အယ်လ်နီညိုဖြစ်စဥ်နှင့်သဘာဝဘေးအန္တရာယ်

အယ်လ်နီညိုဖြစ်စဥ်နှင့်သဘာဝဘေးအန္တရာယ်

ယခုအခါအယ်လ်နီညိုဟူသောစကားကိုသဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များပြောကြားနေသည်ကိုကြားနေရပါသည်။သို့သော်လည်း အယ်လ်နီညိုဟူသောစကားကိုအလေးအနက်မထားကြသလို အယ်လ်နီညိုဆိုတာဘာလဲဟုပင်မမေးကြပေ။အာရုံစိုက်သူနည်းပါးသည်ဟုဆိုရပေမည်။အမှန်စင်စစ်အယ်လ်နီညိုကို လူသားတိုင်း၊နိုင်ငံသားတိုင်အာရုံစိုက်ဖို့လိုသည်။အယ်လ်နီညိုဖြစ်စဥ်သည် ၁၉၈၀ ခုနှစ်လောက်ကစတင်ဖြစ်ပေါ်
ဘာသည်ဟုဆိုပါသည်။
အယ်လ်နီညိုဆိုသည်မှာ
အယ်လ်နီညိုဆိုသည်မှာ ဒီဇင်ဘာခရစ္စမတ်ကာလတွင် တောင်အမေရိကတိုက်၊အနောက်ဘက်ကမ်းခြေ၊မြောက်ပိုင်းဒေသများဖြစ်သည့် “ပီရူးနှင့်အီကွေဒေါ”ကမ်းခြေရှိ မူလရေစီးကြောင်းများတွင် ရေနွေးစီးကြောင်းများအစားထိုးဝင်ရောက်လာဖြစ်ရပ်ကိုခေါ်ဆိုခြင်းဖြစ်သည်။ဒီဇင်ဘာလခရစ္စမတ်ရက်နားတွင်ဖြစ်ပွားလေ့ရှိသဖြင့် ခရစ္စတော်၏သားဟူသောအနက်အဓိပ္ပါယ်အဖြစ် “အယ်လ်နီညို”(El Nilo)ဟုခေါ်ခြင်းဖြစ်ပါသည်။
အယ်လ်နီညိုဖြစ်ပေါ်ပုံ
အယ်လ်နီညိုနှစ်များတွင် အီကွေတာအနီး ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက်ပိုပူနွေးလာကာ အီကွေတာတစ်လျှောက်ရှိ ကုန်သည်လေများ အားပျော့သွားသည်။အထက်လေထုလွှာအတွင်း လေလှည့်ပတ်မှုဖြစ်စဥ်သည်လည်း ပုံသဏ္ဍာန်မမှန်တော့ဘဲ ဆဲလ်များကွဲထွက်သွားပြီး၊တောင်အမေရိကတိုက်၊အနောက်ဘက်ကမ်းခြေတစ်လျှောက် ပုံမှန်အေးမြခြောက်သွေ့သော မိုးလေဝသဖြစ်စဥ်များအစား ပူနွေးစိုစွတ်သည့်ဖြစ်စဥ်များ အစားထိုးဝင်ရောက်လာသည်။ယင်းဖြစ်စဥ်ကိုပင်အယ်လ်နီညိုဖြစ်ပေါ်ပုံဟုဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့်အယ်လ်နီညိုဖြစ်စဥ်
စာရေးသူတို့နိုင်ငံတွင် အယ်လ်နီညိုဖြစ်စဥ်များရှိခဲ့ပါသည်။ ယခုလာမည့် ၂၀၂၄ မှာလည်းအယ်လ်နီညိုဖြစ်နိုင်ဖွယ်ရှိကြောင်းခန့်မှန်ပြောဆိုသည်ကိုလည်းကြားသိရသည်။မြန်မာနိုင်ငံ၌ အယ်လ်နီညိုဖြစ်ပေါ်သည်ကာလများတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပူပြင်းခြောက်သွေ့ခြင်း၊မိုးခေါင်ခြင်း၊ရေရှားခြင်း၊မုတ်သုန်မိုးအားနည်းခြင်းတို့ကြုံတွေ့ရသည်။ ထို့ပြင်အနောက်တောင်မုတ်သုန်လေအဝင်နောက်ကျခြင်း၊မုတ်သုန်လေအားနည်းခြင်း၊ မုန်သုန်အထွက်စောခြင်း၊ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှုပုံမှန်ထက်လျှော့နည်းခြင်းတို့ဖြစ်ပေါ်သည်။
