ရာသီဥတုဖောက်ပြန်လို့ နေရပ်ကို စွန့်ရမယ်ဆိုရင်

ရာသီဥတုဖောက်ပြန်လို့ နေရပ်ကို စွန့်ရမယ်ဆိုရင်

ယူးဇီလန်ကိုသွားရောက်ပညာသင်ကြားပြီးနောက် မွေးရပ်မြေ တူဗာလူကျွန်းကို ပြန်ရောက်လာတဲ့ ကာလီတာတီတီဟိုမာစီ တစ်ယောက် ကျမရဲ့စိတ်ကို လန်းဆန်းသွားစေပါတယ် ၊ညစ်နွမ်းနေတဲ့ အတွေးတွေပျောက်သွားပြီး စိတ်စွမ်းအားတွေ ပြန်လည်ပြည့်လာတယ်လို့ ပြောပါတယ်။
တီတီ နေထိုင်တဲ့ တူဗာလူကျွန်းနိုင်ငံက ပစ္စိဖိတ်သမုဒ္ဒရာထဲက ပင်လယ်ရေမျက်နှာပြင်အထက်ပေ ဘယ်လောက် မှ မရှိတဲ့ နိုင်ငံပါ ။ ကျွန်းရဲ့ အမြင့်ဆုံးနေရာက ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ ပေပဲ ရှိပါတယ်။ လက်ရှိ ကမ္ဘာကြီး အပူချိန်မြှင့်တက်လာလို့ ပင်လယ်ရေမျက်နှာမြင့်တက်လာနေတဲ့အချိန်မှာ တူဗာလူကျွန်းတွေက ၂၀၅၀ မှာ ပင်လယ်ရေအောက်ကို ရောက်ပြီး နိုင်ငံပျောက်သွားမယ့် အန္တာရာယ် ကြုံနေရပါပြီ ။ ၂၀၂၁ ခုနှစ် သန်းခေါင်စာရင်အရ တူဗာလူမှာ လူဦးရေ ၁၂၀၀၀ နီးပါရှိပါတယ် ။
တီတီ နယူးဇီလန်ကို ကျောင်းသွားတက်ပြီး ပြန်ရောက်လာတိုင်း တူဗာလူမှာ အပြောင်းအလဲတွေ ဖြစ်ဖြစ်လာတာကို သတိထားမိနေပါတယ်။ ပထမဆုံး ပိုပူလာတာ ၊ ပြီးတော့ ကမ်းခြေတွေနည်းလာတာကို တွေ့နေရ တာပါပဲ ။ သူမ ၂၃ နှစ်အရွယ် အိမ်ပြန်လာချိန်မှာတော့ မိုးခေါင်တဲ့ နှစ်ကို ကြုံလိုက်ရတာပါပဲ ။ ပြီးတော့ သန္တာ ကျောက်တန်းတွေ အရောင်ဖျော့လာပြီး ငါးရှားပါလာလို့ အချို့က တံငါလုပ်ငန်းကိုတောင် စွန့်ခွာသွားကြတယ် ဆိုတာကို တွေ့လာရပါတယ် ။
ပြီးခဲ့တဲ့ COP28 ဒူဘိုင်းညီလာခံမှာ တူဗာလူကျွန်းလို သမုဒ္ဒရာတွေထဲက မြေနိမ့်ပိုင်းကျွန်းနိုင်ငံတွေ နိုင်ငံ ပျောက်သွားရင် ဘာလုပ်ပေးကြမယ်ဆိုတဲ့ ကတိကဝတ်တွေ ဘာမှ မကြားလိုက်ရပါဘူး ။ ကျွန်းနိုင်ငံသားတွေ အတွက် ကိုယ်စားပြောပေမဲ့ ပါးစပ်ပေါက်တွေပျောက်နေပါတယ် ။တူဗာလူလို ကျွန်းနိုင်ငံတွေကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် ဆွေးနွေးမှု မရခဲ့ပါဘူး ။ ပစိ္ဖဖိတ် သမုဒ္ဒရာထဲမှာ တူဗာလူလိုကျွန်းမျိုးတွေက ထောင်နဲ့ သောင်းနဲ့ချီပြီးရှိနေပါတယ် ။
COP ညီလာခံတွေက လေထုညစ်ညမ်းမှုဖြစ်အောင်လုပ်နေတဲ့သူတွေကို လက်တစ်ဖက်က ကာကွယ်ပေးနေသလို အခြားတစ်ဖက်က လေထုညစ်ညမ်းမှုရဲ့နောက်ဆက်တွဲ ကမ္ဘာကြီးပူနွေးလာမှု ၊ ရာသီဥတုဖောက်ပြန်မှု နဲ့ ပင်လယ်ရေမြှင့်တာလာခြင်းကြောင့် ကျွန်းနိုင်ငံတွေပျောက်ကွယ်သွားတဲ့ အခါမှာ ဂုဏ်သိက္ခာရှိစွာ ရွှေ့ပြောင်း နေထိုင်ခွင့်အတွက် ကိစ္စရပ်တွေအပေါ် လစ်လျူ ရှု နေတာကို တွေ့နေရပါတယ်။
