ဟီရိုရှီးမားနဲ့ အစိမ်းရောင်သမုဒ္ဒရာ စီမံကိန်း

ဟီရိုရှီးမားနဲ့ အစိမ်းရောင်သမုဒ္ဒရာ စီမံကိန်း

လူသားမျိုးနွယ် သမိုင်းမှာ ကမ္ဘာ့ ပထမဆုံး အဏုမြူဗုံးဒဏ်ကို ခံလိုက်ရပြီးနောက် ဟီရိုရှီးမားက ငြိမ်းချမ်းရေး သရုပ် ၊ အဏုမြူဘေးအန္တရာယ်ကနေ ပြန်လည်ထူထောင်မှု နဲ့ ဖွံဖြိုးတိုးတက်စေနိုင်မှုတို့ကို စံနမူနာအဖြစ် ရပ်တည်သွားနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကမ္ဘာကြီးပေါ်မှာ ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်တွေကို ပြန်လည်တည်ဆောက်ဖို့အတွက် တွန်းအားတစ်ရပ်အနေနဲ့လည်း ဟီရိုရှီးမားက ရပ်တည်ပြတာပါ။ အဲ့ဒိအတွက် အန်ဂျီအိုတွေ ၊ အတတ်ပညာရှင်တွေ နဲ့ အစိုးရအဖွဲ့ တွေက အင်တိုက်အားတိုက်ကြိုးစာခ ဲ့ကြ သလို အရပ်သားတွေကလည်း ပူပေါင်းပါဝင်ခဲ့ကြပါတယ်။ ဟီရိုရှီးမားကို ပြန်လည်တည်ဆောက်တဲ့ နေရာမှာ စီမံကိန်းတွေ အများကြီးရေးဆွဲခဲ့ရပါတယ်။ မြစ်ဝကျွန်းပေါ်မြို့ တစ်မြို့ ဖြစ်တဲ့ ဟီရိုရှီးမာမှာအစိမ်းရောင်သမုဒ္ဒရာ စီမံကိန်းကလည်း အရေးပါတဲ့ စီမံကိန်းတစ်ခုဖြစ်ခဲ့ပါတယ်။

 

ရေရှည်တည်တံ့ခိုင်မြဲ မယ့် လူ့အဖွဲ့ အစည်းတစ်ခုဖြစ်ဖို့ ဈေးကွက်သစ်တစ်ခု လိုအပ်ပါတယ်။ ဈေးကွက်ကြောင့် သဘာဝပတ်ဝန်းကျင် မပျက်စီးသွားအောင် ထိန်းသိမ်းတဲ့နေရာမှာ ဟီရိုရှီးမားက အစိမ်းရောင် သမုဒ္ဒရာ စီမံကိန်းကို ဖန်တီးလိုက်ရပါတယ်။ စီးပွားရေးဖွံ့ဖြိုးလာမှုနဲ့ တစ်ပြိုင်နက် သဘာဝရင်းမြစ်တွေ မပျောက်ကွယ်ရေးနဲ့ တိုးတက်လာရေးကို ချိန်ဆပြီး စနစ်ကျတဲ့ စီမံကိန်းကို ရေးဆွဲ ခဲ့ကြတာပါ။ဟီရိုရှီးမားရဲ့ အစိမ်းရောင်စီမံကိန်းကို လုံးလုံးလျားလျားပုံဖော်နိုင်တာက ၂၀၁၂ ဧပြီလ မှာပဲဖြစ်ပါတယ်။ ၁၉၄၅ သြဂုတ် ၆ ရက်နေ့မှာ အဏုမြူဗုံး အကျဲ ခံလိုက်ရတယ်။ ပြန်လည်တည်ဆောက်ရေးအတွက် နှစ်ပေါင်း များစွာ တည်ဆောက်ခဲ့ရတယ် ။ ကမ္ဘာ့အဆင့်မြို့တစ်မြို့ ပြန်ဖြစ်လာဖို့အတွက် နိုင်ငံခြား အဖွဲ့ အစည်းတွေနဲ့ ပြည်တွင်း အဖွဲ့အစည်းတွေ ကြားမှာ ပျားပန်းခတ်ကူးလူး ဆက်ဆံမှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံခြား သားတွေက ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး မှုကို လာလုပ်နေစဉ်မှာ ဒေသတွင်း အဖွဲ့အစည်းတွေက သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးဆောင်ခဲ့ကြပါတယ်။

 

မြို့ အုပ်ချုပ်ရေးကောင်စီ က ( ၁ ) စီးပွားရေး လုပ်ငန်း အယူအဆသစ်များကို ရှာဖွေခြင်း ၊ ( ၂) စီးပွားရေး လုပ်ငန်း စီမံကိန်းများရေးဆွဲခြင်း ၊ ( ၃ ) နိုင်ငံခြားနဲ့ ဒေသတွင်း ဆက်ဆံမှုဖွံ့ဖြိုးလာစေခြင်း နဲ့ ( ၄ ) ကမ္ဘာ့အဆင့် ရောက်အောင် တိုးမြှင့် စေခြင်းတို့ပဲဖြစ်ပါတယ်။ အဲ့ဒါတွေ လုပ်ဖို့အတွက် စွန့်ဦးတီထွင့်မှု ကို လက်ကမ်း ကြိုပြီး ပွေ့ဖက်ထားပါတယ်။ ရိုးရာ စီးပွားရေးလုပ်ငန်းတွေကို မပျက်စီးစေအောင် နိုင်ငံခြား ရင်းနှီးမြုတ်နှံသူတွေကို သူတို့ရဲ့ လုပ်ငန်းတွေမှာ ရိုးရာထုတ်ကုန်တွေကို သုံးစွဲစေပါတယ်။ နောက်ပြီး အရန် လုပ်ငန်းတွေကိုလည်း ပင်မစီးပွားရေး လုပ်ငန်းပြိုလဲသွားရင် ကာထားဖို့အတွက် စီစဉ်ထားပါတယ်။တစ်ကမ္ဘာလုံး ဆိုင်ရာကွန်ယက် တစ်ခုဖွဲ့ နိုင်ဖို့အတွက် ဒေသခံတွေနဲ့ မြို့နေ လူတန်းစားအသီးသီး ကို ဘယ်လို ဆက်သွယ်လုပ်လို့ရတယ်ဆိုတဲ့ ဗဟုသုတတွေကို ဖြန့်ဝေပေးထားပါတယ်။ တီထွင်မှုအသစ်တွေနဲ့ နည်းပညာအသစ်တွေကို ဈေးကွက်သစ်တွေ ဖြစ်လာဖို့ အတွက် နိုင်ငံခြား တက္ကသိုလ်တွေ သုတေသန ဌာနတွေနဲ့ ကွန်ယက်ဖွဲ့ ပြီး လုပ်နိုင်ခဲ့ပါတယ်။ စွမ်းအင်နဲ့ ဆက်စပ်တဲ့ နယ်ပယ်တွေ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သဘောတူညီချက်တွေကြားမှာ စီမံကိန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဟန်ချက်ညီအောင် ထိန်းခဲ့ပါတယ်။
လူသားတွေ ထုတ်လွှတ်လိုက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ကြောင့်ဖြစ်တဲ့ အပူ ၉၀% ကို ပင်လယ်သမုဒ္ဒရာရေ တွေက စုပ်ယူလိုက်တာပါ။

 

ပင်လယ်သမုဒ္ဒရာရေ အပူချိန်မြင့်တက်လာတာနဲ့ အရင်ဆုံး ဖြစ်သွားတာက ရေနွေးစီးကြောင်းဖြစ်ပြီး ရေခဲတောင်တွေ ကို အရည်ပျော်စေကာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်သွားတာပါပဲ ။ အဲ့တော့မြေနိမ့်ပိုင်း ဒေသတွေ ၊ ပင်လယ်ကမ်းခြေဒေသတွေနဲ့ ကျွန်းနိုင်ငံတွေ ပင်လယ်ရေအောက်ကိုရောက်သွားတော့တာပါပဲ ၊ နောက်ဆက်တွဲ က ဟာရီကိန်း နဲ့ တိုက်ဖွန်း မုန်တိုင်းတွေ ခပ်စိပ်စိပ်လေးဝင်လာတော့တာပါပဲ ။ သဘာ၀ ဘေးအန္တရာယ်ရဲ့ ဖျက်ဆီးမှု ကို ပြုပြင်ဖာထေးရင်နဲ့ ပဲ တိုင်းပြည်ရဲ့ စီးပွားရေး ကိုလာရောက်ထိခိုက် စေတော့တာပါပဲ ။ ကန်ဒေါ်လာ သန်းပေါင်း သန်းနဲ့ ချီပြီး နှစ်စဉ် အဟောသိကံ ဖြစ်နေခဲ့ပါတယ်။ အဲ့ဒိတော့ အစိမ်းရောင် သမုဒ္ဒရာ ဖြစ်လာဖို့ ကြိုးပမ်းတာက စီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတာကို အများကြီး အထောက်အကူဖြစ်စေပါတယ်။ဟီရိုရှီမား နာလံပြန်ထူနိင်တဲ့အဓိကအချက်တွေထဲက တစ်ချက်ကတော့ ဒေသခံတွေကို ငွေကြေး ထောက်ပံ့တာထက် ဘုရင့်စစ်တပ်နဲ့ အစိုးရပိုင် မြေတွေကို လှူဒါန်းတာပဲ ဖြစ်ပါတယ်။ မြို့ကောင်စီက ဒေသခံတွေကို စီးပွားရေး လုပ်ငန်း လုပ်ချင်ရင် လုပ်န်းအတွက် မြေနေရာတွေ ကိုလှူဒါန်ပေးတာပဲ ဖြစ်ပါတယ်။ အဲ့ဒိအားက ဘယ်လောက်တောင် အလုပ်ဖြစ်ခဲ့သလဲဆိုရင် ဗုံးကျဲခံရပြီး ၃နှစ်အတွင်းမှာ ဟီရိုရှီးမား က ပြန်ပြီးမွေးဖွားလာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နျူကလိယ အဆိပ်သင့်နေမှုကတော့ တော်တော်ကြီးကို နည်းသွားတယ် ဆိုပေမဲ့ ဒီနေ့အထိ အရှင်း မကင်းပျောက်သေးပါဘူး ။

REF: heroshima green ocean

မောင်ယဿ

#greenness

About The Author

greenness_mm

No Comments

Leave a Reply