အိမ်မက်ကမ္ဘာမှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်…. အပိုင်း (၂)

အိမ်မက်ကမ္ဘာမှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်…. အပိုင်း (၂)

”မဟုတ်ဘူးအန်တီရဲ့၊ အဖြူရောင်များတာတော့များတာတော့များပါရဲ့။ ဒါပေမယ့် တချို့Glacier ခေါ်တဲ့ ရေခဲမြစ်တွေက အရည်မပျော်တော့ဘူး။ အမြဲခဲနေတယ်။ အဲဒီရေခဲမြစ်တွေက အဖြူရောင်အပြင် အပြာရောင်၊ တချို့ဆိုရင် အစိမ်းရောင်တောက်နေတယ်”
”ဟယ်. . သိပ်ကိုလှမှာပဲနော်။ အပြာတို့၊ အစိမ်းတို့က တောတွေတောင်တွေ သစ်ပင်တွေရဲ့ အရောင်ဟပ်တာများလာမသိဘူး။ ဘာပဲဖြစ်ဖြစ် အဲသလိုလှတဲ့ သဘာဝမြေပြေ တို့နိုင်ငံမှာရှိတယ်ဆိုတာ ပြချင်လိုက်တာ။ ဦးသိန်းအောင်ရဲ့ နယ်ရှင်နယ်ပတ်ခ်ကြီးပြီးရင် ဒီရေခဲတောင်ကိုကြည့်ဖို့ လူတွေလာလာချင်ကြမှာပဲ။
အပန်းဖြေစခန်းအမြန်ဆောက်၊ ရဟတ်ယာဉ်ကွင်းလုပ်၊ Ski စီးလို့ရအောင်စီစဉ်၊ သိပ်ပိုက်ဆံရမှာပဲနော်။ အဲဒီကျ ကိုစောလွင် တိုးကုမ္ပဏီဖွင့်ပါလား”
ကိုစောလွင်က ရယ်နေသည်။
”အဲဒီ တိုးရစ်ကိစ္စကျ ကျွန်တော်ဝါသနာမပါဘူး အန်တီ။ ခါကာဘိုရာဇီအတူတက်ခဲ့တဲ့ ဂျပန်မိတ်ဆွေမိသားစုက ကျွန်တော် တိုးကုမ္ပဏီလုပ်ချင်ရင် ကူညီမယ်လို့ပြောပါတယ်။ ကျွန်တော်က သစ်ခွပဲ”
သူဟာ အတော်သစ္စာကြီးသူပေပဲ။
”ကဲ. . ခါကာဘိုရာဇီတောင်ထွက် မြင်ကွင်းလေးအကြောင်း ဆက်ပြောပါဦး။ ဖြူ၊ စိမ်းပြီးလှမြဲပဲလား။ တောင်ထွက်ကို အမြဲမြင်ရလား”
”အမြဲမြင်ခွင့်မရဘူးခင်ဗျ။ ရာသီဥတုက အမြဲပြောင်းလဲနေတာ။ တောင်ခိုးတွေ၊ နှင်းတွေက အမြအုံ့ဆိုင်နေတော့ ကံကောင်းပါမှတောင်ထွက်ကြီးကို မြင်နိုင်တယ်။ရန်ကုန်ရောက်ရင် အန်တီ့ကို ကျွန်တော်ဓာတ်ပုံတွေပေးပါဦးမယ်”
”ကျေးဇူးပါပဲ ကိုစောလွင်ရယ်။ ကိုယ်တို့က မြန်မာပြည်ဆိုရင် ရွှေတိဂုံရယ်၊ ပုဂံရယ်ပဲ ပြစရာရှိတယ်ထင်နေတာ၊ ဆွမ်ဇာလန်လို ရေခဲတောင်တွေကိုလည်း ဂုဏ်ယူပြီး ပြချင်တာပေါ့။ ဒါနဲ့ခါကာဘိုရာဇီက တောင်တစ်လုံးတည်း မဟုတ်ဘုးနော်”
”ဟုတ်ကဲ့ Rangeပါပဲ။ တောင်တန်းတောင်စဥ်မှာ တောင်ထွတ်တွေနဲ့ပေါ့။ အဲဒီမှာ အမြင့်ဆုံးက ခါကာဘိုရာဇီ။ Kingdom Wardက ရေးထားတယ်လေ၊ ခါကာဘိုရာဇီရဲ့ ကျောက်ဆိုင်တွေကျောက်တောင်တွေဟာ အင်ဂလိပ်ဘုရားကနေမြင်ရတဲ့ ရေခဲတောင်တွေကို ခါကာဘိုရာဇီလို့ထင်ကြတယ်။ မဟုတ်ပါဘူး။ ခါကာဘိုရာဇီက ပူတာအိုကနေ မိုင်ရာကျော်မှာရှိတာမို့ မမြင်နိုင်ပါဘူး”