လောလောဆယ် တူဗာလူကျွန်းသာ ရေမြုပ်သွားရင် ဩစတေးလျှနိုင်ငံက သူတို့ခေါ်တင်ထားပေမယ့် ဆိုတဲ့ သဘောတူညီချက် တံတားတစ်စင်းကိုတော့ ထိုးပေးထားပါတယ် ။ ဒါပေမဲ့ ဗစ်တိုးရီးယားတက္ကသိုလ်မှာ စာလာသင်နေတဲ့ ဇီဝဆေးသိပ္ပံကျောင်းသူ တီတီကတော့ ဩစတေးလျှကို လူတိုင်းလာချင်တာမှန်ပေမဲ့ ကျမကတော့ ကိုယ့်ကျွန်းနိုင်ငံလေးကိုပဲ ပြန်ပြီနေချင်ပါတယ် လို့ ပြောသွားပါတယ်။ ရာသီဥတုဒဏ်ခံနိုင်ရေး အစီအစဉ်တွေ နဲ့ပတ်သက်ပြီး အထိမခံနိုင်တဲ့ ကျွန်းတွေကို ဦးစားပေးလုပ်ဆောင်ချက်တွေ ထွက်လာသင့်ပါတယ် ။
“ အခု ဩစတေးလျှနဲ့ ကျမတို့ အစိုးရ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးထားပါတယ် ။ ကျမတို့ ဩစတေးလျှကိုပြောင်းရွှေ့နေထိုင်ခွင့်အတွက် ဂုဏ်သိက္ခာရှိတဲ့ ပြောင်းရွှေ့ခွင့် မြေပြင်မှာ ရနိုင်ပါ့မလား ။ မယုံရင်ကျွန်းပေါ်မှာ လက်ရှိနေထိုင်နေတဲ့သူတွေကို လိုက်မေးလို့ ရတယ် ။ ဩစတေးလျှကိုပြောင်းနေမလားလို့ ။ သူတို့အတွက် ခက်ခဲနေတာကို တွေ့ရလိမ့်မယ် ။ သံယောဇဉ်ဆိုတာ တကယ်ရှိပါတယ် ။ ပြောင်းဖို့အတွက် သူတို့ကိုရှင်းပြပါ ။ သူတို့ ဘယ်လောက်ခေါင်းမာတယ်ဆိုတာကို တွေ့ရပါလိမ့်မယ် ။ သူတို့ မြေမှာ သူတို့
အသေခံသွားပါလိမ့်မယ်” လို့ပြောသွားပါတယ်။
“ ဩစတေးလျှကတော့အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ကျွန်းနိုင်ငံတွေကို ရေကြီးပြီးကျွန်းမြုပ်လာမယ်ဆိုရင် ဩစတေးလျှမှာနေထိုင်ဖို့အတွက် သူတို့ငွေ ၁၇ သန်းသုံးဖို့ပြင်ဆင်ထားပါတယ် ။ တူဗလူသားတွေအတွက် လည်း အထူးဗီဇာတွေ ထုတ်ပေးမယ်လို့ပြောပါတယ်။
ဩစတေးလျှမှာ နေထိုင်ဖို့ ၊ အလုပ်လုပ်ဖို့ နဲ့ ပညာသင်ကြားဖို့ အတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားပေမဲ့ ဘယ် သဘောတူညီချက်မှ
ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး ။ ဒါတွေကဖြစ်သင့်တဲ့နေရာအတွက် လမ်းကြောင်းမှန်တစ်ခုဆိုပေမဲ့ လုံလောက်တဲ့အကြောင်း မဟုတ်တာကတော့ သေချာပါတယ်”
““ရွှေ့ပြောင်းခြင်းဆိုတာ စကားလုံးပဲရှိပါတယ် ။ နေရာပြောင်းနေဖို့အတွက် ပြောထားတာက တကယ်တော့ မရှိပါဘူး။ အကာအကွယ်ရှိပါတယ်ဆိုတဲ့ ခိုလှုံခွင့်ဆိုတဲ့ စကားလုံးမရှိပါ။ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာရှိတဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် ရွေ့လျားသွားလာနေထိုင်ခွင့်ရှိတယ်ဆိုတာ လက်တွေ့မှာ မရှိပါဘူး”လို့ ဆိုသွားပါတယ်။
ရာသီဥတုဖောက်ပြန်မှုကြောင့် လူတွေ အစုလိုက် အပြုံလိုက်ရွှေ့ပြောင်းရမယ်ဆိုရင် လူ့ဘောင်ပြိုလဲခြင်းဆိုတဲ့ အစတစ်စကို ဆွဲထုတ်လိုက်တာပါပဲ ဖြစ်ပါတယ်။ လိုက်လျော်ညီထွေဖြစ်မှုကို တည့်စိန်ခေါ်လိုက်တဲ့ ကိစ္စလည်းဖြစ်နေပါတယ်။ COP 28 မှာ အဲ့ဒိကိစ္စကို ဆွေးနွေးပွဲထဲကို မထည့်သွားတာကအတော်လေးကို လူသားမဆန်တဲ့ ကိစ္စရပ်ပဲဖြစ်နေပါတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
မောင်ယဿ
REF: EUronews

About The Author

greenness_mm

No Comments

Leave a Reply