အစိမ်းရောင် စွမ်အင် ထုတ်လုပ်ရေးလုပ်ငန်းမှာ တရုတ်တွေ ရှေ့ရောက်နေမှုကို အမေရိကန်တွေ မကျေနပ်ကြ

အစိမ်းရောင် စွမ်အင် ထုတ်လုပ်ရေးလုပ်ငန်းမှာ တရုတ်တွေ ရှေ့ရောက်နေမှုကို အမေရိကန်တွေ မကျေနပ်ကြ

            ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ အထုတ်လွှတ်ဆုံး အင်စတီကျူ့ကို ပြောပါဆိုရင် အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ပင်တဂွန်ပါပဲ ။ လောလောဆယ် စက်မှုအင်အားကြီး နိုင်ငံတွေကြားမှာ ထားတဲ့ကတိကဝတ်အရ ပင်တဂွန် ကလည်း ၂၀၅၀ မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သုံည ဖြစ်စေရမယ်လို့ ကြေညာထားပါတယ် ။
            ဒါပေမဲ့ ပြဿနာက အမေရိကန်စစ်တပ်တစ်ခုလုံး သုံးနေတဲ့ လျှပ်စစ်စွမ်းအင်သုံး ကိရိယာတွေ ၊ တပ်ဆင်ပစ္စည်းတွေ နဲ့ တိုက်ခိုက်ရေးယာဉ်အပါအဝင် လက်နက်စနစ်တွေမှာ တရုတ်နိုင်ငံထုတ် လစ်သီယံ ဘတ်ထရီက ၇၅ ရာခိုင်နှုန်း ရှိနေတယ်ဆိုတာပါပဲ ။ ပြောချင်တာက အမေရိကန်စစ်တပ်က တရုတ်နိုင်ငံက အစိမ်းရောင်စွမ်းအင် လုပ်ငန်းပေါ်မှာ အများကြီး မှီနေရတယ် ဆိုတာပါပဲ ။ကာကွယ်ရေးဌာနရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး ပစ်မှတ်တွေ ပြည့်မီဖို့ လိုအပ်တဲ့ လျှပ်စစ်ကားများနှင့် ဆိုလာပြားများထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ဘယ်လို ဖြေရှင်းကြမလဲလို့ ကွန်ဂရက်မှာ ရိပါပလင်ကင် အမတ်တွေက မေးယူရတဲ့ အထိဖြစ်လာပါပြီ ။ တကယ်လို့ ပင်တဂွန်က ရုပ်ကြွင်းလောင်စားသုံးယာဉ် ၊ စက်ပစ္စည်းတွေကို ဆက်သုံးနေမယ် ဆိုရင်တော့ သူတို့ပေး ထားတဲ့ ကတိကို ဘယ်တော့မှ တည်နိုင်မှာမဟုတ်ဘူးလို့လည်း အမတ်တွေက မေးလာပါတယ် ။
           အိုင်အိုဝါပြည်နယ် ဆီနိတ်တာ Joni Ernst ကတော့ ၂၀၃၀ မှာ လျှပ်စစ်နဲ့ လောင်စာဆီ တွဲသုံးလို့ရမယ် နည်းဗျူဟာ မမြောက်တဲ့ ယာဉ်ပေါင်း ၂သိန်းလောက်ကို အစားထိုးမယ်လို့ ဖြေရှင်းထားပါတယ် ။ သူမက စွမ်းအင်ဝန်ကြီး ကို ကျမတို့ စစ်သားတွေ သေနေတာထက် ဒီရာသီဥတုဖောက်ပြန်မှုကို အရမ်းအလေး ပေးနေတာ မဟုတ်သေးပါဘူး လို့ တွစ်တာပေါ်ရေးတင်ပြီး အပြစ်ပြောထားပါတယ် ။ ရီပါပလင်ကင် အမတ်တွေက တိုင်းပြည်အကျိုးစီးပွားနဲ့ ကမာ်ဘ့ရာသီဥတုဖောကျပွနျမှုကို ယှဉ်လိုက်တိုင်း ဘာကို ဦးစားပေး ရမယ်ဆိုတာကို အမြဲမီးမောင်းထိုးပြလေ့ရှိပါတယ် ။
            အခုပဲကြည့်လေ တရုတ်က [လျှပ်စစ်ကား] ထောက်ပံ့ရေးကွင်းဆက်ကို ထိန်းချုပ်ထားပါတယ် လို့ Ernst က နောက်ဆက်တွဲ ထပ်ဆင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပါတယ် ။”ကွန်မြူနစ်အစိုးရက အဲ့ဒိလျှပ်စစ်ကားများကို စွမ်းအင်ပေးတဲ့ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီအားလုံး၏ ၇၅ % ခန့်ကို ထုတ်လုပ်နေပါတယ် ။ အဲ့ဒိဘတ်ထရီ တွေက ထောက်လှမ်းရေးဒရုန်းတွေလို စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုတွေမှာ သုံးနေရပါတယ်။ ပင်တဂွန်က ကာကွယ် ရေး အခြေပြု စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြုတ်နှံမှု ပိုလိုအပ်နေပါတယ် ။ တရုတ်တွေရဲ့ တွင်းထွက်တွေပေါ်ကို မှီခိုနေမှုကို လျော့ပါးသက်သာအောင် လုပ်လို့မရဘူးလား ဆိုပြီး မေးခွန်ထုတ်ထားပါတယ် ။
ဒီကနေ့ ကျနော်တို့ရဲ့ ကာကွယ်ရေးစနစ်တွေထဲက ယာဉ်တွေနဲ့ လေယာဉ်တွေကနေစပြီး ခဲယမ်းများ၊ မောင်းသူမဲ့ စနစ်တွေ ၊ ဂြိုလ်တုစနစ်တွေနဲ့ စစ်ဘတ်ဆိုင်ရာ ကျန်တဲ့အရာတွေအထိ စွမ်းအင်ပေးဖို့အတွက် ဘက်ထရီတွေက အရေးကြီးနေပါတယ် လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ Eric Pahon က ဧပြီ ၂၈ ရက် အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ပါတယ် ။ “လက်ထောက်အတွင်းဝန် Hicks က အမေရိကန်ပြည်ထောင်စုရဲ့ အချိုးမညီသော စစ်ဘက်ဆိုင်ရာ အစွန်းအထင်းများကို ဆက်လက်ထိန်းသိမ်းထားမှုသည် ဘက်ထရီနည်းပညာကို မြှင့်တင်ရန်နှင့် ပိုမိုခံနိုင်ရည်ရှိသော ပြည်တွင်းထောက်ပံ့ရေးကွင်းဆက်ကို သေချာစေခြင်းအပေါ် မူတည်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ် ” လို့ ဆိုသွားပါတယ် ။ အမေရိကန် လွှတ်တော်အမတ်တွေအနေနဲ့ တရုတ်တွေရဲ့ အစိမ်းရောင်စွမ်းအင် ထုတ်လုပ်မှု ကြီးစိုးလာမှုအပေါ် လွှတ်တော်တင်ပြီး မကျေမနပ် ငြင်းခုန်ဆွေးနွေး နေရပါတယ် ။
မောင်ယဿ
REF: defense New

About The Author

greenness_mm

No Comments

Leave a Reply