ရွှေ့ပြောင်းမျိုးစိတ် ၅ စိတ်မှာ မျိုးစိတ်တစ်ခုက မျိုးတုန်းသွားနိုင်တယ်လို့ ကုလ ဆိုပြီ

ရွှေ့ပြောင်းမျိုးစိတ် ၅ စိတ်မှာ မျိုးစိတ်တစ်ခုက မျိုးတုန်းသွားနိုင်တယ်လို့ ကုလ ဆိုပြီ

ရွှေ့ပြောင်းနေထိုင်သော တိရစ္ဆာန်များသည် ပတ်ဝန်းကျင်ပြောင်းလဲမှု၏ အညွှန်းများအဖြစ် လုပ်ဆောင် သော်လည်း ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ ရှုပ်ထွေးသောဂေဟစနစ်များကို ထိန်းသိမ်းရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
နှစ်စဉ် သန်းပေါင်းများစွာသော တိရိစ္ဆာန်များသည် ကုန်းမြေ၊ ပင်လယ်နှင့် ကောင်းကင်များကို ဖြတ်၍ ရွှေ့ပြောင်းသွားလာကြသည်။ နိုင်ငံများနှင့် တိုက်ကြီးများကို ဖြတ်ကျော်ကာ အချို့သည် အစာရှာဖွေရန်နှင့် မျိုးပွားရန် ကမ္ဘာတဝှမ်း ကီလိုမီတာ ထောင်နှင့်ချီ၍ ခရီးသွားကြသည်။
သို့သော် ယခုအချိန်အထိ ဤတိရစ္ဆာန်များ၏ ထိန်းသိမ်းစောင့်ရှောက်ရေးအခြေအနေ သို့မဟုတ် ဦးရေ လမ်းကြောင်းများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အချက်အလက်မတွေ့ရှိရသေးပါ။
ပထမဆုံးအကြိမ်အဖြစ်၊ ယခု သူတို့ရင်ဆိုင်ရမည့် အန္တရာယ်များအကြောင်း ခိုင်လုံသော အထောက်အထားများ ရှိနေပြီဖြစ်သည်။
ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ သဘောတူစာချုပ် (UN Biodiversity Treaty) အရ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေးဆိုင်ရာ သဘောတူစာချုပ် (CMS) အရ နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှု လိုအပ်ကြောင်း အသိအမှတ်ပြုထားသော တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၁၈၉ မျိုး အပေါ် အာရုံစိုက်ထားသည့် အစီရင်ခံစာကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အတွင်း၊ စတပ်ပေး လင်ယုန် ၊ အီဂျစ်လင်းတနှင့် တောကုလားအုတ်တို့အပါအဝင် ရွှေ့ပြောင်းနေထိုင်သည့် တိရစ္ဆာန် ၇၀ တို့သည် မျိုးသုဉ်းလုနီးပါး ဖြစ်လာသည်။
စိုးရိမ်စရာအကောင်းဆုံးမှာ ငါးမန်းနှင့် ရေးစ် ငါး များ အပါအဝင် စာရင်းဝင် ငါးမျိုးစိတ်အားလုံးနီးပါး၏ ဦးရေသည် ၁၉၇၀ ခုနှစ်များကတည်းက ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အချို့သော ရွှေ့ပြောင်းမျိုးစိတ်များ တိုးတက်လာသော်လည်း ထက်ဝက်နီးပါး (၄၄ ရာခိုင်နှုန်း) သည် ဦးရေ ကျဆင်းမှုကို ပြသနေကြောင်း တွေ့ရှိရသည်။ CMS စာရင်းသွင်းထားသော မျိုးစိတ်ငါးမျိုးတွင် တစ်ခုထက်ပို၍ မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရသည်။
ရွှေ့ပြောင်းနေထိုင်သော တိရစ္ဆာန်များအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု နှစ်ခုမှာ လူသားများ၏ လုပ်ဆောင်မှု များကြောင့် ဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတွင် မီးမောင်းထိုးပြထားသည်။ မျိုးစိတ်လေးခုတွင် သုံးခုသည် နေထိုင်ရာနေရာ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်းနှင့် အကွဲကွဲအပြားပြား ဖြစ်ခြင်းတို့ကြောင့် ဖြစ်သည် ။ မျိုးစိတ်၁၀ ခု တွင် ၇ ခုက ရှားပါး တောရိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးခြင်းနှင့် မတော်တဆ ဖမ်းဆီးခြင်း အပါအဝင် အလွန်အကျွံ အမြတ်ထုတ်မှုဖြင့် ခြိမ်းခြောက်ခံနေရသည်။
ဤကိန်းဂဏာန်းများသည် ကုလသမဂ္ဂပဋိညာဉ်အရ စာရင်းသွင်းထားသော မျိုးစိတ်များအတွက်သာဖြစ်ပြီး နောက်ထပ် ၃၉၉ မျိုးစိတ်များသည် ရွှေ့ပြောင်းနေထိုင်ရန် ခြိမ်းခြောက်ခံနေရသည် သို့မဟုတ် မျိုးသုဉ်းလုနီးပါး ခြိမ်းခြောက်ခံနေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply