“ရာသီဥတုဖောက်ပြန်မှုကြောင့် ယူကေရှိ အပင်များဟာ ပျမ်းမျှအားဖြင့် တစ်လစောပြီး ပန်းပွင့်စေကာ တောရိုင်းတိရစ်ဆာန်များ၊ စိုက်ပျိုးရေးနဲ့ ဥယျာဉ်ခြံစိုက်ပျိုးသူများအတွက် လေးနက်တဲ့ အကျိုးဆက်တွေ ရှိနိုင်ပါတယ်”

“ရာသီဥတုဖောက်ပြန်မှုကြောင့် ယူကေရှိ အပင်များဟာ ပျမ်းမျှအားဖြင့် တစ်လစောပြီး ပန်းပွင့်စေကာ တောရိုင်းတိရစ်ဆာန်များ၊ စိုက်ပျိုးရေးနဲ့ ဥယျာဉ်ခြံစိုက်ပျိုးသူများအတွက် လေးနက်တဲ့ အကျိုးဆက်တွေ ရှိနိုင်ပါတယ်”

ကင်းဘရစ်ချ်တက္ကသိုလ် ပထဝီဌာနပါမောက္ခ Ulf Buntgen
————————————————————

ရာသီဥတုပြောင်းလဲမှုကြောင့် ယူကေတွင် ပန်းများ အချိန်မကျခင် စောပွင့်၊
လျင်မြန်စွာ လိုက်လျောညီထွေမှုမဖြစ်ခဲ့ပါက ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးနိုင်
ရာသီဥတုဖောက်ပြန်မှုကြောင့် ယူကေရှိ အပင်များသည် ပျမ်းမျှအားဖြင့် တစ်လစောပြီး ပန်းပွင့်စေကာ တောရိုင်းတိရစ်ဆာန်များ၊ စိုက်ပျိုးရေးနှင့် ဥယျာဉ်စိုက်ပျိုးသူများအတွက်လည်း လေးနက်သော အကျိုးဆက်များ ရှိနိုင်သည်ဟု အင်္ဂလန်ရှိ ကင်းဘရစ်ချ်တက္ကသိုလ်က ပြောကြားခဲ့ပြီး ကိန်းဘရစ်ချ်တက္ကသိုလ်မှ ဦးဆောင်သော သုတေသနအဖွဲ့သည် မှတ်တမ်းတင်ထားသော နိုင်ငံသားသိပ္ပံ ဒေတာဘေ့စ်တစ်ခုကို ၁၈ ရာစုအလယ်ပိုင်းထိ နောက်ကြောင်းပြန် လေ့လာမှုပြုလုပ်ရာတွင် လက်ရှိ ကမ်ဘာကြီးပူနွေးမှုနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဗြိတိန်ရှိ သစ်ပင်ပန်းပင်များမှာ ပုံမှန်ပွင့်ချိန်ထက် တစ္လစော၍ အပွင့်ပွင့်သည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

သုတေသီများသည် Woodland Trust မှထိန်းသိမ်းထားသော Nature’s Calendar မွ အပင်မျိုးစိတ်ပေါင်း ၄၀၀ ကျော်၏ လေ့လာဆန်းစစ်ချက် ၄၀၀,၀၀၀ ကျော်ကို အခြေခံ၍ အပင်များ အဦးဆုံး ပန်းပွင့်သည့်ရက်စွဲဲနှင့် အပူချိန်အတိုင်းအဆများကို စိစစ်လေ့လာပြီး ယူကေမှပန်းများ တစ္လစော၍ပွင့်သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၁၉၈၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပျမ်းမျှ ပထမဆုံးပန်းပွင့်သည့်ရက်သည် ၁၇၅၃ မွ ၁၉၈၆ ခုနှစ်အထိ ပျမ်းမျှ ပထမဆုံး ပန်းပွင့်သည့်ရက်ထက် တစ္လစောနေကြောင်း တွေ့ရှိခဲ့သည်။ ထိုကာလသည် လူသားမ်ား၏ လုပ်ဆောင်မှုများကြောင့် ကမ်ဘာကြီးပူနွေးလာမှု အရှိန်မြှင့်လာချိန်နှင့် တိုက်ဆိုင်နေကြောင်း ရလဒ္မ်ားကို Proceedings of the Royal Society B တွင် အစီရင်ခံခဲ့သည်။

ဤသို့ ပန်းများစော၍ပွင့်ခြင်းက ဂေဟစနစ်နှင့် စိုက်ပျုးရေးအတွက် သက်ရောက်မှုများ ရှိလာနိုင်ပြီး ရွှေ့ပြောင်းနေထိုင်းခြင်းနှင့် ဆောင်းခိုခြင်းများ ပြုလုပ်လေ့ရှိသော အျခားသောမျိုးစိတ်များအတွက်လည်း ၎င်းတို့ အချိန်ကာလသတ်မှုအတွက် အားကိုးအားထားပြုရသော ပုံမှန်ဖြစ်မဟုတ်သည့် ပန်းများနှင့် အပင်များကြောင့် အခက်အခဲများရှိလာနိုင်သည်။ ယင်းမျိုးစိတ်များအနေဖြင့် ပြောင်းလဲလာသော ဂေဟဗေဒမတူညီမှုဖြစ်စဉ်နှင့် လျင်မြန်စွာ လိုက်လျောညီထွေမှုမဖြစ်ခဲ့ပါက ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးသွားနိုင်သည်ဟု သုတေသီများက သုံးသပ်ကြသည်။ ပြောင်းလဲမှုသည် လယ်သမားများနှင့် ဥယျာဉ်စိုက်ပျိုးသူများအတွက်လည်း အကျိုးဆက်များ ရှိနိုင်သည်။ ဥပမာ- အသီးအနှံပင်များသည် ဆောင်းရာသီ ချမ်းအေးသောအချိန်၌ စောစောပန်းပွင့်ပါက အပွင့်ပွင့်ပြီးနောက် နှင်းခဲနှောင်းပိုင်းအောက် ကျရောက်ကာ အသီးအနှံများအားလုံးကို ဆုံးရှုံးနိုင်သည်ဟု ဆိုသည်။

