ရာသီဥတုဖောက်ပြန်မှုက အမေရိကန် သမ္မတ‌ရွေးကောက်ပွဲကိုတောင် သက်ရောက်မှုရှိနေ

ရာသီဥတုဖောက်ပြန်မှုက အမေရိကန် သမ္မတ‌ရွေးကောက်ပွဲကိုတောင် သက်ရောက်မှုရှိနေ

လာမယ့် နိုဝင်ဘာလ ထဲမှာ အမေရိကန်သမ္မ‌တ ရွေးကောက်ပွဲ ရှိပါတယ်။ ဒီကနေ့ဆိုရင် စင်ပြိုင်ပါတီကြီး ၂ ခု ဖြစ်တဲ့ ရိပါပလင်ကင် နဲ့ ဒီမိုကရက်တစ်တို့က ရွေးကောက်ပွဲအတွက် သမ္မတအမည်စာရင်းသွင်းနိုင်ခဲ့ပါတယ် ။ ယခင်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ရိပါပလင်ကင်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီမိုကရက်တစ် ကနေ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ် ။
သမ္မတလောင်း ၂ယောက်ရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ အမေရိကန် နိုင်ငံရဲ့ အနာဂတ်ပုံရိပ်တွေ အများကြီးပါ နေပါတယ်။ ပြည်သူတွေကို မက်လုံးတွေပေးပြီး မဲရအောင်ဟောပြောနေကြပါတယ်။ မဲပေးပြည်သူတွေကို ဘယ်မက်လုံးတွေပေါ်မှာ ကျေနပ်အားရမှုရှိလဲ ၊ ဘယ်လိုမက်လုံးတွေကို ပိုပြီး သဘောကျသလဲလို့ မေးကြည့်တဲ့ အခါမှာတော့ သမ္မတလောင်းတွေအနေနဲ့ စီးပွားရေး ၊ ငွေကြေးဖောင်းပွမှု ( ကုန်စျေးနှုန်းကြီးမြင့်မှု ) ၊ ရာဇဝတ်မှု ၊ ကျန်းမာရေး နဲ့ ပညာရေးတို့အပေါ်မှာပဲ အဓိကထားပြီး မဲဆွယ်နေခဲ့ကြတာကို ပိုပြီးသဘောကျခဲ့ကြပါတယ်။
တိုင်းတာမှုတစ်ခုအရ သိလာတာကတော့ ပြည်သူ ၅ ရာခိုင်နှုန်းကျော်က ရာသီဥတုဖောက်ပြန်မှု နဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ပေးမယ်ဆိုပြီး ပြောတဲ့မက်လုံးတွေကို ပိုပြီး သဘောကျတယ်လို့ သိလာရပါတယ် ။ ရာသီဥတု ဖောက်ပြန်မှုက အရေးကြီးဆုံး အရာဖြစ်တယ်လို့ သူတို့က ယုံကြည်နေပါတယ်။ သုတေသနက အဲ့လိုဆိုထားပေမဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိုးရိမ်မှုတွေက ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲ နှစ်ခုမှာ မဲဆန္ဒရှင်များရဲ့ ရွေးချယ်မှုက သိသာထင်ရှားစွာ သက်ရောက်မှုရှိခဲ့ပါတယ် ။
၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထင်မြင်ယူဆချက်များကြောင့် သမ္မတဂျိုးဘိုင်ဒင် အပေါ် နှစ်သက်မှုတွေတက်လာပြီး ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် လုံလောက်သော အကျိုးသက်ရောက်မှုရရှိခဲ့တာပဲဖြစ်ပါတယ် ။ အဲ့ဒါကို ကော်လိုရာဒိုတက္ကသိုလ်ရဲ့ လူမှုနှင့် ပတ်ဝန်းကျင် အနာဂတ်ဗဟိုဌာနက စစ်တမ်းဒေတာခွဲခြမ်းစိတ်ဖြာမှုအဆုံးသတ်အ
ဖြစ် ဇန်နဝါရီ ၁၇ ရက်နေ့က ထုတ်ဝေခဲ့ပါတယ် ။
၂၀၂၀တုန်းက မဲဆန္ဒရှင်များရဲ့ ၆၇ ရာခိုင်နှုန်းက ရာသီဥတုပြောင်းလဲမှုကို “အတန်ငယ်အရေးကြီးသည်” သို့မဟုတ် “အလွန်အရေးကြီးသည်” အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၆တုန်းက ၆၂ ရာခိုင်နှုန်းကနေ တက်လာခဲ့တာပါ။ အဲ့ဒိ မဲဆန္ဒရှင်များအနက် ၇၇ ရာခိုင်နှုန်းသည် ရာသီဥတုပြောင်းလဲမှုကို အရေးကြီးတယ်လို့ အဆင့်သတ်မှတ်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဘိုင်ဒန် ကို ၆၉ မှ ၇၇ ရာခိုင်နှုန်းအထိ ထောက်ခံခဲ့ပါတယ် ။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောထားအမြင်များသည် ဒီမိုကရက်များကို ကြီးထွားလာသော ရွေးကောက်ပွဲဆိုင်ရာ အခွင့်ကောင်းများ ပေးဆောင်နေကြောင်း ညွှန်ပြနေပါတယ် ။
မတူညီသော ကိန်းဂဏန်းစံနမူနာနှစ်ခုကို အသုံးပြု၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောထားအမြင်သည် ၂၀၂၀ ခုနှစ် နိုင်ငံလုံးဆိုင်ရာ လူကြိုက်များမဲ (ဒီမိုကရက်တစ်မဲခွဲဝေမှုနှင့် ရီပတ်ဘလီကန်မဲခွဲဝေမှု) ကို ဘိုင်ဒန် သို့ ၃ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပို၍ ပြောင်းလဲသွားစေနိုင်ကြောင်း ခန့်မှန်းထားပါတယ် ။ Electoral College မော်ဒယ်ကို အသုံးပြု၍ အပြောင်းအလဲ ၃ ရာခိုင်နှုန်းက ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် လုံလောက်သွားတာပဲ ဖြစ်ပါတယ်။
မောင်ယဿ
REF : euronews

About The Author

greenness_mm

No Comments

Leave a Reply