ထိုဖြစ်စဥ်များကြောင့်စိုက်ပျိုးရေးလုပ်ငန်းကိုထိခိုက်စေသည်။အပူချိန်မြင့်မားခြင်းကြောင့် ကျန်းမာရေးကိုလည်းထိခိူက်စေပါသည်။၂၀၁၉ ခုနှစ်က အမြင့်ဆုံးအပူချိန် ၃၂ ဒသမ ၅ ဒီဂရီဆဲလ်စီယပ်အထိဖြစ်ခဲ့သည်။ယခုနှစ်ဇူလိုင်လကလည်း အားအနည်းငယ်ရှိသောအယ်လ်နီညိုအခြေအနေဖြစ်ခဲ့ကြောင်းလည်းသိရသည်။အားအလွန်ကောင်းသောအယ်လ်နီညိုသည် ၁၉၈၂-၈၃ ၊၁၉၉၇-၉၈နှင့်၂၀၁၅-၁၆ တို့တွင်
ဖြစ်ပေါ်ခဲ့ကြောင်းလည်းသိရသည်။
အယ်လ်နီညိုနှင့်ရေရှားပါးမှု
အယ်လ်နီညိုရာသီကြောင့် ဖြစ်ပေါ်သောသဘာဝဘေးအန္တရာယ်များတွင် ရေရှားပါးမှုလည်းပါဝင်သည်။အယ်လ်နီညိုရာသီသည်အလွန်ပူသောကြောင့်ဖြစ်သည်။ထို့ကြောင့်ရေခန်းခြောက်မှုကိုဖြစ်စေသည်။၂၀၁၀ပြည့်နှစ်က အမြင့်ဆုံးအပူချိန်မှာ ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယမ်အထိရှိခဲ့သည်။ထိုအယ်လ်နီညိုဖြစ်စဥ်ကြောင့် ရှမ်းပြည်နယ်ရှိ အင်းလေးကန်အတွင်းရေခန်းခြောက်မှုဖြစ်ပွားခဲ့သည်။ထို့ပြင် ၂၀၁၅ ခုနှစ် မတ်၊ဧပြီ၊မေလများတွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျေးရွားပေါင်း ၄၆၄ ရွာရေပြတ်လပ်သည့်ဒဏ်ကိုခံခဲ့ကြရသည်။အညာကဲ့သို့သောဒေသများသည်အများအားဖြင့်ကန်ရေကိုသာအားထားကြရသဖြင့် ကန်ရေခန်းခြောက်ပါက ရေရှားပါးမှုအန္တရာယ်ကိုရင်ဆိုင်ကြရမည်ဖြစ်ပါသည်။ထို့ကြောင့်ရေကိုချွေတာသုံးစွဲဖို့လိုသလိုရေထုညစ်ညမ်းမှုမရှိအောင်လည်းကာကွယ်ကြရမည်ဖြစ်ပါသည်။
အယ်လ်နီညိုနှင့်စိုက်ပျိုးရေး
ရေနှင့်စိုက်ပျိုးရေးသည်တိုက်ရိုက်ဆက်စပ်နေပါသည်။စိုက်ပျိုးရေးအတွက် မြေဆီလွှာကအဓိကကျသလို ရေကလည်းအဓိက ကျပါသည်။
မြေရှိပြီးရေမရှိကစိုက်ပျိုး၍ရမည်မဟုတ်ပေ။အပူချိန် ၁ ဒီဂရီတိုးလာပါက ချောင်းနှင့်မြောင်းများရေခန်းနိုင်သည်။၂ ဒီဂရီတိုးလာပါက ရေတွင်း၊ရေအိုင်များတဖြည်းဖြည်းခန်းလာနိုင်သည်။အပူချိန် ၃ ဒီဂရီတိုးလာပါက မြေအောက်ရေများပင်ခန်းခြောက်သွားနိုင်ကြောင်းသိရသည်။လာမည်၂၀၂၄ ခုနှစ်တွင်အယ်လ်နီညိုရာသီခြစ်နိုင်သည်ဟုဆိုသဖြင့် ရေရှားပါးမှုဖြစ်နိုင်ပြီး စိုက်ပျိုးသီးနှံများ ရေငတ်ဒဏ်ကိုညခံရနိုင်ဖွယ်ရှိပါသည်။ထို့ကြောင့်ပြည်အသက်သွေးကြောဖြစ်သော ဆန်းစပါးစိုက်ပျိုးရာတွင် ရေလိုအပ်ချက်ရှိလာနိုင်သဖြင့် သက်တမ်းတိုပြီး အထွက်ကောင်းသည့်စပါးမျိုးကိုရွေးချယ်စိုက်ပျိုးသင့်ပါသည်။
အယ်လ်နီညိုနှင့် ကျန်းမာရေး