”ဒါနဲ့ ခါကာဘိုရာဇီကဘအမြင့်ပေဘယ်လောက်လို့ ပြောနိုင်သလား”
‘ပြောနိုင်ပါတယ်အန်တီ၊ ၁၉၃၁၅ပေဆိုတ. အဲဒီအဖွဲ့ရဲ့ တိုင်းတာချက်ပါ”
”နှစ်သောင်းလို့ပဲ အကြမ်းမှတ်ကြစို့။ ကိုစောလွင် အဲဒီပေနှစ်သောင်းအထိ ခြေချခဲ့တာပေါ့နော်”
ကိုစောလွင်ကပြုံးလျှက် လက်ကာသည်။
”မဟုတ်ပါဘူးခင်ဗျ၊ ကျွန်တော်တို့က အဖွဲ့နဲ့တာဝန်ပေးပြီးခွဲ တက်ကြတာ။ အလုံး တစ်ပြုံးလုံးတက်တာမဟုတ်ဘူးလေ။ ကျွန်တော်က ပေ ၁၈,၀၀၀ အထိရောက်တယ်။ ခါကာဘိုရာဇီ Peakအထိ ရောင်တာက Mr.Takashi Ozakiနဲ့ နာအားမားဂျွန်ဆိန်ပါ”
”အိုဇာကီက ဂျပန်ပေါ့နော်။ နမားဂျွန်ဆိန်ဆိုတာ. . .”
”ဒေသခံပါပဲ။ ခါကာဘိုရာဇီတောင်ထိပ်ကို ပထမဆုံးခြေချနိုင်တဲ့ မြန်မာတိုင်ငံသားအဖြစ် သူကဂုဏ်ယူလို့မဆုံးဘူးလေ”
‘’ခါကာဘိုရာဇီကိုတက်ဖို့ အိုဇာကီက ဘယ်လိုစိတ်ကူးရတာလဲ”
“အမှန်က အိုဇာကီတင်မဟုတ်ပါဘူး။ ခါကာဘိုရဦဇီတောင်ကြီးကို နိုင်ငံတကာက တောင်တက်သမားတိုင်း စိတ်ဝင်စားကြတယ်။ ကမာ္ဘအရပ်ရပ်မှာ ပေနှစ်တကာက တောင်တက်သမားတိုင်း စိတ်ဝင်စားကြတယ်။ ကမ္ဘာအရပ်ရပ်မှာ ပေနှစ်သောင်းအထက် တောင်းကြီးတွေရှိပေမယ့် မြန်မာပြည်ရဲ့ လူသူအရောက်အပေါက်နည်းပြီး ဘယ်သူမှ ‌ြေခမချဖူးသေးတဲ့တောင်၊ အပျိုမပေါ့လေ ( Virgin Peal) အဲဒါကြောင့် ပိုပြီးစိတ်ဝင်စားကြတယ်။ ဘယ်သူမှ မရောက်သေးတဲ့အတွက်ခါကာဘိုရာဇီကို ( Mysterious Mountain in Myanmar) လို့တောင်ခေါ်ကြတယ်။ အသိရခက်တဲ့တောင်ပေါ့နော်”
ကျွန်မ ရှက်သလိုခံစားရပါသည်။ ကျွန်မသည် ကချင်ပြည်နယ်ဇာတိ၊ ကချင်ပြည်နယ်သူ၊ ကချင်ပြည်နယ်ကို စောစီးစွန့်ခွာခဲ့၏။ ကချင်ပည်နယ်၏ကျေးဇူးကို ကန်သလိုဖြစ်ခဲ့ပြီလား၊ ဘာမဆိုင်ညာမဆိုင် မှုပဲ ဆိုကြလဲ၊ လာချင်ကြလဲ။
ညကမှောင်စပြုလာပြီး။
ညဘက်သင်တန်းအတွက် သင်တန်းသားအတွက် သင်တန်းသားများ တစ်စတစ်စရောက်လာကြသည်။ စက်ဘီးလေးတွေကိုယ်စီးနှင့်။ မိန်းကလေးတွေရော၊ ယောက်ကျားထေးတွေရော၊ လူငယ်တွေရော၊ လူကြီးတွေရော၊ သင်တန်းထဲတွင် ကျွန်မထက်ပင် အသက်ကြီးသောပင်စင်စား ကျောင်းအုပ်ဆရာကြီးတွေ ပါသည်။ ကျွန်မသည်သူတို့ကို ကြည့်ပြီဂအားတွေတိုးလာသည်။ လူသည် အနာဂတ်ကိုဘယ်တော့မှ အရူံးပေးစရာမလို။ Working Together for a Better Worldဟု YMCA ၏ ကြွေးကြော်သံအတိုင်း ပိုမိုကောင်းမွန်သည်ံ လောကကြီးဖြစ်ပေါ်လာရန် ကျွန်မတို့ အားလုံးအတတူတကွ ပူးပေါင်းကာအခက်အခဲအမျိုး မျိုးကိုကျော်လွှားပြသခဲ့ပြီးမဟုတ်လား။
