ဟားမတ်တွေနဲ့ အစ္စရေးတို့သုံးတဲ့ လောင်မီးကျ လက်နက်တွေက စိုက်ပျိုးမြေတွေကို ထိခိုက်နိုင်သလား

ဟားမတ်တွေနဲ့ အစ္စရေးတို့သုံးတဲ့ လောင်မီးကျ လက်နက်တွေက စိုက်ပျိုးမြေတွေကို ထိခိုက်နိုင်သလား

              ပြီးခဲ့တဲ့ စနေနေ့မနက်က ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်တွေက အစ္စရေးကို ရောကတ်ပေါင်း ထောင်နဲ့ချီပြီး ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒိရောကတ်တွေမှာ ရဲ့ ကျည်ဆံတွေဖြစ်တဲ့ ဗုံးတွေထဲကို ဖော့စဖိတ်အဖြူနဲ့ တာယာတွေ ရောထည့်ပြီး ပစ်ခဲ့တာပါ။ အစ္စရေးတွေရဲ့ ဒုံကျည်ကာစနစ်ကို ဖောက်ပြီး ဝင်ရောက်နိုင်ဖို့အတွက်က အဲ့လို ဓာတုလက်နက်တွေကို စိတ်ကူးနဲ့ပေါင်းပြီး ဟားမတ်တွေက လုပ်ခဲ့တာပါ။
            အဲ့လိုပဲ အစ္စရေးတို့က ပါလက်တိုင်းတွေနေတဲ့ ဂါဇာ ဒေသကိုပြန်ပြီးတော့ လေကြောင်းစစ်ဆင်ရေးတွေလုပ်တဲ့ အခါမှာလည်း ကျဲလိုက်တဲ့ ဗုံးတွေမှာ ဖော့စဖိတ်အဖြူတွေကို အခြေခံထားတဲ့ ဗုံးတွေ ဖြစ်ပါတယ်။
သူတို့ရဲ့ ဗုံးတွေထဲမှာပါတဲ့ ဖော့စဖိတ်အဖြူတွေက လေထုနဲ့ ထိတွေ့ပြီးတာနဲ့ လေထဲမှာပဲ မီးတောက်တွေအဖြစ်နဲ့ တာယာတွေကို မီးစွဲပြီးအောက်ကို ပြုတ်ကျလာတဲ့အခါမှာ လူကိုထိမိရင် အရေပြားလောင်သွားနိုင်သလို မျက်စေ့ကိုလည်း ထိခိုက်သွားနိုင်ပါတယ်။
လေထုထဲမှာ ဖော့စဖိတ်တွေ ၊ နိုက်ထရိုဂျင်တွေ အမြောက်အမြားရောက်လာလို့ အသက်ရူလမ်းကြောင်းမှာ အလာဂျစ်ဖြစ်‌စေပါတယ် ။ အဆိုးဆုံးက ရေထဲမှာရှိတဲ့ အဆိပ်သင့် စိမ်းပြာရောင်ရေညှိတွေကို ပေါက်ပွားအောင် အားဆေးဖြစ်စေတာပါပဲ ။
            ဖော့စဖိတ်အဖြူတွေ ကုန်းနေပင်တွေပေါ်ကို ကျရောက်ခဲ့ပြီး အရွက်တွေရဲ့ မီဆိုဖီးလ်အလွှာထဲကို ‌ရောက်သွားရင် နီခရိုးစစ်လို့ ခေါ်တဲ့ အရွက်တွေမှာအစက်အပျောက်တွေ ထလာတာရယ် အရွက်တွေ မဲပြီး ပုပ်သွားမယ် ဆိုတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
အဖြူရောင်ဖော့စဖိတ်တွေက ရေထဲရောက်သွားရင် ရေထဲမှာ အောက်စီဂျင် ပါဝင်မှုကို လျော့နည်းသွားစေပြီး ရေရဲ့ အရဉ်အသွေးကိုကျဆင်းစေကာ ရေနေသတ္တဝါတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာ‌စေနိုင်ပါတယ်။
           ဖော့စဖိတ်တွေက အပင်ရဲ့ အမြစ်ကို သန်စေတာမှန်ပေမဲ့ များသွားရင်တော့ လူတွေမှာ အဆီပိတ်သလိုမျိုး အပင်တွေမှာ ဖော့စဖိတ်ပြင်းအား များလာပြီး အခြားအာဟာရတွေကို မစုပ်ယူနိုင်တော့ပါဘူး ။ ဖော့စဖိတ်များ များလွန်းပါက ရေညှိများနှင့် ရေနေအပင်ကြီးများ၏ ကြီးထွားမှုကို ဖြစ်ပေါ်စေနိုင်ပြီး၊ ယင်းသည် eutrophication ဟုခေါ်သော အောက်ဆီဂျင်ပျော်ဝင်မှုအဆင့်ကို ကျဆင်းစေနိုင်သည်။ ဖော့စဖိတ်ဓာတ် မြင့်မားစွာပါဝင်မှုကြောင့် လူနှင့်တိရစ္ဆာန်ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ရေညှိအဆိပ်အတောက်များကို ထုတ်ပေးသည့် ရေညှိပွင့်များ ဆီသို့ ဦးတည်သွားစေနိုင်ပါတယ်။
            အခုအစ္စရေးတွေ ရင်ဆိုင်လိုက်ရတဲ့ ဟားမတ်တွေရဲ့ ဖော့စဖိတ်+ ရာဘာ လောင်မီးကျလက်နက်တွေက အမှန်တကယ်ကို ရေထုနဲ့ မြေထုကို ထိခိုက်လာနိုင်ပါတယ်။ လေထဲမှာ ပေါက်ကွဲသွားတဲ့ ‌ဗုံးတစ်လုံး ကနေ အလင်းရောင်ပြင်းပြင်းနဲ့ ဖြာကျလာတဲ့ ဖော်စဖိတ်+ တာယာ မီးတွေက အစ္စရေးမြေတွေ ရေတွေပေါ်ကို စတုရန်းကိုက် တော်တော်များများကျယ်အောင် ကျဆင်းသွားသလို ဂါဇာကမ်းမြှောင်ဒေသတွေပေါ်ကိုလည်း ကျဆင်းသွားခဲ့ပါပြီ ။ တစ်ဖက်နဲ့ တစ်ဖက် အဲ့လိုမျိုးဗုံးတွေ ထောင်နဲ့ချီပြီးပစ်ခဲ့တယ် ဆိုတော့ စိုက်ပျိုးမြေတွေ ပြန်ကောင်းလာအောင် လုပ်ဖို့က ၂ဖက်စလုံးအတွက် စစ်ပွဲပြီးစိန်ခေါ်မှုတွေ များသွားပါပြီလို့ ဆိုလိုက်ပါရစေ ။
မောင်ယဿ
REF: Hindustan times

About The Author

greenness_mm

No Comments

Leave a Reply