သီပေါတွင် ၅၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်

သီပေါတွင် ၅၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်

သီပေါမြို့ရဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်ကို နိုဝင်ဘာ ၁ ရက်နေ့ တင်ခဲ့တယ်လို့ မိုး/ဇလက သတင်းထုတ်ပြန်ထားပါတယ်။
အမြင့်ဆုံးအပူချိန်ကို မိုးလေဝသ စခန်းဖွင့်ခဲ့တဲ့ လွန်ခဲ့သော နှစ်ပေါင်း ၅၈ နှစ်အတွင်း မှတ်တမ်းရယူခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁ ရက်က အမြင့်ဆုံးအပူချိန် ၃၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်( ၉၄ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်)နဲ့ စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာ ၉ ရက်ကလည်း အပူချိန် ၃၄ ဒသမ ၁ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်တင်ခဲ့ပြီး ယခုနှစ်မှာ ယင်းထက်အပူချိန် ပိုမြင့်ခဲ့ပြီး ယခုလ (၂၀၂၃ နိုဝင်ဘာ) ၁ ရက်က စံချိန်သစ် တင်ခဲ့ခြင်း ဖြစ်ပါတယ်။

About The Author

greenness_mm

No Comments

Leave a Reply