သတိပြုဖို့လိုလာပြီဖြစ်တဲ့ မက်စ် အန္တရာယ်

သတိပြုဖို့လိုလာပြီဖြစ်တဲ့ မက်စ် အန္တရာယ်

သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာပြန်အစီအစဉ်
ကျနော်တို့ ကမ္ဘာကြီးရဲ့ ၄ပုံ ၃ပုံက ပင်လယ် သမုဒ္ဒရာ နဲ့ မြစ်ချောင်းအင်အိုင် နေရာတွေချည်းပါပဲ ။ အဲ့ဒိရေချိုရေငံတွေပေါ်မှာ မှီတင်းပြီး လူသားတွေအသက်ရှင်နေထိုင်နေကြတာပါ။ အဲ့ဒိ ရေပြင်တွေကို လူသားတွေက အမှိုက်တွေ စွန့်ပစ်ပြီး ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဖန်တီးနေကြပါတယ်။
သုတေသနသမားတွေက ပင်လယ်ရေအောက်ထိသွားပြီး လူသားတွေ စွန့်ပစ်လိုက်တဲ့ ပလက်စတစ် အမှိုက်တွေနဲ့ စားသောက်စရာထုတ်ပိုးတဲ့ပစ္စည်းတွေ ကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ ပလက်စတစ်တွေနဲ့ ဖော့ဗူးခွံတွေကိုလေ့လာရင် သူတို့ သတိထားသွားမိတာက ပင်လယ်ရေအောက်အထိ ရောက်လာတဲ့ အမှိုက် အမယ်သစ်တစ်ခုက မက်စ်တွေဖြစ်နေတာပါပဲ။
အိုးရှင်းအာရှလို့ခေါ်တဲ့ ဟောင်ကောင်အခြေစိုက် အဏ္ဏဝါထိန်းသိမ်းရေးအဖွဲ့ရဲ့ မှတ်တမ်းအရ လက်ရှိ ကမ္ဘာပေါ်မှာ ထုတ်ပြီးသုံးနေတဲ့ မက်စ်အရေအတွက်က ၅၂ ဘီလီယံ ကျော်နေပြီလို့ ဆိုပါတယ်။ ၂၀၂၀ မှာ လူတွေအသုံးပြုပြီးစွန့်ပစ်လိုက်တဲ့ မက်စ် သန်း ၁၅၀၀ ကျော်က အမှိုက်အဖြစ်နဲ့ ပင်လယ်အောက်ကို ရောက်လာနေပါပြီ။ ပိုလီပရိုပိုင်လင်းနဲ့လုပ်ထားတဲ့ မက်စ်တွေ လုံးဝပျက်စီးဖို့ ဆိုရင် နှစ် ၄၅၀ စောင့်ရပါမယ်။
အဲ့လိုပျက်စီးသွားရင်လည်း မိုက်ခရို ပလက်စတစ်တွေက ငါးတွေနဲ့ ရေနေသတ္တဝါတွေရဲ့ အစာချေ လမ်းကြောင်း ထဲကို ရောက်သွားပြီး သူတို့ရဲ့ ကိုယ်ထဲမှာ မပျက်စီးပဲ တည်ရှိနေမှာပါ။ အစာကွင်းဆက် သဘောအရ အဲ့ဒိငါးတွေကို စားတဲ့ လူတွေဆီကို မိုက်ခရိုပလက်စတစ်ရောက်လာပြီး သွေးကြောတွေထဲမှာ ပိတ်ဆို့မှု ဖြစ်ကာ နလုံးရောဂါကနေစပြီး အမျိုးမျိုးသော ရောဂါဘယတွေ ကို ခံစားရတော့မှာပါ။
အသက်အန္တရယ်ကို ထိခိုက်စေမှု ကင်းတဲ့ ပင်လယစားတွေကို စားချင်တယ်ဆိုရင်တော့ အမှိုက်ပစ်တာကို စည်းကမ်းရှိဖို့လိုလာပါပြီ။ ဘယ်လောက်ပဲ ကျန်းမာအောင် ကိုယ်လက်လှုတ်ရှား လုပ်လုပ် ၊ ဆေးဝါးတွေ မှီဝဲ မှီဝဲ ၊ စားတဲ့အစားအသောက်မှာ ပလက်စတစ်တို့ ဒာတုဆေးဝါးတို့လို သွေးထဲမှာမပျော်ဝင်တဲ့ အရာတွေ ပါလာရင်တော့ ရောဂါတွေကို လက်ယက်ခေါ်နေသလိုပါပဲ ။
မက်စ်ကို ချွတ်ရင် မက်ရဲ့ အပြင်ဖက်အခြမ်းကို လက်နဲ့ မထိမိပါစေနဲ့ ၊ ၂ခေါက်ခေါက် ပြီးရင်လိပ် မက်ကိုပစ်တဲ့ သီးသန့် ပလက်စတစ်အိပ်ကို ထားပြီး စွန့် ပစ်ပါ ၊ ပြီးရင်လက်ဆေးပေါ့။

မောင်ယဿ
REF: world of buzz
Photo: banama

About The Author

greenness_mm

No Comments

Leave a Reply