သတင်းအချက်အလက် အပြန်အလှန်ချိပ်ဆက်မှု မရှိဘူးဆိုရင် အီးဗွီရဲ့ အနာဂတ်က အလားအလာ ကောင်းနိုင်စရာမရှိဘူး

သတင်းအချက်အလက် အပြန်အလှန်ချိပ်ဆက်မှု မရှိဘူးဆိုရင် အီးဗွီရဲ့ အနာဂတ်က အလားအလာ ကောင်းနိုင်စရာမရှိဘူး

EV များသည် ယခင်ကထက် ပိုမိုချိတ်ဆက်လာသည်နှင့်အမျှ၊ တည်နေရာ၊ မောင်းနှင်မှုအလေ့အထနှင့် ကိုယ်ရေးကိုယ်တာ နှစ်သက်မှုများနှင့် သက်ဆိုင်သည့် အထိခိုက်မခံသည့်ဒေတာများ- အပေးအယူခံရခြင်း သို့မဟုတ် အလွဲသုံးစားလုပ်ခံရခြင်းတို့ ဖြစ်လာနိုင်ခြေရှိပါတယ်။ Ruby က EV စွမ်းဆောင်ရည်ကို ပိုကောင်းအောင်လုပ်ဆောင်ရန်နှင့် privacy ဆိုင်ရာစိုးရိမ်မှုများကို ဆန့်ကျင်သည့် grid ပေါင်းစည်းရန် ဒေတာလိုအပ်ချက်ကို ချိန်ညှိရန် မရှိမဖြစ်လိုအပ်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။
စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် သတင်းထောက် Marta Pacheco ။ ။ ဒေတာမျှဝေခြင်းနဲ့ ပတ်သက်လို့ အတွေ့အကြုံကို ဘယ်လို မြှင့်တင်ပေးနိုင်တယ်ဆိုတာကို ယာဉ်မောင်းအနည်းငယ်ကသာ နားလည်ပါတယ် ၊ အဲ့ဒါက ဘာအကျိုးကျေးဇူးတွေပေးပါလဲ။
Kristian Ruby ။ ။ လာမည့်နှစ်တွေမှာ ကျနော်တို့က ရွေ့လျားသွားလာမှုနဲ့ ပတ်သက်ပြီး အရှိန်အဟုန်မြင့်တဲ့ အသွင်ကူးပြောင်းမှုတွေ လုပ်သွားရမှာပါ ။ ၂၀၃၀ ရောက်ရင် ကျနော်တို့က လမ်းတွေပေါ်မှာ လျှပ်စစ်ကား ၇၅ သန်းခန့်ရောက်နေမယ်လို့ မျှော်မှန်းထားပါတယ် ။
အဲ့ဒိအတွက် အားသွင်းဖို့ အခြေခံအဆောက်အအုံတွေ အဆင်သင့်ဖြစ်ရန် လိုအပ်ပါတယ် ။ အားသွင်းအခြေခံအဆောက်အအုံရဲ့နောက်ကွယ်မှာ လျှပ်စစ်ဓာတ်အားလိုင်း ကို အဆင်သင့်ဖြစ်ထားဖို့ လိုအပ်ပြီး လူတွေက ကားတွေအသုံးပြုနေချိန်မှာ ဒါတွေ အရန်သင့် ဖြစ်နေဖို့ လိုကို လိုအပ်နေပါတယ်။
ကားတွေရဲ့ စွမ်းဆောင်ရည်၊ ဘက်ထရီပေါ်ရှိ အားသွင်းမှုအဆင့်၊ လမ်းကြောင်းစသည်ဖြင့် ပိုမိုကောင်းမွန်သော အချက်အလက်ဖလှယ်မှုသည် အားသွင်းပွိုင့်အော်ပရေတာများရဲ့ လုပ်ပုံကိုင်ပုံကို နားလည်သဘောပေါက်စေပြီး ဖြန့်ဖြူးရေးစနစ်အော်ပရေတာများမှ လိုအပ်သည့်နေရာများကို ရှာဖွေရန် ကူညီပေးနိုင်ပါတယ် ။ အားသွင်း ပရို အော်ပရေတာတွေဆီမှာရှိတဲ့ ဒေတာတွေက EV ယာဉ်မောင်းများအား ၎င်းတို့သွားလိုသည့်နေရာနှင့် အားသွင်းခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များချရာတွင် ကူညီပေးနိုင်ပါတယ်။