၎င်းတို့တောင်တက်အဖွဲ့တွင် အမည်ကမ္ပည်းထိုး မခံသော်လည်း အရေးပါလှသည့် မပါမဖြစသော လူသားများလည်းရှိသေးသည်။ ထိုလူများကား
တောင်တက်သမားတို့၏ အိပ်ရာလိပ်၊ ရွက်ဖျင်တဲ၊ တောင်တက်ကရိယာ၊ စားနပ်ရိက္ခာ စသည့်ဝန်ပိုးများကို အထမ်းဖြင့် သယ်ပေးကသည့် ဒေသခံများဖြစ်၏ သယ်ပိုးခ ထိုက်ထိုက်တန်တန်ပေးသည်ဆိုသော်လည်း နဘ်ခံများမရှိပါ ငွေက ဘာတတ်နိုင်မည်နည်း။
“လူသားတွေရဲ့ အားမာန်ကို မှတ်တမ်းတင်ရတာပေါ့နော။ ဗီဒီယိုကောအတော် ရိုက်ဖြစ်ခဲ့လား။ အိုဇာကီပဲရိုက်တာလား’
“စောစောက ပြောဖို့မေ့ခဲ့တယ်။ အဆာဟီတီဗီက ဗီဒီယိုရိုက်ဖို့ Crewစက်အဖွဲ့ပါထည့်ပေးလိုက်တာ။ အဲဒီကင်မရာမင်းတွေကလည်း ခရီးကြမ်းအတွေ့အကြုံရှိတဲ့လူတွေချည်းမို့ ခရီးလည်းသွား၊ ရိုက်လည်း ရိုက်လုပ်နိုင်တယ်”
“တောင်ထိပ်ရောက်တဲ့နေ့က”
“၁၅-၉-၉၆ ပါ။ ရိက္ခာလည်းပြတ်တော့နယ်။ ရာသီဥတုကလည်းဆိုးဝါး၊ ပါလာတဲ့ကြိုးခွေးကလည်း မလောက်တော့ဘုး။ ကြိုးမပါဘဲတက်ဖို့ဆိုတာ အန္တရယ်သိပ်ကြီးတယ်။ ဒါနဲ့ နောက်ဆုံးစခန်းကနေ လူနှစ်ယောက်ပဲတက်ဖို့ ဆုံးဖြတ်ခဲ့ကြတာ။ အသက်စွန့်ပြီး တက်ကြရတာပေါ့။ တောင်ထိပ်ကိုအဲဒီနေ့ညနေ ၃နာရီ၁၂မိနစ်မှာရောက်တယ်။ ရောက်တော့ နှစ်ယောက်သားဖက် ပြီး ‘အောင်ပြီ၊ အောင်ပြီး’လို့ အော်ကြသတဲ့။ မှတ်တမ်းဓာတ်ပုံရိုက်တယ်။ ပြီးတော့နမားးျွန်ဆိန်က အသင့်ယူသွားတဲ့ မြန်မာနိုင်ငံအလံကို တောင်ထိပ်မှာ အမှတ်တရမြှုပ်ထားခဲ့တယ်။ နိုင်ငံတော်ရဲ့ အမြင့်ဆုံးနေရာမျာ နိုင်ငံတော်အလံဟာ ထာဝရတည်နေပြီးပေါ့”
“တောင်ထိပ်က အကျယ်ကြီးနေမှာပေါ့နော်”
“အကျယ်ဘူး။ လူငါးယောက်စာလောက်ကျယ်သတဲ့။ ချွန်နေတာကိုး”
“တောင်ထိပ်မှာ ဘယ်လောက်ကြာကြာနေခဲ့ကြလဲ”
“၁၅ မိနစ်”
အပြန်ခရီးစဉ်အားလုံး ချောမောသဖြင့် ဝမ်သားဂုဏ်ယူဖွယ်ရှိလှ၏။ ပေနှစ်သောင်းနီးပါးမြင့်သော နှင်းတောင်ကြီးခရီးကို Asahi TV မှ ပြသလိုက်သောအခါ တစ်ကမ္ဘာလုံးက မြင်ရသဖြင့် မြန်မာပြည်ကို ပို၍သိလာကြပေရော့မည်။
ရွှေကူမေနှင်း
ဆက်လက်ဖော်ပြပါမည်
ဓာတ်ပုံ အင်တာနက်၊ မူရင်း ဓာတ်ပုံရိုက်ကူးသူများကို လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

About The Author

greenness_mm

No Comments

Leave a Reply