အိန္ဒိယက ဟိုက်ဒရိုဂျင်သုံး ပြည်တွင်းဖြစ် ဘတ်စ်ကားကိုထွင်နိုင်ပြီ

အိန္ဒိယက ဟိုက်ဒရိုဂျင်သုံး ပြည်တွင်းဖြစ် ဘတ်စ်ကားကိုထွင်နိုင်ပြီ

                       အိန္ဒိယနိုင်ငံ ပူနီပြည်နယ်က KPIT လီမိတက် ပုဂ္ဂိလ ကုမဏီနဲ့ သိပ္ပံစက်မှုသုတေသနကောင်စီတို့ ပူးပေါင်းပြီး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဘတ်စကား ထုတ်လုပ်ကာ မနေ့က အများပြည်သူကို ပြသနိုင်ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီး ဂျီတန်ဒရာဆင်းဂ် အဲ့ဒိကားပြပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
                    ဟိုက်ဒရိုဂျင်ကား တစ်စီးရဲ့ စွမ်းအင်သုံးစွဲ မှု ကုန်ကျစရိတ် က ဒီဇယ်ကား တွေထက် အများကြီး သက်သာပါတယ်။ ပြီးတော့ ဟိုက်ဒရိုဂျင်ကားတွေရဲ့ အိတ်ဇောပိုက်က ရေပဲထွက်လာမှာ ဖြစ်လို့ ကာဗွန် သုံညရည်မှန်ချက်ကို အများကြီးအထောက်အကူ ဖြစ်စေနိုင်မှာပါ။
                      အိန္ဒိယနိုင်ငံ ရဲ့ လူထုညစ်ညမ်းမှု ၁၂ % က ဒီဇယ်ကားကြီးတွေက ထွက်ရှိတာပါ။ အခုတီထွင်လိုက်တဲ့ ဟိုက်ဒရိုဂျင်ကားတွေ ကြောင့် အိန္ဒိယမြို့တွေက လမ်းတွေမှာ လေထုညစ်ညမ်းမှု အများကြီး သက်သာ သွားမှာပါ။ ဟိုက်ဒရိုဂျင်ကားတွေက လေနဲ့ ဟိုက်ဒရိုဂျင်ကို သုံးပြီး လျှပ်စစ်ဓာတ်ထုတ်ပေးမှာပါ။ အဲ့ဒိလျှပ်စစ်နဲ့ ကားတွေကို မောင်နှင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် သယ်ယူပို့ဆောင်ရေးကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှုကို အပြီးသတ် ကာကွယ်သွားလို့ရသွားမှာဖြစ်ပါတယ်။
                   အဝေးပြေးဒီဇယ်ကာတစ်စီးက တစ်နှစ်ကို ကာဗွန် တန်ချိန် ၁၀၀ကျော် လေထုထဲကို ထုတ်လွှတ်ပါတယ်။ အိန္ဒိယမှာ အဲ့လိုဘတ်စ်ကားတွေ သန်းနဲ့ ချီရှိတဲ့ အတွက်ကြောင့် လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက် ဘယ်လောက်ထုတ်လွှတ်နေသလဲဆိုတာကို တွက်ချက်လို့ ရပါတယ်။ ဟိုက်ဒရိုဂျင်ကားကတော့ ကာဗွန်ထုတ်လွှတ်မှု သုံည အခြေအနေမှာရှိပါတယ်။
ဝန်ကြီးချုပ် မိုဒီကလည်း သန့်စင်တဲ့ စွမ်းအင်ရရှိဖို့ အတွက် လုပ်ငန်းတွေ တိုးချဲ့ရန်နဲ့ စက်မှုလုပ်ငန်းတွေနဲ့ တိုင်ပြည်ရဲ့ စီးပွာရေး လုပ်ငန်းတွေမှာ သန့်စင်စွမ်းအင် အသုံပြုဖို့အတွက် မှာကြားနေပါတယ်။
                    အစိမ်းရောင် ဟိုက်ဒရိုဂျင်စွမ်းအင်က ကောင်းမွန်သော သန့်ရှင်းသော စွမ်းအင်သုံး သန့်စင်စက်၊ ဓာတ်မြေသြဇာလုပ်ငန်း၊ သံမဏိလုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်းနှင့် အကြီးစား ကူးသန်းရောင်းဝယ်ရေး သယ်ယူပို့ဆောင်ရေး ကဏ္ဍတို့မှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို နက်ရှိုင်းစွာ ချေဖျက်နိုင်စေပါတယ် ” လို့ ပြည်နယ်ဝန်ကြီးကဆိုပါတယ်။
မောင်ယဿ
REF: time nownews

About The Author

greenness_mm

No Comments

Leave a Reply