အန္တာတိကတိုက်ကိုတောင် ငှက်တုတ်ကွေး ရောက်နေပြီ

အန္တာတိကတိုက်ကိုတောင် ငှက်တုတ်ကွေး ရောက်နေပြီ

ကူးစက်မှုပြင်းထန်တဲ့ ငှက်တုတ်ကွေး ( HPAI ) က ကမ္ဘာ့တောင်ဝင်ရိုးစွန်းက ရေခဲပြင်တွေဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက်ကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပြီး ငှက်တွေကိုရောဂါကူးစက်နေလို့ ဒေသတွင်း ပင်ဂွင်းငှက်ဦးရေကို ခြိမ်းခြောက် နေပါတယ်။
စပိန်နိုင်ငံ၊ Severo Ochoa Molecular Biology Center မှ သိပ္ပံပညာရှင်များက အန္တာတိက ကျွန်းဆွယ်ရှိ အာဂျင်တီးနား သိပ္ပံသုတေသနစခန်း Primavera မှာ သေဆုံးသွားတဲ့ skuas နှစ်ကောင်မှာ H5N1 ဗိုင်းရပ်စ် ရှိနေကြောင်း အတည်ပြုခဲ့ပါတယ် ။
ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်ဖြစ်တဲ့ တောင်ဂျော်ဂျီယာနှင့် တောင် Sandwich ကျွန်းစုရှိ ငှက်ကျွန်းတွင်လည်း ငှက်တုတ်ကွေး ဖြစ်ပွားခဲ့တာကို albatross ငှက်အချို့သေဆုံးနေတာနဲ့ပတ်သက်ပြီး သတင်းပို့ထားပါတယ်။
နမူနာများကို ယခုလအစောပိုင်းတွင် စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက် တွင် အတည် ပြုခဲ့ခြင်း ဖြစ်ပါတယ် ။ အခြားသားမွေးဖျံများ၊ အန္တာတိတ်သားမွေးဖျံများ ၊ တောင်ဝင်ရိုးစွန်းစကွတ်နှင့် kelp စင်ရော်များ များမှာလည်း သံသယဖြစ်ပွားမှုများ ရှိနေတာကို အန္တာတိတ်သုတေသနကော်မတီမှ သိရပါတယ်။
စပိန်အစိုးရရဲ့ ထုတ်ပြန်ချက်တွင် “ငှက်များတွင် ကြက်ငှက်တုပ်ကွေး H5 အမျိုးအစားခွဲ ကူးစက်ခံရကြောင်းနှင့် သေဆုံးသောငှက်များအနက် အနည်းဆုံးတစ်ကောင်တွင် ရောဂါဖြစ်ပွားစေသော ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးများ ပါ၀င်ကြောင်း ဆန်းစစ်ချက်တွင် ရှင်းရှင်းလင်းလင်း ပြသထားပါတယ်”
အကွာအဝေးနှင့် သဘာဝအတားအဆီးများ ကြီးကြီးမာမာ ရှိနေတဲ့ကြားကနေ ကြက်ငှက်တုပ်ကွေးဗိုင်ရက်စ်က အန္တာတိကတိုက် ဆီကို ရောက်လာတာနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်များက ယုံချင်စရာတောင်မရှိဘူးလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
ဇန်နဝါရီလအစောပိုင်းတွင်၊ HPAI သည် ပိုလာဝက်ဝံများတွင်လည်းကူစက်နေကြောင်း အစီရင်ခံခဲ့ပြီး အာတိတ်ဒေသတွင် ဗိုင်းရပ်စ်ရှိနေကြောင်း အတည်ပြုခဲ့သည်။ ပိုလာဝက်ဝံသည် ရောဂါကူးစက်ခံထားရသော ငှက်အသေကောင် များကိုစားသုံးခဲ့လို့ဆိုတဲ့ သံသယရှိခဲ့ကြပါတယ်။ ၂၀၂၁တုန်းက HPAI clade H5N1 2.3 ဗိုင်းရက် ငှက်သန်းပေါင်းများစွာကို ကူးစက်ပြီး သေဆုံးစေခဲ့ပါတယ် ။ တောင်အမေရိကတစ်ခုတည်းမှာပဲ ပင်ဂွင်းများ၊ pelicans နှင့် boobies များအပါအဝင် ပင်လယ်ငှက် ၅သိန်း ကျော် သေဆုံးခဲ့ပါတယ်။
မောင်ယဿ
REF: downtoearth

About The Author

greenness_mm

No Comments

Leave a Reply