ရွှေ့ပြောင်းတွေကို စစ်ပွဲထက် ပိုကြောက်ရတယ်လို့ စစ်တမ်းတစ်ခုက ဆို

ရွှေ့ပြောင်းတွေကို စစ်ပွဲထက် ပိုကြောက်ရတယ်လို့ စစ်တမ်းတစ်ခုက ဆို

မကြာခင်ကျင်းပမယ့် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ မြူးနစ်ညီလာခံအတွက် အကြိုစစ်တမ်းတစ်ခုကို ပြုလုပ်တဲ့ နေရာမှာ စက်မှုထိပ်သီး ၇ နိုင်ငံအပြင် ဘရာဇီး ၊ အိန္ဒိယ ၊ တရုတ် နဲ့ တောင်အာဖရိကတို့မှ လူ ၁၂၀၀၀ တို့ကို မေးမြန်းမှု ပြုလုပ်ခဲ့ပါတယ် ။
ကမ္ဘာ့လုံခြုံရေးဆိုင်ရာ မေးခွန်း ၃၂ ခုကို ဖြေခိုင်းရာမှာ အများဆုံး တူညီတဲ့ အဖြေတစ်ခုကတော့ ရုရှားနိုင်ငံရဲ့ ရန်လိုမှုကြောင့် ဖြစ်လာမယ့် စစ်ပွဲထက် ‌ရာသီဥတု အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာမယ့် ရွှေ့ပြောင်းတွေရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်မှုအရှိဆုံး ဆိုတဲ့ အဖြေတစ်ခုပေါ်ထွက်လာပါတယ်။
လာမယ့် သောကြာနေ့မှာ ဂျာမဏီနိုင်ငံမြူးနစ်မြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့ထိပ်တန်း နိုင်ငံများက နိုင်ငံရေးနဲ့ ကာကွယ်ရေး အဆင့်မြင့် အရာရှိတွေ တွေ့ဆုံဆွေးနွေးပွဲအကြို လုပ်တဲ့စစ်တမ်းဖြစ်ပါတယ် ။ အဲ့ဒိ စစ်တမ်းကို တနင်္လာနေ့ကတည်းက ထုတ်ပြန်ထားတာပါ။ မြူးနစ်လုံခြုံရေးညီလာခံ (MSC ) ဆွေးနွေးပွဲမှာ ကမ္ဘာ့လုံခြုံရေးနဲ့ ပတ်သက်လာရင် စစ်ပွဲတွေထက် ရာသီဥတုဖောက်ပြန်မှုကို ဇောင်းပေး ဆွေးနွေးစေချင်လို့ အဲ့ဒိစစ်တမ်းကို လုပ်ခဲ့တာပဲ ဖြစ်ပါတယ် ။
အီတလီနိုင်ငံဆိုရင် တောမီး နဲ့ ရာသီဥတု အစွန်းရောက်မှု ခြိမ်းခြောက်ခံနေရပါတယ်။ ရာသီဥတုပြောင်းလဲမှုက ဒေသခံတွေနေထိုင်လို့မရအောင် တဖြည်းဖြည်းနဲ့ ဖျက်ဆီးပစ်နေပါတယ်။ အဲ့လိုပဲ ပြင်သစ်မှာလည်း ရာသီဥတု ဖောက်ပြန်မှုတွေကို ကြုံတွေ့နေရပါတယ် ။ ဥရောပ တောင်ပိုင်းနိုင်ငံ တော်တော်များများက ရာသီဥတု ဖောက်ပြန်မှုကို တော်တော်ကြီးကိုခံစားနေရပါတယ်။ ကမာ္ဘပေါ်မှာ အမေရိကန်ပြီးရင် ရွှေ့ပြောင်း အများဆုံး လက်ခံထားတဲ့ ဂျာမဏီနိုင်ငံမှာ ရွှေ့ပြောင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာပေါင်းများစွာကို လက်ခံ ဖြေရှင်းနေရပါတယ် ။ ဂျာမန်သားတွေက တဖြည်းဖြည်းနဲ့ နယ်မြို့တွေဆီကိုပြောင်းပြေးလာရတဲ့အထိ ဖြစ်နေပါတယ် ။
မေးခွန်း ၃၂ ခုထဲမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မေးခွန်း ၃ ခုပါပါတယ်။ ဂျီဆဲဗင်း နိုင်ငံတွေအပြင် ကျန်တဲ့ နိုင်ငံတွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခက်အခဲ ၃ ခုမှာ ၁ ခုက မဖြစ်မနေပါနေပါတယ် ။ သူတို့ရဲ့ စိုးရိမ်မှုက သက်မှတ်ထားတဲ့ ညွှန်ကိန်းကိုကျော်နေပါတယ်။ ရာသီဥတုပြောင်းလဲမှုက သူတို့အတွက် ကြီးမား‌သောစိန်ခေါ်မှု တစ်ရပ်ဖြစ်နေတယ်လို့လည်း ‌ဖော်ပြကြပါတယ် ။
“အန္တရာယ်ဆိုင်ရာ သဘောထားအမြင်များတွင် များပြားစွာကွဲပြားသော်လည်း၊ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံသားများက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ပြင်းထန်သော စိုးရိမ်ပူပန်မှုများကို ဆက်လက် မျှဝေနေကြပါတယ် ” လို့ စစ်တမ်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာရေးသားသူများက ဆိုကြပါတယ်။
လုံခြုံရေးအညွှန်းကိန်း စစ်တမ်းရဲ့ အပြင်ဘက်တွင် “Lose-Lose” ဟူသော ခေါင်းစဉ်ဖြင့် ပူးတွဲပါရှိသော MSC အစီရင်ခံစာမှာ ရာသီဥတုပြဿနာများကို ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ပါရှိပါတယ်။
ရာသီဥတုနှင့် လိုက်လျောညီထွေမှု တိုးလာခြင်းကြောင့် ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေး ပန်းတိုင်များသည် အစိမ်းရောင် ပန်းတိုင်များကို ရှေ့သို့ အရောက်လှမ်းနိုင်သော်လည်း၊ အမျိုးသားရေး မျှော်မှန်းချက်များသည် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေနိုင်တယ်လို့ စာရေးသူက ဆိုပါတယ်။
“နိုင်ငံတွေက သူတို့ရဲ့ အောင်မြင်မှုကို တခြားသူတွေနဲ့ ဆက်စပ်လို့ ပိုပိုပြီး အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ တွေးခေါ်မှု၊ ချမ်းသာမှု ဆုံးရှုံးမှုတွေနဲ့ ကြီးထွားလာတဲ့ ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ရုတ်သိမ်းဖို့ဖြစ်လာပြီး သဘာဝပတ်ဝန်းကျင်ကလည်း လူသားတွေကိုပြန်ပြီးတော့ ခြိမ်းခြောက်တာနဲ့ သံသရာ လည်နေပါတယ်” လို့ ရေးထားပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply