လောင်စာဆီ အမတော်ကြေးဖြတ်တောက်မှုကြောင့် လယ်သမားတွေက ဘာလင်မြို့ပေါ်ထိတက်ပြီး ဆန္ဒပြ

လောင်စာဆီ အမတော်ကြေးဖြတ်တောက်မှုကြောင့် လယ်သမားတွေက ဘာလင်မြို့ပေါ်ထိတက်ပြီး ဆန္ဒပြ

ဂျာမနီနိုင်ငံတစ်ဝှမ်းမှ လယ်သမားများသည် ၎င်းတို့၏ လယ်ထွန်စက်များကို ဘာလင်မြို့လယ်တွင် မောင်းနှင်ကာ ၎င်းတို့ကို ထိခိုက်စေမည့် ဘတ်ဂျက်ဖြတ်တောက်မည့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ။ လယ်သမား ၃၀၀၀ ခန့်သည် ရာနှင့်ချီသော လယ်ထွန်စက်များပေါ်တွင် တက်ရောက်ကြပြီး အထင်ကရ ဘရန်ဒန်ဘာ့ဂ်ဂိတ် အနီးတဝိုက်တွင် စုရုံးပြီး ဆန္ဒပြနေတဲ့အတွက်ကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားသွားပါတယ် ။
လယ်သမားများက ၎င်းတို့လက်ရှိခံစားနေကြရသော အခွန်အခွင့်အရေးများနှင့် ထောက်ပံ့ကြေးများကို ဖြတ်တောက်ရန်ကြိုးစားနေတဲ့ အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခြင်းဖြစ် ပါတယ် ။ ရာသီဥတုဖောက်ပြန်မှု ဒဏ်ကို ခံစားနေရတဲ့ လယ်သမားတွေကို ကာကွယ်ဖို့ အစိုးရက ကူညီသင့်တယ်လို့ ၎င်းတို့က ပြောပါတယ်။
အစိုးရရဲ့ အစီအစဉ်အရ လယ်သမားများအနေနဲ့ လယ်ယာ စိုက်ပျိုးနေစဉ်အတွင်း အသုံးပြုသည့် ဒီဇယ်ဆီ အတွက် အခွန် ဖြတ်တောက်ခြင်း မပြုဘဲ ကျန်တဲ့ လယ်ယာသုံးမော်တော်ယာဉ်များအတွက် ကားခွန် ကင်းလွတ်ခွင့်မပေးတော့ဘူးလို့ သိရပါတယ် ။
ဆိုရှယ်ဒီမိုကရက်များ (SPD)၊ Free Democrats (FDP) နှင့် Greens တို့ ပါဝင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့သည် ဘတ်ဂျက်ဖြတ်တောက်မှုကို ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့ပါတယ် ။ သို့သော်လည်း စီးပွားရေး လိုလား သော FDP က ညွန့်ပေါင်းအဖွဲ့၏ သဘောတူညီချက်တွင် အက်ကြောင်းများကို အချက်ပြပြီး အခွန်ဖြတ် တောက်မည့် အစီအစဉ်များကို ဗီတိုအာဏာသုံးမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ် ။
အစိမ်းရောင် ပါတီမှ ဒု-အဓိပတိ Robert Habeck က ပြီးခဲ့သည့် သီတင်းပတ်က ဘတ်ဂျက်သဘောတူညီချက်ကို ခွဲထုတ်ခြင်း မပြုရန် သတိပေးခဲ့ပြီး စီစဉ်ထားသော ဖြတ်တောက်မှုများကို နောက်ပြန်လှည့်လိုသူ မည်သူမဆို အားလုံး လက်ခံနိုင်သော ဘဏ္ဍာငွေရရှိစေမည့် နည်းလမ်းကို ရှာဖွေရမည်ဟု ပြောကြားခဲ့ပါတယ် ။
Habeck ၏စီးပွားရေးဝန်ကြီးဌာနသည် ဘတ်ဂျက်သဘောတူညီချက်၏ အခြားကဏ္ဍတစ်ခုနှင့် ပတ်သက်၍ အုပ်ချုပ်ရေးညွန့်ပေါင်းအဖွဲ့အတွင်းမှ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ မူလက လာမည့်နှစ်ကုန်အထိ ဆက်လက်တည်ရှိနေမည့် လျှပ်စစ်ကားအသစ်များ ဝယ်ယူမှုအတွက် ထောက်ပံ့ကြေးများ ရုတ်တရက် ရပ်တန့်သွားခြင်း ဖြစ်ပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply