“”အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါး/ပုစွန်မွေးမြူရေးကဏ္ဍများအပေါ် သက်ရောက်နိုင်မှုများကို ကြိုတင်ကာကွယ်ခြင်း”

“”အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါး/ပုစွန်မွေးမြူရေးကဏ္ဍများအပေါ် သက်ရောက်နိုင်မှုများကို ကြိုတင်ကာကွယ်ခြင်း”

EL Nino- Southern Oscillation(ENSO)အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက် ထူးကဲစွာ ပူနွေးလာသည့် အီကွေတာရပ်ဝန်း ပစိဖိတ်သမုဒ္ဒရာရှိပင်လယ်ရေပြင်အပူရှိန်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ယင်းနှင့် ဆက်စပ်နေသော လေထုနှင့် ရေစီးကြောင်းများ ပြောင်းလဲကာ ပစိဖိတ်သမုဒ္ဒရာဝန်းကျင် ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသော ဒေသများ၏ မိုးလေဝသအခြေအနေ သက်ရောက်သည့်ဖြစ်စဥ်ကို ခေါ်သည်။
၂၀၂၃ ခုနှစ် နွေရာသီကို အပူဆုံးနှစ်အဖြစ် နာဆာမှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များက မှတ်တမ်းတင်ထားကြောင်း သိရသည်။နာဆာအဖွဲ့မှ လာမည့်နွေရာသီတွင် အခြားသောနှစ်များထက် ၀.၄၁° F ထက် ပိုပူမည်ဖြစ် ကြောင်းနှင့် ၁၉၅၁ ခုနှစ်၊ ၁၉၈၀ ခုနှစ် နွေရာသီ ပျှမ်းမျှအပူချိန်ထက် ၂.၁ °F ပိုပူမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။လက်ရှိတွင် ကနေဒါနှင့် ဟာဝိုင်ရီ တို့၌ ပြင်းထန်သည့် တောမီးလောင်ကျွမ်းမှုနှင့် ကမ္ဘာတစ်ဝန်းအပူချိန်မြင့်မားမှုတို့ ဖြစ်ပေါ်နေသည့်အပေါ်မူတည်၍ လာမည့်နွေရာသီတွင် အပူချိန်မြင့်မား
မှုကို တွက်ချက်ထားခြင်း ဖြစ်ပါသည်။
ရာသီဥတုဆိုင်ရာ မိုးလေဝသပညာရှင်များ၏ လေ့လာတွေ့ရှိချက်များ အရ ယခုကာလမှစတင်၍ အပူချိန်ပြင်းထန်မှုကိုဖြစ်စေသည့် အယ်လ်နီညို
ရာသီဥတုဖြစ်စဥ် စတင်ဖြစ်ပွားနေပြီး ၂၀၂၄ ခုနှစ်အထိ သက်ရောက်မှု ရှိနေမည်ဖြစ်၍ မုတ်သုန်အလွန်ကာလများတွင် အပူချိန်မြင့်မားမှုကို သတိပြု၍ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။
အယ်လ်နီညိုရာသီဥတု
အယ်လ်နီညိုဖြစ်ပေါ်နေသည့် နှစ်များတွင် ရာသီဥတု ပူပြင်းခြောက်သွေ့ ခြင်း၊မိုးခေါင်ရေရှားမှု ပြဿနာများနှင့် ကြုံတွေ့ရခြင်း၊မုတ်သုန်မိုးနည်း
ခြင်း၊ မုတ်သုန်လေအဝင်နောက်ကျခြင်း၊မုတ်သုန်လေ စောထွက်ခြင်း၊ ဘဂ်လားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်အောက်လျော့နည်းခြင်း စသည့် မိုးလေဝသနှင့် ရာသီဥတု အပြောင်းအလဲဖြစ်စဥ်များကြောင့် ရေချို/ရေငန် ငါး/ပုစွန်ထုတ်လုပ်မှုကို သက်ရောက်နိုင်မည် ဖြစ်ပါသည်။
အယ်လ်နီညိုဖြစ်ရပ်ကြောင့် သမုဒ္ဒရာအပေါ်လွှာအား ပူနွေးစေပြီး ပင်လယ်ကြမ်းပြင်ရှိ အစာအာဟာရများသည် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိ ရန် နှေးကွေးစေသောကြောင့် ရေသတ္တဝါများ၏ အစာအရင်းအမြစ်များ လျော့နည်းစေခြင်း၊ရေအရင်းအမြစ်များ၊ရေအရည်အသွေး၊ရေသတ္တဝါများ၏ အစာကွင်းဆက်များကို အကျိုးသက်ရောက်ထိခိုက်စေနိုင်သဖြင့် ကြိုတင်ကာကွယ်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိသင့်ပါသည်။
အယ်လ်နီညိုနှင့် ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်မည့် အခြေအနေများကို ကြိုတင်ကာကွယ်ခြင်း
အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ နှစ်ဦးမှစ၍ အပူချိန် မြင့်တက်ခြင်း၊မုတ်သုန်ဝင်ရောက်မှုနောက်ကျခြင်း၊မုန်တိုင်းများ ဖြစ်ပေါ်
ခြင်း၊ မိုးဦးကာလ မိုးရေရရှိမှုနည်းခြင်းစသည့် လက္ခဏာများ ကြုံတွေ့နေရပြီဖြစ်၍ မိုးနှောင်းပိုင်းနှင့် နွေရာသီကာလများတွင် ရေခန်းခြောက်ခြင်း၊
အပူချိန် မြင့်မားခြင်း၊ခြောက်သွေ့ခြင်းတို့ကြောင့် ငါးများ သေဆုံးခြင်း၊ ငါးနေငါးထိုင် ပျက်ယွင်းခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ကာကွယ် ရေးအတွက် ငါး/ပုစွန်မွေးမြူသူများနှင့် ရေလုပ်သားများမှအောက်ပါအသိပညာပေးလုပ်ငန်းများကို သိရှိဆောင်ရွက်ထားရှိသင့်ပါသည်။