ရာသီဥတုဖောက်ပြန်မှု လွန်ကဲသော ဖြစ်ရပ်များမှတဆင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို မြင်တွေ့နိုင်သော်လည်း ဂေဟစနစ်များပေါ်ရှိ ရာသီဥတုပြောင်းလဲမှု၏ ရေရှည်အကျိုးသက်ရောက်မှုသည် ပိုမိုသိမ်မွေ့နက်နဲသောကြောင့် ခွဲခြားသိမြင်ရန်ခက်ခဲကြောင်း လေ့လာမှုကိုဦးဆောင်သူ ကင်းဘရစ်ချ်တက္ကသိုလ်မှ ပထဝီဝင်ဌာနပါမောက္ခ Ulf Buntgen က ပြောသည်။
ရာသီဥတုပြောင်းလဲမှုက မတူကွဲပြားတဲ့မျိုးစိတ်များအပေါ် သက်ရောက်မှုဘယ်လိုရှိကြောင်းသိရဖို့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့်လိုအပ်ကြောင်း၊ သို့သော် ပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်မှာ နေရာအနည်းငယ်မှာ တစ်စိတ်တစ်ပိုင်း၊ သို့မဟုတ် လက်တစ်ဆုပ်စာသာရှိနေကြောင်းနှင့် ရာသီဥတုပြောင်းလဲမှုနှင့် ဂေဟစနစ်တစ်ခုလုံးကို အချိန် ကာလရှည် ကြည့်နိုင်ဖို့န ပိုမိုကျယ်ပြန့်သော ဒေတာများကို လိုအပ်သေးကြောင်းလည်း ၎င်းက ပြောသည်။

သိပ္ပံပညာရှင်များ၊ သဘာဝပညာရှင်များ၊ အပျော်တမ်းနှင့် ပရော်ဖက်ရှင်နယ်ဥယျာဉ်စိုက်သူများအပြင် တော်ဝင်မိုးလေဝသအဖွဲ့ကဲ့သို့သော အဖွဲ့အစည်းများက ပြုစုခဲ့သည့် ရာသီအလိုက်ပြောင်းလဲမှုမှတ်တမ်းများ ယူကေတွင်ရှိပြီး ယင်းအချက်အလက်မှတ်တမ်းများကို ၂၀၀၀ ခုနှစ်တွင် Woodland Trust သည် ဂေဟဗေဒနှင့်ဇလဗေဒဆိုင်ရာ ဗဟိုဌာနနှင့် ပူးပေါင်းကာ Nature’s Calendar တွင် စုဆောင်းထည့်သွင်းခဲ့သည်။ လက်ရှိတွင် ၁၇၃၆ ခုနှစ်အထိ နောက်ကြောင်းပြန် စုဆောင်းမှုများပြုလုပ်ခဲ့ ဒေတာအချက်အလက် ၃.၅ သန်းကို မှတ်တမ်းတင်ထားပြီဖြစ်သည်ဟု သိရသည်။

လက်ရှိလေ့လာမှုအတွက် Channel Islands မွ Shetland နှင့် မြောက်အိုင်ယာလန်မှ Suffolk အထိ သုတေသီများသည် ၁၇၅၃ နှင့် ၂၀၁၉ ခုနှစ်အကြား ယူကေရှိ ပန်းပွင့်မျိုးစိတ် ၄၀၆ မျိုးတွင် ပြောင်းလဲမှုများကို လေ့လာရန် Nature’s Calendar မွ မှတ်တမ်း လေးသိန်းကျော်ကို အသုံးပြုခဲ့ပြီး သစ်ပင်များ၊ ချုံပုတ်များ၊ ဟင်းသီးဟင်းရွက်များနှင့် တောင်တက်သမားများ၏ ပထမဆုံးပန်းပွင့်သည့်ရက်စွဲကို လေ့လာတွေ့ရှိချက်များအား အသုံးပြုခဲ့သည်။ ထို့အပြင် သုတေသီများသည် လေ့လာတွေ့ရှိချက်များကို တည်နေရာ၊ အမြင့်၊ မြို့ပြ သို့မဟုတ် ကျေးလက်ဒေသအလိုက် အမျိုးမျိုးခွဲခြားထားသလို ပထမဆုံး ပန်းပွင့်သည့်ရက်များကို လစဉ်ရာသီဥတုမှတ်တမ်းများနှင့် နှိုင်းယှဉ်ခဲ့သည်ဟု ဆိုသည်။

“ပြောင်းလဲနေတဲ့ ရာသီဥတုရဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်နိုင်စေဖို့ ကျွန်ုပ်တို့ ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်ဟု ကင်းဘရစ်ချ်တက္ကသိုလ် သတ္တဗေဒဌာနမှ တွဲဖက်ပါမောက္ခ Tim Sparks က ပြောကြားခဲ့ပြီး Nature’s Calendar သို့ မှတ်တမ်းများ ပံ့ပိုးပေးခြင်းသည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် သုတေသနလုပ်ငန်းအား လူတိုင်းပါဝင်နိုင်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

#ဖူးဖူး
Greeness
Ref-University of Cambridge,Phys.org

About The Author

greenness_mm

No Comments

Leave a Reply