Marta Pacheco ။ ။ ဥရောပကိုဖြတ်ပြီး မောင်းနှင်ဖို့ စီစဉ်နေတဲ့ ယာဉ်မောင်းများအတွက် အားသွင်းစခန်းများ ဖွံ့ဖြိုးဆဲအခြေအနေမှာ ယာဉ်မောင်းတွေက လမ်းကြောင်းတွေပေါ်မှာ ပြန်လည်အားဖြည့်သွင်း ခြင်းက အားကိုးလို့ရနိုင်ပါသလား။
Kristian Ruby ။ ။ သတင်းကောင်းကတော့ အီးဗွီတွေအတွက် အားသွင်းချိန်က အရင်နှစ်တွေထက်စာရင် ၁၀ ဆ လောက်ပိုမြန်မြန်သွင်းလာနိုင်တာပါပဲ ။ အားသွင်းချိန်အများကြီး တိုသွားတာပါပဲ ။ သတင်းဆိုးကတော့ အားသွင်း တဲ့ အခြေခံအဆောက်အအုံတွေက အဖွဲ့ဝင်နိုင်ငံတွေမှာ တညီတညွတ်တည်းဖြစ်အောင် လုပ်မရ သေးတာပါပဲ ။ စနစ်က ပိတ်နေဆဲဖြစ်နေတာပါပဲ ။ ခရီးသည်တင်ကားအားလုံးအတွက် စံနှုန်းအဖြစ် e-mobility ကို ဦးတည် ရွေ့လျားလာတဲ့အခါမှာ အပြန်အလှန် လည်ပတ်နိုင်မှုအတွက် ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခု ကိုလည်း တီထွင်ဖို့ လိုပါတယ်။
ငွေရှာဖို့နဲ့ အားသွင်းခြင်းဆိုင်ရာ အခြေခံအဆောက်အအုံကို ပိုင်ဆိုင်ရန် အခွင့်အလမ်းကောင်းများ ရှိတဲ့ စီးပွားရေးလုပ်ငန်းကောင်းတစ်ခု လည်ပတ်ရန် အခွင့်အလမ်းကိုလည်း ဖန်တီးပေးဖို့ လိုအပ်ပါတယ် ။ ဒါဆိုရင် ယာဉ်မောင်းတွေအတွက် အားကိုးလို့ရတဲ့ အားသွင်းတဲ့ အဆောက်အအုံတွေ ဖြစ်လာမှာပါ ။
Marta Pacheco ။ ။ ဒေတာအပြည့်အ၀ အပြန်အလှန် လုပ်ဆောင်နိုင်မှု ရရှိဖို့ EV ကဏ္ဍမှာ အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာများဖြစ်မယ်ထင်လဲ ။
Kristian Ruby ။ ။ ပထမဦးဆုံး ကျနော်တို့က ဘယ်လို အကောင်အထည်ဖော်ရမယ်ဆိုတာကို အာရုံစိုက် ထားသင့် ပါတယ် ။ အီးယူက ကားဘက်ထရီနှင့်စပ်လျဉ်းတဲ့ ဥပဒေတွေ ၊ အမျိုးအစားတွေ ၊ စံသက်မှတ်ချက်တွေ ကို အများကြီး တီထွင်ထားတာရှိပါတယ် ။ အဲဒါကို လူတိုင်းလိုက်နာဖို့က အရေးကြီးတဲ့ ပထမခြေလှမ်းတစ်ခုပါပဲ ။
ဒုတိယအချက်ကတော့ သတ်မှတ်ထားသော နေရာအတော်များများမှာ စက်မှုလုပ်ငန်းစံနှုန်းများ ဖွံ့ဖြိုး တိုးတက် ရန် လိုအပ်ပါတယ် ။ ဥပမာအားဖြင့် ကားထုတ်လုပ်သူများအတွက် စံသတ်မှတ်ထားသော ဆက်သွယ်ရေး ပရိုတိုကောများ တည်ထောင်ခြင်း၊ အားသွင်းရန်အတွက် roaming ကွန်ရက်များ ပြုလုပ်ခြင်း တို့ပါပဲ ။ အဲ့ဒါအပြင် မဟာဗျူဟာကျတဲ့နည်းပညာများအနေနဲ့ အပူချိန်ပြတဲ့ မြေပုံတွေ ၊ စမတ်ဂရစ် ပေါင်းစည်းမှုနဲ့ ဒေတာ silos များကို ဖြိုခွဲရန် ဘုံပလက်ဖောင်းများလည်း လုပ်ထားဖို့ လိုအပ်ပါတယ်။
မောင်ယဿ- ဘာသာပြန်သည်၊
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply