အကောင်ရေတိုးလာတဲ့ ဝက်ဝံညိုတွေနဲ့နေထိုင်ဖို့ အီတလီသားတွေ အခက်အခဲဖြစ်နေ

အကောင်ရေတိုးလာတဲ့ ဝက်ဝံညိုတွေနဲ့နေထိုင်ဖို့ အီတလီသားတွေ အခက်အခဲဖြစ်နေ

အီးယူမှ ထောက်ပံ့ပေးထားသည့် ပရောဂျက်ကြောင့် တောရိုင်းဝက်ဝံညိုများ ပြန်လည်ရှင်သန်လာခဲ့သော်လည်း ယခုအခါမှာ ၎င်းတို့ကို ဒေသဆိုင်ရာ အာဏာပိုင်များက ပြန်လည် သုတ်သင်နေရပါတယ်။
အီတလီနိုင်ငံမြောက်ပိုင်းရှိ အာဏာပိုင်များသည် လူသားများအတွက် အန္တရာယ်ရှိသည်ဟု ယူဆရသော ဝက်ဝံညိုတစ်ကောင်ကို အင်္ဂါနေ့တွင် သတ်ဖြတ်ခဲ့တဲ့အတွက်ကြောင့် တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများနှင့် အီတလီ သဘာဝပတ်ဝန်းကျင်ဝန်ကြီးတို့ကြားမှာ ပဋိပက္ခတွေဖြစ်ပွားနေပါတယ်။
M90 လို့ နာမည်ပေးထားတဲ့ အဲ့ဒိဝက်ဝံညိုကို အဲလ်ပ်စ် အရှေ့ပိုင်းရှိ Sole Valley တွင် သစ်တော အဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။
ဝက်ဝံကြီးက “မြို့ပြဒေသမှာ ယုံကြည်မှုလွန်ကဲပြီး မကြာခဏ သွားလာခြင်း” ကို ပြသခဲ့ပြီး မကြာသေးမီက တောအုပ်လမ်းတစ်ခုတွင် တောင်တက်သမားစုံတွဲတစ်တွဲ ကိုတိုက်ခိုက်ခဲ့တယ် လို့ ခရိုင်အာဏါပိုင်တွေက ပြောပါတယ်။ အဲ့ဒါအပြင် အီတလီနိုင်ငံ၏ Ispra သဘာဝပတ်ဝန်းကျင်ဆိုင်ရာအင်စတီကျုမှ “ဝက်ဝံ M90 ကိုတတ်နိုင်သမျှအမြန်ဆုံးဖယ်ရှားရန်” လိုအပ်ကြောင်းအတည်ပြုခဲ့တယ်” လို့ ပြည်နယ်အာဏါပိုင်တွေကလည်း ပြောပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ၎င်းတို့အား စီမံထိန်းသိမ်းရန် အချိန်မပေးနိုင်သည့် အမိန့်နဲ့ အလျင်အမြန် ကွပ်မျက်မှုကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒါကြောင့် ပြည်နယ်မြို့တော် Trento တွင် စနေနေ့က ဆန္ဒပြ ခဲ့ကြပါတယ်။ အမိန့်နှင့် ကွပ်မျက်မည့်အချိန် “အမိန့်ကို လက်မှတ်ရေးထိုးနေစဉ်တွင် ရိုင်ဖယ်သမားတွေက ပစ်သတ်ပြီးလို့ ဆေးလိပ်တောင်သောက်နေပြီ ”လို့ LAV တိရစ္ဆာန်အခွင့်အရေးအဖွဲ့မှ Massimo Vitturi ကပြောပါတယ်။
အီတလီ၏ သဘာဝပတ်ဝန်းကျင်ဝန်ကြီး Gilberto Pichetto Fratin က သုတ်သင်ရှင်းလင်းခြင်းသည် အကောင်းဆုံးရွေးချယ်မှု ဟုတ်မဟုတ် မေးခွန်းထုတ်ခဲ့ပြီး တစ်ခုတည်းသောရွေးချယ်စရာ မဖြစ်နိုင်ဘူးလို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ “နယ်မြေအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အာမခံရန်” ကြိုးပမ်းဆောင်ရွက်ဖို့ကိုလည်း ၎င်းက တောင်းဆိုခဲ့ပါတယ်။
ကောင်ရေတိုးလာနေတဲ့ Alpine အညိုရောင်ဝက်ဝံများနှင့်ပတ်သက်ပြီးတော့ ဘာလုပ်ရမယ်ဆိုတာကို ပြည်နယ်အတွင်းရှိ အာဏာပိုင်များနဲ့ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများကြား တိုက်ပွဲများဖြစ်ပွားလျက် ရှိနေပါတယ်။ ယင်းမျိုးစိတ်များသည် တစ်ချိန်က မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့သော်လည်း ဥရောပသမဂ္ဂမှ ထောက်ပံ့ထားသောပရောဂျက်ကြောင့် ပြန်လည်ရှင်သန်လာခဲ့ရတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့သည့်နွေဦးရာသီက Brenta အမျိုးသားဥယျာဉ်တွင် အသက် ၁၇ နှစ်အရွယ် ဂျေဂျေဖိုး အမည်ရှိ ဝက်ဝံမ တစ်ကောင်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ရပါတယ်။ သူမက အပြေးသမားတစ်ဦးကို သီတင်းနှစ်ပတ်ခန့် အစောပိုင်းကတိုက်ခိုက်ခဲ့လို့ အဲ့ဒိအပြေသမား သေဆုံးခဲ့ရပြီး ၂၀၂၀တုန်းကလည်း ဒေသတွင်း၌ လမ်းလျှောက် ထွက်သည့် သားအဖနှစ်ဦးကိုတိုက်ခိုက်လို့ ဒဏ်ရာရရှိခဲ့ပါတယ်။ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက သူမအား ရိုမေးနီးယားသို့ လွှဲပြောင်းပေးရန်အတွက် တိုက်ပွဲဝင် ခဲ့ရပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply