ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ဥရောပက တကယ်ခံနေရပြီလား

ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ဥရောပက တကယ်ခံနေရပြီလား

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နော်ဝေကမ်းလွန်းမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ရုတ်တရက် မုန်တိုင်းအသွင်ကို ပြောင်းလဲသွားပြီး ဒီကနေ့မနက်မှာ နော်ဝေနိုင်ငံထဲကို ဦးတည်ပြီး ဝင်ရောက်တိုက်ခတ်ပါတော့တယ်။ တစ်နာရီ မိုင် ၁၂၀ နှုန်းနဲ့ အပြင်းအထန်ဝင်လာတာပါ ။
မုန်တိုင်းတိုက်ခတ်မှုအားက နှစ် ၃၀ ကျော်အတွင်း အပြင်းထန်ဆုံး ပါပဲ ။ ဒီနှစ်ဆောင်းတွင်းမှာ အတ္တလန်တစ် သမုဒ္ဒရာကို ဖြတ်ပြီး တိုက်ခတ်နေတဲ့ မုန်းတိုင်းတွေက အားအလွန် ကောင်းလာပြီး ခပ်စိတ်စိတ်လည်း ဖြစ်နေပါတယ်။ နော်ဝေလို နို်ငငံမျိုးက မုန်တိုင်းအဝင်နည်းတဲ့ နိုင်ငံပါ။ ၁၉၉၂ ခုနှစ်က ဟာရီကိန်းမုန်တိုင်း တစ်လုံးဝင်ပြီး နောက်မှာ လက်ရှိတိုက်နေတဲ့ အင်ဂန်းလို မုန်တိုင်းမျိုး မဝင်ဖူးသေးပါဘူး ။
နော်ဝေမိုးလေဝသပညာရှင်တွေအမည်ပေးထားတဲ့ အင်ဂန်းဟာရီကိန်းနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အနီရောင်အဆင့်သတိပေးမှု ထုတ်ပြန်ထားပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှု ၊ လမ်းပန်းအဆက်အသွယ် ပြတ်တောက်မှု နဲ့ ရေ ကြီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
၂၀၂၃ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ မုန်တိုင်း ဂျာရစ် ၊ ၂၀၂၄ ဇန်နဝါရီ ၂ ရက်နေ့မှာ မုန်တိုင်း ဟန့်ခ် ၊ ဇန်နဝါရီ ၁၉ မှာ မုန်တိုင်း အစ်ရှာ ၊ ဇန်နဝါရီ ၂၂ မှာ မုန်တိုင်း ဂျိုစီလင် နဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မုန်တိုင်း အင်ဂန်း တို့က ဒီဆောင်းရာသီမှာ ဥရောပ အနောက်ဖက်ခြမ်းကို အတ္တလန်တစ်သမုဒ္ဒရာထဲကနေ ဝင်လာတဲ့ မုန်တိုင်းတွေပါ ။
ဥရောပတောင်ပိုင်းမှာ မိုးခေါင်ရေရှား ပြဿနာနဲ့ ရင်ဆိုင်နေရချိန်မှာ ဥရောပ မြောက်ပိုင်းမှာ မုန်တိုင်းတွေ တစ်လုံးပြီး တစ်လုံး ဝင်လာနေပါတယ် ။ ဒီနှစ်ဆောင်းတွင်းမှာ တိုက်တဲ့ မုန်တိုင်းအလုံးရေ က ၁၀ လုံးတောင် ဖြစ်သွားပါပြီ။ ဗြိတိန်၊ အိုင်ယာလန်၊ နော်ဝေး၊ ဆွီဒင်နှင့် အခြားသော မုန်တိုင်းဒဏ်ခံနေရတဲ့ ဥရောပတိုက်ရှိ နိုင်ငံ အများအပြားသည် ရာသီဥတုဖောက်ပြန်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် သက်ရောက်နေပြီလို့ ပညာရှင်တွေက ထောက်ပြနေကြပါပြီ ။
အရင်က ဆောင်းရာသီတစ်ခုလုံးမှာ မုန်တိုင်း ၆ လုံးလောက်ပဲ တိုက်ပေမဲ့ ဒီနှစ်ဆောင်းကတော့ ၁၀ လုံးကျော် လာပါတယ်။ ဗြိတိန် မိုးလေဝသ ဌာနက မှတ်တမ်းတွေအရ ၂၀၁၅ နောက်ပိုင်းမှာ မုန်တိုင်း အလုံးရေက တစ်နှစ်ကို နည်းနည်း စီတိုးလာနေတယ် လို့ သိရပါတယ်။ လေတိုက်နှုန်းတွေကလည်း မိုင်၁၀၀ကျော်တွေနဲ့ တစ်ခါထက်တစ်ခါ ပိုပြီး ပြင်းထန်လာနေပါတယ်။ မုန်တိုင်းတိုက်ခတ်မှုနဲ့ ရာသီဥတုဖောက်ပြန်မှု က ပတ်သက်မှု ရှိမရှိ မသေချာသေးပေမဲ့ ရာသီဥတုပြောင်းလဲမှုက ထူးခြားလာတာကတော့ အမှန်ပါပဲ ။ ဒါကြောင့် ဥရောပက ရာသီဥတုဖောက်ပြန်မှုကို စခံနေရပြီးလားလို့မေးခွန်းထုတ်စရာ ဖြစ်နေပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply