အိမ်မက်ကမ္ဘာမှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်…. အပိုင်း (၁)

အိမ်မက်ကမ္ဘာမှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်…. အပိုင်း (၁)

မြစ်ကြီးနား၏ ညနေခင်းသည် မှုန်ရီစွာလှပနေသည်။ ကချင်တောင်တန်းများပေါ်မှ ပြေးဆင်းလာသောလေက သစ်ရွက်စိမ်းနံ့ကို သယ်ဆောင်လာကာ သစ်ပင်များ ကျန်းမာလျက်ရှိကြောင်းပြော ဆိုကြလေသည်။
‘’ခါကာဘိုရာဇီတောင်တန်းမှာ လေရှူရတာ သိပ်ကိုအရသာရှိမှာပဲနော်”
မျက်နှာချင်းဆိုင်မှ အေးအေးဆေးဆေးထိုင်နေသော ဦးစောလွင်ကိုကျွန်မ နိဒါန်းမေးခွန်း မေးလိုက်ခြင်းဖြစ်၏။ ကျွန်မသည် မနက်တုန်းက ဦးသိန်းအောင်နှင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ဆောက်ရေးအကြောင်း စကားစပြီးကတည်းက ခါကာဘိုရာဇီကို တွေ့ချင်နေလေပြီ။ ယခုညဘက်အစီအစဉ်မှာ ဟောပြောပွဲမလုပ်ဘဲ ခါကာဘိုရာဇီခရီးအကြောင်း မှတ်တမ်းတင် ဗီဒီယို ခွေပြမည်ဟုလည်း ကြေညာထားသည်။ ဗီဒီယိုမှာမမြင်ရမီ ကြိုပြီး သိထားချင်တာလေးတွေ ရှိသဖြင့် ညစာထမင်းစားပြီးခါစ ရေနွေးကြမ်းဝိုင်းမှာ ထမင်းလုံးစီဆဲ ဦးစောလွင်ကို အရအမိမေးရပေတော့မည်။
“အန်တီက လေကို တန်းဖိုးထားတယ်ဆိုရင် ခါဘိုရာဇီဟာ အဖိုးမဖြတ်နိုင်တဲ့ လေထုကြီးပါပဲ’’ ဦးစောလွင်က ကျွန်မကို သူများတွေခေါ်သလို ‘ဆရာမ’ ဟုမခေါ်ပေး အန်တီဟု ရင်းနှီးစွာခေါ်သည်။ သူ့ကိုကြည့်ရသည် ကလည်း ကျွန်မမျက်စိထဲမှာ ကလေးတစ်ယောက်လိုပဲ မြင်နေသည်။ ပြုံးလွယ်ရယ်လွယ်ပြီး ပွင့်ပွင့်လင်းလင်း ရှိလျက် တစ်ပြိုင်တည်းမှာပင် မွန်ရည်ယဉ်ကျေးနေလေသည်။ ရန်ကုန်အင်ယားမြိုင်မှာ သစ်ခွခြံကြီးကိုဦးစီး လျက်ကုမ္ပဏီအဖြစ် ပြည်ပနှင့်ပင် ဆက်သွယ်နေသူ Myanmar Flora Co.Ltd ပိုင်ရှင်ဟုသော ဆိုရသည် အသက်က ငယ်ရွယ်နုနယ်သေးကြောင်း သူ့စကားသံများက ပြနေကြ၏။ ဤသင်တန်းသို့ သစ်ခွပညာရှင်၊ သစ်ခွကျွမ်းကျင်သူ အဖြစ်လာရောက်ပို့ချနေစူဖြစ်သည်။ အမှန်ကို ဝန်ခံရသောကျွန်မသည် သစ်ခွကို မရင်းနှီးပင်။ သစ်ခွဆိုသည်မှာ ဈေးကြီးသောသူဌေးပန်းဟု ယူဆထားသဖြင့် ကျွန်မလို ဆင်းရဲသားများနှင့် လားလားမျှမထိုက်ဆိုပြီး သူ့သင်တန်းလက်ချာကိုပင် လိုက်မနာထောင်ခဲ့ပေ။ ယခုဦးစောလွင်ကို ကျွန်မမေးချင်နေသည်က သစ်ခွအကြောင်းမဟုတ်။ ခါဘာဘိုရာဇီအကြောင်း။ သူသည်ခြေလျင်တောင်တက် အသင်းနှင့်ခါဘာဘိုရာဇီကို ခြေချခဲ့ဖူးသည်ဟု သိထားသဖြင့် မေးချင်နေခြင်း။
“ကိုစောလွင်က တောင်တက်ဖို့ဝါသနာပါတာလား” “အမျန်တော့သစ်ခွကို ဝါသနာပါတာ။ ဖေဖေ့လက်ထပ် ကတည်းကပေါ့။ သစ်ခွဝါသနာပါလို့ သက္ကသိုလ်တက်တော့ တခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ် တွေအမှတ်မှီလျက်နဲ့ ကျွန်တော်က လော့တနီပဲယူခဲ့တယ်”
“ဒီလောက်တောင်ကိုး” “ခုတော့လည်း သစ်ခွက ကျွန်တော်အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်သွားရော” “ကောင်းလိုက်တာ၊ ကိုယ်ဝါသနာပါတာနဲ့ ကိုယ့်အသက်မွေးဝမ်းကျောင်းနဲ့ တစ်ထပ်တည်းကျတော့ ကိုစောလွင်ကံကောင်းတာပေါ့။ ခြေလျင်တောင်တက် အသင်းဝင် ဖြစ်တာကရော”
အဲသလို သစ်လွဝါသနာပါတော့ တောထဲတောင်ထဲ သစ်ခွရှာဖို့သွားရတာနဲ့ ဆက်စပ်နေတယ်လေ။ ဒါနဲ့ခြေကျင်တောင်တက်အသင်းလည်းဝင်ဖြစ်တယ်။ ခရီးလည်းထွက်ဖြစ်တယ်။ ပြီးတော့ ပြည်ပလာတဲ့ ခြေကျင်တောင်တက်သမားတွေနဲ့ ဆက်သွယ်စီစဉ်ပေးဖို့အကြောင်း ဖန်လာပြီး ခါဘာဘိုရာဇီတောင်ဘက် ခရီးမျိုးကို သွားခွင့်ရခဲ့တာပါ။ “ ကိုစောလွင်က ကိုယ်တိုင်တက်ခဲ့ဖူးတဲ့လူမို့ သိချင်တာလေးတွေကိုမေးပါ ရစေ။ မေးခွန်းများတယ်လို့ တော့စိတ်မဆိုးနဲ့နော်”
“ဟာ.. မဆိုးပါဘူး အန်တီမေးချင်တာမေးပါ။ ကျွန်တော်သိတာအကုန်ဖြေပါ့မယ်” ‘ပထမမေးချင်တာက ပြောင်းပြန်ကြီးတောင် ဖြစ်နေမယ်ထင်တယ်။ အန်တီက ကချင်ပြည်နယ်သူဖြစ်ပြီး ရန်ကုန်သားကို မေးနေရလို့လေ၊ နာမည်ပါ။ အန်တီတို့ငယ်ငယ်က ခါခါဘိုရာဇီတောင်လို့ စာထဲမှာ ကျက်ခဲ့ရတယ်လို့ မှတ်မိနေသလိုပဲ။ အခုခေါ်ကြတာက ခါကာဘိုရာဇီနော်။ အဲဒါ မြန်မာလို အဓိပ္ပာယ်ဖွင့်ထားတာရှိလား”
