သံလွင်ဖတ်တွေကို လောင်စာပြန်လုပ်နေရတဲ့ ဆီးရီးယား

သံလွင်ဖတ်တွေကို လောင်စာပြန်လုပ်နေရတဲ့ ဆီးရီးယား

ဆီရီးယားလို့ ကြားရင် အရှေ့အလယ်ပိုင်း မှာ ပြည်တွင်းစစ်တွေဖြစ်ကြီး အကြီး အကျယ် ဒုက္ခရောက်နေရတဲ့ တိုင်းပြည်လို့ ပြေး မြင်လိုက်ရတာပါပဲ ။ ရေနံထွက်တဲ့ တိုင်းပြည်မှာ ဒီဇယ်ဈေးတွေ ခေါင်ခိုက် နေလို့ လာမယ့်ဆောင်းရာသီရဲ့ အအေးဓာတ်ကို ခုခံဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်နေပါတယ်။

ရာသီဥတုဖောက်ပြန်ပြီ နွေရာသီဆိုရင် အပူလှိုင်း ဝင် ၊ ဆောင်းရာသီဆိုရင် အအေးလှိုင်း ဝင်နဲ့ ဆီရီးယား နိုင်ငံသားတွေကို ပြည်တွင်းစစ်နဲ့ အပြိုင် သဘာ၀ ဘေးအန္တရာယ်က ဒုက္ခတွေ အမျိုးစုံအောင် ပေးနေပါတယ်။ အခုတော့ ဒီနှစ်ဆောင်း ကို အံတုမယ့် တီထွင်မှု တစ်ခုတွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ သံလွင်သီးအဖတ်နဲ့ လောင်စာတောင်ထုတ်လုပ်တဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ အရင်က သံလွင်ဆီကို ထုတ်လုပ်တဲ့အခါမှာ သံလွင်စေ့တွေကို ကြိတ်ခွဲပြီး အဖတ်တွေကို လွှင့်ပစ်ကြပါတယ်။

အခုတော့ ဆီးရီးယားမြောက်ပိုင်း အစ်ဘ်လစ် ပြည်နယ်က အာမန်နက် မြို့ သူမြို့သားတွေက သံလွင်ဖတ်လောင်စာထုတ်လုပ်တဲ့ နည်းကို တွေ့ ခဲ့ကြပါတယ်။ သံလွင်ဆီထုတ်တဲ့ စက်ရုံတွေကနေ ကြိတ်ဖက်တွေကို သယ်လာကြပါတယ်။ နေခြောက်လှမ်းပြီး လောင်စာ တောင့်လုပ်ကြပါတယ်။ သူတို့ က အဲ့ဒိလောင်စာတောင့်တွေကို ဘီရင်လို့ ခေါ်ကြပါတယ်။ အခမဲ့လည်းရပြီး ဂေဟစနစ်နဲ့လည်း ကိုက်ညီတဲ့ လောင်စာတောင့်တွေကို ဒီဇယ်အစားထိုး လောင်စာအဖြစ်သုံးစွဲနိုင် သွားကြပါပြီ ။

ကံကောင်းတာက သံလွင်ပင်တွေက ဆီးရီးယားရဲ့ မူလမျိုးရင်ဖြစ်တဲ့အတွက် ဒေသအတွင်း မှာ အပေါ်များဆုံးတွေရတဲ့ အပင်တွေပါပဲ နှစ်ကိုထောင်နဲ့ ချိပြီး စားသောက်ကုန် အဖြစ် စားလာကြတဲ့ အပင်တွေပါပဲ။ သံလွင်ပင်တွေက အဲ့ဒိဒေသမှာ အလေ့ကျပေါက်ပင်လို ဖြစ်တာကြောင့် သူတို့အတွက် ခံသာသွားတယ်လို့ ပဲမှတ်ရမှာပါ။ သဘာဝရဲ့ အခမဲလက်ဆောင်ကို လူတွေရဲ့ တီထွင်ဉာဏ်နဲ့ ပေါင်းစပ်မိတဲ့ အချိန်မှာ လူတွေဖျက်ဆီးလို့ ပျက်သွားတဲ့ သဘာဝရဲ့ ဆိုကျိုးတွေ ကို အနည်းငယ် ခုသာခံသာ ရသွားပါတယ်။

 

မောင်ယဿ ( နိုဝင်ဘာ ၁၂ )

REF: euronews

Photo: xinhua

About The Author

greenness_mm

No Comments

Leave a Reply