယ် ။ အနောက်ဥရောပနှင့် မြောက်အမေရိကတိုက်သား ၇၂ ရာခိုင်နှုန်း၊ အာရပ်ပြည်နယ်များရှိ လူ ၆၄ ရာခိုင်နှုန်း၊ လက်တင်အမေရိက၊ ကာရေဘီယံနှင့် အာရှပစိဖိတ် ဒေသတွင် ၆၃ ရာခိုင်နှုန်းနဲ့ အာဖရိကဆာဟာရတွင် ၆၁ ရာခိုင်နှုန်းတို့က ရာသီဥတုဖောက်ပြန်မှုက စိုးရိမ်စရာ အခြေအနေဖြစ်ကြောင်း သဘောတူခဲ့ကြပါတယ် ။
ရာသီဥတုဖောက်ပြန်မှု ပြဿနာက ကမ္ဘာတဝှမ်းရှိ လူထုနှင့် နိုင်ငံရေး ဟောပြောချက်တွင် အဓိကဖြစ်လာပါတယ် ။ မီဒီယာများတွင် အဲ့ဒိကိစ္စက လွှမ်းခြုံကြီးထွားလာသလို ပညာရေးတွင်လည်းထည့်သွင်းပါဝင်မှုတွေ ရှိလာပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာလည်း အဲ့ဒိ အကြောင်းရင်းနှင့် သက်ရောက်မှုများကို အသိပညာဗဟုသုတများ တိုးပွားနေပါတယ်။
သို့သော် ရာသီဥတုဆန္ဒပြမှုများနှင့် လူမှုရေးလှုပ်ရှားမှုများ အားကောင်းလာသည်နှင့်အမျှ အရေးယူဆောင်ရွက်ရန် အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ဖိအားများ တိုးလာနေပါတယ် ။ ရာသီဥတုဆိုင်ရာ တရားစွဲဆိုမှု မှတစ်ဆင့် ၎င်းတို့အား တရားရုံးတွင် တာဝန်ခံနိုင်စေရန် ထည့်သွင်းတွက်ချက်ခြင်းဆိုင်ရာ သိပ္ပံပညာတွင် တိုးတက်မှုရှိလာခဲပါတယ် ။ ယခုနှစ်တွင် ပေါ်တူဂီလူငယ်များ၊ ယူကေ သဘာဝပတ်ဝန်းကျင် ပရဟိတအဖွဲ့နှင့် ဆွီဒင်တက်ကြွလှုပ်ရှားသူ Greta Thunberg တို့သည် ၎င်းတို့၏နိုင်ငံများကို တရားစွဲနိုင်ခဲ့ကြပါတယ်။
( ၂ ) နိုင်ငံအများစုသည် ကာဗွန်ထုတ်လွှတ်မှု သုံည ကို ရည်မှန်းလာကြပြီး အပူချိန်မြင့်တက်မှု ခန့်မှန်းချက်ကတော့ နည်းပါးနေပါသေးတယ်။
အစိုးရတွေကနေ စီးပွားရေး လုပ်ငန်းကြီးများသို့ ကာဗွန်ထုတ်လွှတ်မှု သုညပန်းတိုင်ဖြစ်စေရန် ညွှန်ပြားချက်တွေ ပေးနေတာကတော့ နေရာအနှံ့မှာရှိလာပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်တုန်းက ဘူတန်နိုင်ငံတစ်ခုတည်းသာ ထိုကဲ့သို့ပစ်မှတ်ထားပြီးလုပ်ဆောင်ခဲ့ပါတယ် ။
ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၈၀ ရာခိုင်နှုန်းနီးပါးကို ကိုယ်စားပြုသည့် နိုင်ငံ ၉၀ ကျော်က ၎င်းနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်နေပြီ ဖြစ်ပါတယ် ။
ကာဗွန်ကင်းစင်ရေးနဲ့ပတ်သက်တဲ့ အမြင်တွေက နိုင်ငံချင်းကြားက စီးပွားရေး လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်မှုမှာ ကမာ္ဘ့အဆင့်အနေနဲ့ ပါဝင်လာနေပါတယ် ။ ဤလျှော့ချမှုများကို ပြီးမြောက်စေရန်နှင့် ၁.၅ ဒီကရီ ကန့်သတ်ချက် အတွက်လည်း ဦးစာပေးလာပါတယ် ။ လက်ရှိနှုန်းအတိုင်း ဆိုရင်၂၁၀၀ ခုနှစ်တွင် အပူချိန်၃.၆ ကနေ ၃.၉ ဒီကရီအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားပေမဲ့ အခုတော့ အဆိုပါခန့်မှန်းချက်က ၂.၇ ဒီကရီ သို့ ကျဆင်းသွားတာကို တွေ့ရပါတယ်။
မောင်ယဿ
ကိုးကား ။ ။ ယူရိုနယူးစ်

About The Author

greenness_mm

No Comments

Leave a Reply