အစ္စရေး- ဟားမတ်စစ်ပွဲ နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု

အစ္စရေး- ဟားမတ်စစ်ပွဲ နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု

အောက်တိုဘာလထဲမှာ အစ္စရေးစစ်တပ်က ဂါဇာရှိ Jabaliya ဒုက္ခသည်စခန်းကို ပေါင် ၂၀၀၀ ဗုံး တွေနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်လိုက်ပါတယ် ။ The New York Times ၏ စုံစမ်းစစ်ဆေးမှုအရ အဲ့ဒိဗုံးတွေက အစ္စရေးနိုင်ငံရဲ့ လက်နက်တိုက်ထဲမှာ ဒုတိယအကြီးဆုံးနဲ့ ဖျက်ဆီးမှု အပြင်းဆုံး ဗုံးများဖြစ်တဲ့အတွက်ကြောင့် ဗုံးတစ်လုံးကျတိုင်း ပေ ၄၀လောက်ကျယ်သော ဂလိုဏ်တွေ ဖြစ်ပြီး မြေပြင်ပေါ်မှာ ကျောက်ပေါက်ရာတွေလို အပေါက်တွေ ထားခဲ့ကာ ရာနှင့်ချီတဲ့ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ် ။
အစ္စရေး-ဟားမတ်စ် ပဋိပက္ခ စတင်ပြီး နှစ်လနီးပါးအတွင်း အစ္စရေးက ဒုံးကျည်များသာမက အဖြူရောင် ဖော့စဖရပ်စ်ကို အသုံးပြုကာ ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Human Rights Watch က ဆိုပါတယ် ။ ပထမလတွင် အစ္စရေးသည် ဂါဇာကမ်းမြှောင်ရှိ ပစ်မှတ်ပေါင်း ၁၂၀၀၀ ကျော်တွင် ဖောက်ခွဲရေး ပစ္စည်း တန်ချိန် ၂၅၀၀၀ ကျော်ကို ပစ်ချခဲ့ကြောင်း Euro-Med လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက မှတ်တမ်းတင်ခဲ့ပါတယ် ။
အမေရိကန်ကာကွယ်ရေးဌာနလက်အောက်ရှိ အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်၏အဆိုအရ ပေါင် ၂၀၀၀ အလေးချိန်ရှိ Mk-84 ဗုံးများသည် ယေဘူယျအားဖြင့် အလူမီနီယမ်တစ်စိတ်တစ်ပိုင်းနှင့် trinitrotoluene သို့မဟုတ် TNT အပိုင်းသုံးပိုင်းရောစပ်ထားသည့် ထရီတိုနဲလ်နှင့် ပြည့်နေပါတယ် ။ ပေါက်ကွဲသောအခါတွင်၊ ပေါက်ကွဲမှုအချင်းဝက်ရှိ မြေဆီလွှာ၊ ရေနှင့် လေတွေက အဲ့ဒိ အရာဝတ္ထုတွေနဲ့ ထိတွေ့သွားပါတယ် ။
ဂါဇာကမ်းမြှောင်သည် ၄၁ ကီလိုမီတာသာ ရှည်လျားသော်လည်း ဆယ်စုနှစ်များစွာ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ် ။ ရလဒ်အနေဖြင့် လက်နက်များသည် မျက်စိဖြင့်မြင်သည့်အရာထက် ကျော်လွန်၍ သက်ရောက်မှုများစွာရှိသော သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပါတယ် ။
အဲ့ဒိ ဗုံးများရဲ့ ဓာတုဗေဒ အစိတ်အပိုင်းများကို မြေကြီးထဲတွင် စုပ်ယူခြင်း သို့မဟုတ် ပင်လယ်ထဲသို့ မျောပါသွားခြင်း ဖြစ်သွားပါတယ် ။ ခေတ်သစ်စစ်ပွဲရဲ့ သဏ္ဌန်ကတော့ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံ များစွာကို တွေ့မြင်နေရခြင်း ဖြစ်ပါတယ် ။ Georgetown တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ တွဲဖက်ပါမောက္ခ Marwa Daoudy “ ဂါဇာ‌ဒေသမှာ ဖြစ်တဲ့ အခုစစ်ပွဲမှာ ဒီနေ့တွေ့ခဲ့ရတဲ့ ပျက်စီးမှုက ဆီးရီးယားမှာ လေးနှစ်ကြာစစ်ပွဲနဲ့ ညီမျှနေပါတယ်” လို့ ပြောသွားပါတယ်။
ဆိုလိုချင်တာက ဂါဇာဒေသရဲ့မြို့တွေက လမ်းမတွေပေါ်မှာ ကျိုးပဲ့ပျက်စီးနေသည့် အဆောက်အအုံများမှ အပျက်အစီးများဖြစ်တဲ့ ကျောက်ဂွမ်း၊ ဘိလပ်မြေ၊ လေးလံသောသတ္တုများ၊ အိမ်တွင်းဓာတုပစ္စည်းများနှင့် လောင်ကျွမ်းစေသော ပစ္စည်းများကိုတွေ့ရတာပဲ ဖြစ်ပါတယ် ။ အဆုတ်ကို ရောဂါကိုဖြစ်စေနိုင်တဲ့အပြင် ရေရှည် ထိတွေ့မှုတွေကြောင့် နာတာရှည် အာရုံကြောနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်လာတော့ မှာပါ ။ ဆေးဘက်ဆိုင်ရာနှင့် စက်မှုလုပ်ငန်းသုံးအမှိုက်များနှင့် အပျက်အစီးတွေက စွန့်ပစ်ခြင်းပြု လုပ်တာတောင် အထူးဂရုပြုရနေချိန်မှာ အခုလိုမျိုးစစ်ပွဲကြောင့် တစစီဖြစ်သွားတဲ့ အမှိူက်တွေက “အဆိပ်အတောက် အပျက်အစီးများ” ဖြစ်သွားပါပြီ ။ အဲ့ ဒါတွေက သီးခြားသန့်ရှင်းရေးလုပ်ထုံးလုပ်နည်းများဖြင့် ရှင်းလင်းရန် လိုအပ်သွားပါပြီ ။
ဂါဇာကို အစ္စရေးတို့ မသိမ်းပိုက်မီက ပါလက်စတိုင်းလို့ လူသိများတဲ့မြေက စပျစ်သီး၊ စတော်ဘယ်ရီ၊ Jaffa လိမ္မော်သီး၊ ဗာဒံသီး၊ ဖရဲသီး၊ ခရမ်းသီးနှင့် သံလွင်သီးများအပါအဝင် သီးနှံမျိုးစုံကို စိုက်ပျိုးဖြစ်ထွန်းခဲ့တဲ့မြေ ဖြစ်ပါတယ်။ ခန့်မှန်းချက်တစ်ခုအရ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေများတွင် စိုက်ပျိုးနိုင်သောမြေ၏ ၄၅ ရာခိုင်နှုန်းကို သံလွင်ပင်များဖြင့် အပြည့် ဖြစ်နေပါတယ် ။ “သံလွင်ပင်တွေက ပါလက်စတိုင်းတွေရဲ့ အသက် သွေးကြောပါပဲ ပြီးတော့ သူတို့ရဲ့ ဝိညာဉ်သစ်ပင်နဲ့တူပါတယ် ” လို့ သဘာဝပတ်ဝန်းကျင် တရားမျှတမှု ဆိုင်ရာ ပညာရှင်၊ နိုင်ငံရေးဂေဟဗေဒပညာရှင်နှင့် အမေရိကန်တက္ကသိုလ် နိုင်ငံတကာဝန်ဆောင်မှုကျောင်းမှ တွဲဖက်ပါမောက္ခ Malini Ranganathan က ပြောခဲ့ပါတယ် ။
အစ္စရေးတွေက ပါလက်စတိုင်းတွေရဲ့ မြေတွေကိုသိမ်းပိုက်ပြီးနောက်မှာတော့ အဲ့ လယ်ယာမြေတွေကို ခြံခတ် လိုက်တော့ ပါလက်စတိုင်းသားတွေ လုပ်ပိုင်ခွင့် နည်းသွားပါတယ် ။ ပါလက်စတိုင်းသားတွေကို အဲ့ဒိလယ်မြေ တွေကို ဝင်ရောက်ခွင့်တောင်မပေးပါဘူး ။ ပါလက်စတိုင်းစိုက်ပျိုးရေးဝန်ကြီးဌာနအဆိုအရဆိုရင် ဂါဇာမြောက်ပိုင်းက အစ္စရေးနယ်မြေ ( အရင်က ပါလက်စတိုင်းလယ်မြေ )မှာ ရှိတဲ့ သံလွင်ပင်တွေကို သူပုန်တွေ ခိုအောင်းနိုင်တယ် ဆိုပြီး သံလွင်အပင်ပေါင်း ၄ သိန်းလောက်ကိုမီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ် ။ နောက်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း နယ်ခြားမှာ အပင်တွေ မပေါက်နိုင်အောင် ဆေးဖြန်းထားတယ်လို့ လန်ဒန်တက္ကသိုလ်၊ Goldsmiths မှ သုတေသနအေဂျင်စီတစ်ခုဖြစ်သည့် Forensic Architecture မှ ၂၀၁၉ အစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။
အဲ့ဒိဆေးတွေဖြန်းတာက အစ္စပိုင်မြေအတွင်းမှာသာ ဖြန်းတယ်လို့အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန ကပြောပေမဲ့ လေပြင်း တိုက်ခတ်မှုကြောင့် glyphosate ၊ Oxyfluorfen နဲ့ Diuron တွေလို ဆေးတွေက ဂါဇာကမ်းမြှောင်ဒေသ ဖက်ကို လွင့်ပါသွားခဲ့ပါတယ် ။ ၂၀၁၄ နိုဝင်ဘာလကနေ ၂၀၁၈ ဒီဇင်ဘာလ အထိ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသတစ်လျှောက်မှာ အပင်မပေါက်ဆေးများကို အကြိမ် ၃၀ ထက်မနည်း ဖျန်းခဲ့ကြောင်း Forensic Architecture က ပြောပါတယ် ။
အဲ့ဒိလို လုပ်တာတွေက ဂေဟစနစ်ကိုဖျက်ဆီးနေတာနဲ့ အတူတူပါပဲ ။ သူတို့အတွက်ကတော့ လုံခြုံရေး အတွက် မျက်ကွယ် မရှိအောင် လုပ်တာပေမဲ့ မိုက်ခရိုဘို်ငအိုမက်စ်တွေ ပျက်စီးသွားတော့ မိုက်ခရိုကလိုင်းမိတ် ပြဿနာ တက်လာဖို့ဖြစ်နေပါတယ် ။ပြီးတော့ ဇီဝမျိုးကွဲဆုံးရှုံးမှုတွေ ရှိလာမှာပါ ။ ဒါတွေက စစ်ပွဲကြောင့် ဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အနည်းငယ် လောက်ပဲ ရှိပါတယ် ။ အဲ့လိုရေးလို့ အစ္စရေးတွေက သဘာဝပတ်ဝန်းကျင်ဖျက်စီးနေတာလားဆိုပြီး မမြင်ပါနဲ့ သူတို့လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေရာ ၄၀၀ လောက်နဲ့ အမျိုးသားဥယျာဉ် ၁၁၅ ခုကိုတည်ဆောက်ပေးပါတယ် ။ ဒါပေမဲ့ နောက်ဆက်တွဲ ပြဿနာက အဲ့ ထိန်းသိမ်းရေးနေရာတွေမှာ ဒေသတွင်းမျိုးရင်းတွေ မရှိတော့ဘဲ နိုင်ငံခြာမျိုးစိတ်တွေ အများအပြား ဝင်ရောက်လာတာပါပဲ ။ ဥပမာပြောရရင် သံလွင်ပင်တွေနေရာကို သံပုရာပင်တွေ နဲ့ အစားထိုးတာတွေက သံပုရာရွက်တွေ ကြွေကျလို့ မြေဆီ အချဉ်ဓာတ်တွေ တိုးလာစေတာတွေရှိပါတယ် ။
ပြောစရာအချက်အလက်တွေ အများကြီးရှိပေမဲ့ ဒီလောက်နဲ့ပဲကျေနပ်ပါတော့လို့ ဆိုလိုက်ပါရစေ ။
မောင်ယဿ- ဘာသာပြန်သည်၊
REF: hindu

About The Author

greenness_mm

No Comments

Leave a Reply