အယ်လ်နီညိုသည်အပူချိန်မြင့်မားသောဖြစ်စဥ်တစ်ခုပင်ဖြစ်ပါသည်။အပူချိန်မြင့်မားခြင်း၏ဘေးထွက်ဆိုးကျိုးများမှာ အပူရှပ်ခြင်း၊နှာခေါင်းသွေးလျှံခြင်း၊သွေးတိုးခြင်း၊ချွေးထွက်လွန်ကာ သွေးပေါင်ကျခြင်း၊ရေကျောက်ရောဂါ၊အပူဝမ်း ရေငတ်ဝမ်းကျရောဂါ၊အရေပြားရောဂါအမျိုးမျိုးကိုဖြစ်ပေါ်စေနိုင်သည်။အထူးသဖြင့်အပူရှပ်ခြင်းနှင့်ချွေးထွက်လွန်၍ သတိလစ်ခြင်းမျိုးဖြစ်လေ့ရှိသည်။အယ်လ်နီညိုရာသီဥတုဖြစ်၍ အပူချိန်ပြင်းထန်ပါက အဝတ်ပါးပါးပွပွကိုဝတ်‌ဆင်ခြင်း၊ရေများများ‌ သောက်ပေးခြင်း၊အရိပ်ရ၍အေးမြသောနေရာတွင်နေခြင်းဖြင့်ကာကွယ်နိုင်သလို အပူစုပ်သောအဝတ်ဝတ်ခြင်းကိုလည်းရှောင်ကြဥ်ရပါမည်။ထို့ပြင်ခန္ဓာကိုယ်အတွင်းအပူငြိမ်းစေမည့် ဖရဲသီး၊ သခွားသီး၊ပူစီနံရွက်၊မုန်လာဥဖြူ၊အုန်းစိမ်းရည်၊သလဲသီး၊နွားနို့စသည်တို့ကိုစားသုံးပေးခြင်းဖြင့်အယ်လ်နီညိုကြောင့်ဖြစ်သောကျန်းမာရေးပြဿနာများကိုဖြေရှင်းပေးနိုင်ပါသည်။
အယ်လ်နီညိုကို ရင်ဆိုင်မည့်နည်းလမ်း
အကယ်၍လာမည့် ၂၀၂၄ ခုနှစ်တွင် အယ်လ်နီညိုဖြစ်စဥ်ရှိသည်ဟုကြားသိရသည့်အတိုင်းဖြစ်ခဲ့သော်မည်သို့ရင်ဆိုင်ကြမည်နည်း။ကြိုတင်ပြင်ဆင်ထားသင့်သည်ဟုထင်ပါသည်။ပြင်လည်းပြင်ဆင်သင့်ပါသည်။အယ်လ်နီညိုကအများအားဖြင့် အပူချိန်လွန်ကဲခြင်းကြောင့်ရေရှားခြင်းကိုထြစ်စေသည့်အတွက် သောက်ရေ၊သုံးရေကိုစနစ်တကိချွေတာသုံးစွဲဖို့လိုပါသည်။စိုက်ပျိုးရေးအတွက်ဆိုလျှင် သာရေးသူအထက်မှာဖော်ပြခဲ့သလို သက်တန်တိုသီးပင်စားပင်နှင့်သက်တမ်းတိုစပါးကိုစိုက်ပျိုးသင့်ပါသည်။သို့မှသာရေကိုချွေတာနိုင်မည်ဖြစ်သည်။
ထို့ပြင်ရေတွင်း၊ရေကန်နှင့်မြစ်၊ချောင်းများရှိရေကိုစနစ်တကျအလေအလွင့်မရှိအောင်သုံးစွဲကရမည်။ရေထုညစ်ညမ်းစေမည့်အပြုအမှုများကိုရှောင်ကြဥ်ရမည်ဖြစ်သည်။ထို့ပြင်စိုက်ပျိုးရေးအတွက်လည်း အယ်လ်နီညိုရာသီနှင့်လိုက်လျှောညွထွေရှိသော အသီးအနံပင်များကိုရွေးချယ်စိုက်ပျိုးသင့်ပါသည်။ကျန်းမာရေးအနေဖြင့်ရေများများသောက်သင့်ပါသည်။ခန္ဓာကိုယ်အတွင်းရှိရေသည် ပြင်ပအပူချိန်နှင့်လိုက်လျောညီထွေဖြစ်အောင်ထိန်းညှိပေးသောကြောင့်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် အယ်လ်နီညိုရာသီဖြစ်စဥ်မပေါ့ဆသင့်သောသဘာဝဖြစ်စဥ်တ်ခုဖြစ်သည်။အယ်လ်နီညိုဖြစ်ပေါ်ပါက လူသားတို့သည်သဘာဝဘေးအန္တရာယ်များကိုရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်သည်။အယ်လ်နီညိုဖြစ်စဥ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုလေဝသနှင့်သဘာဝဘေးအန္တရာယ်များ၊ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များကိုကြိုတင်သတိပြုကာ ကြိုတင်ကာကွယ်ဖို့လိုကြောင်းသတိပေးရေးသားတင်ပြလိုက်ပါသည်။
ကိုကျော်စွာ(ကျိုက်ပိ)

About The Author

greenness_mm

No Comments

Leave a Reply