လေထုညစ်ညမ်းတဲ့ ဒေသတွေမှာ ယောက်ျားလေးတွေ ပိုမွေးတယ်ဆိုပဲ

လေထုညစ်ညမ်းတဲ့ ဒေသတွေမှာ ယောက်ျားလေးတွေ ပိုမွေးတယ်ဆိုပဲ

ကြာသပတေးနေ့ ထုတ် PLOS Computational Biology ဂျာနယ်က ဆောင်းပါးတစ်ခုရဲ့ ဖော်ပြချက်အရ လေထုညစ်ညမ်းမှုက ကိုယ်ဝန်ဆောင်သည်တွေ မီးဖွားခြင်းအပေါ်ကို သက်ရောက်မှုရှိတဲ့အပြင် ရင်သွေးငယ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စမှာလည်း ဆက်စပ်မှု ရှိနေတယ်လို့ လေ့လာမှုတစ်ရပ်အဆိုအရ သိရပါတယ်။

ချီဂါဂို တက္ကသိုလ် လူသားမျိုးရိုးဗီဇနဲ့ ဆေးပညာဌာန ကပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ သူတို့ က အမေရိကန်နဲ့ ဆွီဒင်နိုင်ငံမှာ လေထုညစ်ညမ်းမှုရှိတဲ့ ဒေသတွေက လူ ၆သန်းကျော်ကို စစ်ဆေးခဲ့ပါတယ်။ အဲ့ဒိဒေသက လေထုနဲ့ ရေထုမှာ ပိုလီ ကလိုရီနိတ်ဘိုင်ဖီနော် ( PCBs ) ဓာတ်တွေ ပါဝင်မှု မြင့်မားနေပါတယ်။ သူတို့ရဲ့ လေ့လာမှုအရ PBCs ဓာတ်တွေ မြင့်တဲ့ ဒေသတွေက PCBs နည်းတဲ့ ဒေသတွေနဲ့ နှိုင်းယှဉ်ရင် ယောက်ျားလေးတွေကို ပိုမွေးတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

အဲ့ဒါအပြင်လေထဲမှာ အလူမီနီယံ ၊ခရိုမီယံ ၊ အာဆင်းနစ် နဲ့ မာကျူရီ တွေ များနေရင်လည်း ယောက်ျားလေး တွေကို ပိုမွေးတယ်လို့ သိခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထက် ထူးခြားချက်တစ်ခုကိုတွေ့ခဲ့ရတာက မြေကြီးထဲမှာ သံဓာတ်နဲ့ ခဲဓာတ်များတဲ့ အရပ်ဒေသတွေမှတော့ မိန်းကလေး အမွေးများတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ရ

ရာသီဥတု ဆိုးဝါးတာတွေ သာယာတာတွေ ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကတော့ သန္ဓေသားတွေရဲ့ လိင်ပိုင်းဆိုင်ရာမျိုးရိုးဗီဇအပေါ် သက်ရောက်ခြင်း မရှိပါဘူး ။ အစိုးရ တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု နဲ့ သန္ဓေသား ဗီဇပြောင်းလဲနိုင်မှုကို ဂရုစိုက်ပြီး လေ့လာသင့်ပြီလို့ လေ့လာရေးအဖွဲ့ က ဆိုပါတယ်။ အကြောင်းကတော့ မျိုးတုန်းခြင်း ဖြစ်စဉ်မှာ အထိအမ အချိုး ကွာဟချက်ကြီးမားလာရင် ဖြစ်တတ်တဲ့အတွက်ကြောင့် နဲ့ အခြား တိုင်းပြည်လုပ်ငန်းစဉ်တွေ ထိခိုက်လာမှု ဖြစ်စေတတ်တဲ့ အတွက်ကြောင့်ပါပဲ ။

မောင်ယဿ ( ဒီဇင်ဘာ ၃ )

REF: UPI

Photo : UPI

About The Author

greenness_mm

No Comments

Leave a Reply