ကိုစောလွင်က လက်နှစ်ဖက်ကို အရှေ့ထုတ်၊ ခေါင်းလေးမော့ပြီး ပြုံးပြုံးရယ်ရယ်နှင့်-
“ရှိပါတယ်အန်တီ၊ ကျွန်တော်က ကိုယ်သွားခဲ့တဲ့ ခရီးဆိုရင် သေသေချာချာ စာနဲ့မှတ်တမ်းတင်ထားတာပါ။ ကြုံတုန်းပြောရဦးမယ်။ ကျွန်တော်လည်း စားရေးဆရာလေ”
သူနောက်နေသည်ဆိိုပြီး ကျွန်မလည်း ပြုံးရင်-
“တူသားပဲ စားရေဆရာနဲ့၊ မျက်မှန်တပ်တာရယ်၊ ပြီးတော့…” “တကယ်ပါအန်တီရဲ့၊ ကျွန်တော် မျိုးမြန်မာမှာ ခါဘာဘိုရာဇီတက်တဲ့ အကြောင်းရေးဖူးတယ်”
“ဟုတ်လား၊ အဲ့ဒီစာစောင်မဖတ်ဖူးဘူး၊ စာစောင်တွေသိပ်များတော့လွတ်တယ်။ ဒီလိုပဲ ကိုယ်ရေးတာလည်း မဖတ်ကြရတာများတယ်။ ခါကာဘိုရာဇီကို ဘယ်တုန်းကတက်တာလဲ။ အဲ. . .အဲ. . .နေဦး၊ ခုနမေးတဲ့ဟာ အရင်ဖြေပါဦး။ မြန်မာလို အဓိပ္ပာယ်က. . .”
“ဒီလိုအန်တီရဲ့၊ ရုက္ခဗေဒပညာရှင် Kingdom Ward က မြန်မာပြည်ရေခဲတောင်များ (Burma’s Icey Mountains) ဆိုတဲ့စာအုပ်ကိြရေးတယ်။ အဲဒီ့မှာ ခါကာဘိုရာဇီ အဓိပ္ပာယ်ကို ဖွင့်ခဲ့တာပါ။ Ka or Kamg ဆိုတာ တိဘက်စကားဆီးနှင်းခဲ Snow လို့အဓိပ္ပာယ်ရတယ်တဲ့။ Karpo ဆိုတာက အဖြူရောင်။ ကကာပိုဆိုတော့ ဖြူဖွေးသောဆီနှင်းခဲ၊ ရေခဲဖုံးတောင်တန်းကြီးများခေါ်တယ်တဲ့။ Raziက တောင်ထွက်၊ တိဘက်စကားပဲ။ အင်ဂလိပ်လိုဆိုရင် Peak ပေါ့”
“ဒါဆိုရင် ခါကာဘိုရာဇီဆိုတာ တီဘက်စကားပေါ့။ ကိုယ်က ကချင်စကားအောင်မေ့နေတာ” “ရဝမ်စကားနဲ့ ရာဇီစကားဆိုတာ တောင်လို့လည်း အဓိပ္ပာယ်ရတယ်တဲ့။ ခါကာဘိုရာဇီအမည်ရှိတောင် လို့လည်းဆိုလို့ရမယ်ထင်တယ်”
“ နှစ်မျိုးလုံးဖြစ်နိုင်တယ်ပေါ့နော်။ အဲဒီ ခါကာဘိုရာဇီကေို နယ်ခံတက်ဖူးကြလား”
“မတက်ကြဘူးခင်ဗျ။ မတက်တဲ့အကြောင်းက တက်စရာအကောင်းမရှိလို့လို့ပြောရမယ်။ ဘာလို့လဲ ဆိုတော့ နယ်ခံတွေက ရဝမ်၊ ထလု၊ ထရုံနဲ့ တိဘက်တွေပေါ့လေ။သူတို့က ရေခဲအရည်ပျော်ပြီးအချိန်မှာ ခါကာဘိုရာဇီတောင်တန်း ဝန်းကျင်လောက်မှာ တွေ့ရတဲ့ ရေခဲတောင် ကျွဲရိုင်း၊ ကတိုးကောင်၊ ရေခဲတောင်ဆိတ် စတဲ့တောကောင်တွေကို ပစ်ခတ်ကြတယ်။ ဂိုးရှား၊ မချစ်ဥ၊ ရှီးပတီး စတဲ့ဆေးဖတ်ဝင်အပင် တွေကိုစုကြတယ်။ အဲဒီတောကောင်တွေ၊ ဆေးပင်တွေက အမြင့်ပေး ၁၀၀၀လောက် တက်ရင်တွေ့ပြီး။ ဒီတော် တောင်ထိပ်အထိ မတက်ကြတော့ဘူးပေါ့။ ဆောင်းတွင်းဆိုရင်လည်း ရေခဲကျွံပြီး ချောက်ထဲကျတတ်တော့ တောင်နိုင်တဲ့ အမြင့်အထိပဲ တက်ခဲ့ကြတယ်။
နောက်တစ်ခုကတော့ ရိုးရာယုံကြည်မှုပဲ။ ခါကာဘိုရာဇီတောင်ကြီးကို နတ်မင်းကြီးရှိတဲ့တောင်လို့ယုံကြည်ကြတယ်။တောင်ကြီးပေါ် တက်ရင်နတ်မင်းကြီး စိတ်ဆိုးပြီး လူတွေကို အန္တရာယ်ပေးလိမ့်မယ်လို့ ယုံကြည်ကြတယ် ။သူတို့က ရေခဲအရည်ပျော်ပြီးအချိန်မှာ ခါကာဘိုရာဇီတောင်တန်း ဝန်းကျင်လောက်မှာ တွေ့ရတဲ့ ရေခဲတောင် ကျွဲရိုင်း၊ ကတိုးကောင်၊ ရေခဲတောင်ဆိတ် စတဲ့တောကောင်တွေကို ပစ်ခတ်ကြတယ်။ ဂိုးရှား၊ မချစ်ဥ၊ ရှီးပတီး စတဲ့ဆေးဖတ်ဝင်အပင် တွေကိုစုကြတယ်။ အဲဒီတောကောင်တွေ၊ ဆေးပင်တွေက အမြင့်ပေး ၁၀၀၀လောက် တက်ရင်တွေ့ပြီး။ ဒီတော့ တောင်ထိပ်အထိ မတက်ကြတော့ဘူးပေါ့။ ဆောင်းတွင်းဆိုရင်လည်း ရေခဲကျွံပြီး ချောက်ထဲကျတတ်တော့ တောင်နိုင်တဲ့ အမြင့်အထိပဲ တက်ခဲ့ကြတယ်။နောက်တစ်ခုကတော့ ရိုးရာယုံကြည်မှုပဲ။ ခါကာဘိုရာဇီတောင်ကြီးကို နတ်မင်းကြီးရှိတဲ့တောင်လို့ယုံကြည်ကြတယ်။တောင်ကြီးပေါ် တက်ရင်နတ်မင်းကြီး စိတ်ဆိုးပြီး လူတွေကို အန္တရာယ်ပေးလိမ့်မယ်လို့ ယုံကြည်ကြတယ်တာ ရှိသလို တချို့ကျတော့ ရေခဲရော ကျောက်တုံးရောပေါင်းပြီး ပြိုကျသွားတတ်တယ်။ ဒီအခါမှာ တောင်ကြိုတောင်ကြားဆိုတော့ ပဲ့တင်သံတွေရော အားလုံးပေါင်းပြီး ခုနကပြောတဲ့ ချောက်ချားစရားအသံတွေပေါ်လာတာပါ”
”ဟုတ်ပြီ၊ သဘောပေါက်ပြီ။ ဒီလိုကျောက်တောင်ကြီးတွေပြိုတယ်ဆိုတဲ့ အသံဟာ ကြောက်စရာကောင်းလောက်ပါတယ်။ ဒါနဲ့ခါဘာဘိုရာဇီက ရေခဲတောင်ဆိုတော့ ဖြူနေတာပေါ့လေ”
ရွှေကူမေနှင်း
ဆက်လက်ဖော်ပြပါမည်

About The Author

greenness_mm

No Comments

Leave a Reply