(က)အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်ခြင်း၊မုတ်သုန်ဝင်ရောက်မှု နောက်ကျခြင်း၊မုန်တိုင်းဖြစ်ပေါ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်များအတွင်း ငါးများသေဆုံးပျက်စီးမှုမရှိစေရန်နှင့် ငါးမွေးကန် များတွင် မွေးမြူထားသောငါးများ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များ ကို နေ့စဥ်ထုတ်သတင်းစာများ၊ရေဒီယို၊ရုပ်မြင်သံကြားနှင့် သတင်းကွန်ယက် များတွင် ထုတ်ပြန်ကြေငြာ​နေသည့်အတွက် ထိုကြေငြာချက်များကို သိရှိထားရန်လိုခြင်း၊
(ခ)ရာသီဥတု ပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာ တိုက်ရိုက် ထိခိုက်မှုမှာ ရေချိုရရှိမှုပြောင်းလဲခြင်း၊အပူချိန်ပြောင်းလဲခြင်း၊ပင်လယ်ရေ မျက်နှာပြင်အမြင့် ပြောင်းလဲခြင်း၊ရေကြီးနစ်မြုပ်ခြင်းတို့ကြောင့် ငါးများ သွားလာရာ ငါးတက်/ငါးဆင်းလမ်းကြောင်းပြောင်းလဲခြင်း၊ငါးနေငါးထိုင် ပျက်ယွင်းခြင်းများ ဖြစ်ပေါ်နိုင်၍ ထို့သို့ ဖြစ်ပေါ်ပါက ပြန်လည်၍ ငါးတက်ငါးဆင်းလမ်းကြောင်းများကို ထိန်းသိမ်း​ပေးခြင်း၊
(ဂ)အပူချိန်ပြောင်းလဲမှုဆိုင်ရာ ဖိအားများသည် မွေးမြူထားသောငါးများ၏ အောက်စီဂျင်လိုအပ်မှုများနှင့် ဇီဝကမ္မဗေဒဆိုင်ရာများ ထိခိုက်စေခြင်းတို့ ဖြစ်ပေါ်စေသဖြင့် ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ခြင်း၊
(ဃ)အပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ ကန်ရေများ ရေငွေ့ပျံပြီး ရေလျော့နည်းကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်
အညစ်အကြေးကြောင့်သော် လည်းကောင်း၊မွေးမြူထားသော ငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော် လည်းကော
င်း၊ ရေထုညစ်ညမ်းခြင်းနှင့် ဆက်စပ်၍ ငါးရောဂါကျရောက် တတ်သဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှ
င့် ငါးအစာအလွန်အကျွံကျွေးခြင်းကို လျော့ချ ခြင်း၊
(င)နံနက်ပိုင်း မိုးအုံ့သောရက်၊နှင်းကျသော ရက်များနှင့် နေထွက်နောက်ကျ သော ရက်များတွင် ငါးများခေါင်းထောင်လျှက် ကူးခတ်ခြင်း၊ကမ်းစပ်သို့ စုပြုံလာခြင်းမျိုးရှိပါက ငါးမွေးမြူရေးကန်သည် အောက်ဆီဂျင်လျော့နည်းမှု ဖြစ်ပွားနေသဖြင့် ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ရေပန်းချခြင်း၊ရေဒလ က်များ မောင်းပေးခြင်း၊မွေးမြူရေးကန်အတွင်း လှေလှော်ပေးခြင်း စသည့်နည်းလမ်းများဖြင့် ရေတွင်ပျော်ဝင်အောက်စီဂျင်မြင့်တက်စေရေးတို့ကို ဆောင်ရွက်ခြင်း၊
(စ)ငါးမွေးမြူရေးကန်များ နေအပူချိန်လွန်ကဲမှုကြောင့် ရေခမ်းလာပါက သန့်ရှင်းသောရေသစ်များ ဖြည့်သွင်းပေးခြင်း၊
(ဆ)ငါးမွေးကန်၌ ပုံမှန်မဟုတ်သော အခြေအနေပြောင်းလဲခြင်းမျိုးများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါက အနီးဆုံး ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို လိုက်နာဆောင်ရွက်သင့်ပါသည်။
အချုပ်အားဖြင့် ဆိုရသော်-
ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဥ်သည် ကမ္ဘာ့လူသားအားလုံး တွင် အကျိုးသက်ရောက်မှုရှိမည်ဖြစ်၍ မိုးလေဝသဖြစ်စဥ်များကို အစဥ် သတိပြု ဆောင်ရွက်ရန်လိုအပ်ပြီး မိုးလေဝသရာသီဥတုတို့အပေါ် အမှီပြုနေ ကြရသည့် စိုက်ပျိုးရေး/မွေးမြူရေးတို့တွင် ရာသီဥတုပြောင်းလဲမှု၏ သက် ရောက်မှုများကို ကြိုတင်ကာကွယ်ပြင်ဆင် ဆောင်ရွက်ထားရှိကြရန် လိုအပ်
ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ရေးသားသူ- နှင်းအိ(ရာမညမြေ)

About The Author

greenness_mm

No Comments

Leave a Reply