အီဂျစ် COP27 အေပါ် သက်‌ရောက်မှု အတိုင်းအတာတစ်ခု ရှိနေတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် ပညာရှင်များ၏ သုံးသပ်ချက်များ

အီဂျစ် COP27 အေပါ် သက်‌ရောက်မှု အတိုင်းအတာတစ်ခု ရှိနေတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် ပညာရှင်များ၏ သုံးသပ်ချက်များ

—————————-(ရာသီဥတုဆိုင်ရာ အင်တာဗျူး)…………………..

ပြီးခဲ့တဲ့သြဂုတ်လ စောပိုင်းက အမေရိကန်အောက်လွတ်တော် ဥက္ကဌ နန်စီပလိုစီက တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ ကြားကေန ထိုင်ဝမ်ကျွန်းကို အလည်အပတ်သွားခဲ့ပါတယ် ။ အဲ့ဒိကိစ္စရဲ့နောက်ဆက်တွဲမှာ တရုတ်အစိုးရနဲ့ အမေရိကန် အစိုးရကြား ပြုလုပ်ထားတဲ့ ရာသီဥတုဖောက်ပြန်မှု ထိန်းသိမ်းရေး ပူပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်အဝေးတွေ အကုန်လုံး ရပ်သွားပါတယ် ။ ပါရီသေဘာတူညီချက်နှင့် COP26 ရာသီဥတုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို မြှင့်တင်ရာတွင် အဓိက ကျသောနှစ်နိုင်ငံဆက်ဆံရေးသည် အခုချိန်မှာ အနိမ့်ဆုံးအဆင့်ကို ကျရောက်သွားပါပြီ ။ အဲ့ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဆက်ဆံ‌ရေးကျွမ်းကျင်သူတွေရဲ့ ပြောပြချက်ကို ဖော်ပြပေးလိုက်ပါတယ်။
လီရှူး
(Greenpeace East Asia ၏ ကမ္ဘာ့မူဝါဒရေးရာ အကြီးတန်းအကြံပေး)

ကမ္ဘာ့ကာဗွန်ထုတ်လွတ်မှု အများဆုံး နှစ်နိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းလိုက်တယ်ဆိုတာ ကမ္ဘာကြီးအတွက် သတင်းဆိုး တစ်ရပ်ပါပဲ ။ သူတို့ တစ်နိုင်ငံချင်းစီရဲ့ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းတွေက ကမ္ဘာကိုခြိမ်း‌ခြောက်မှု ဖြစ်နေတယ် ဆိုတာက အရေးကြီးတဲ့အပိုင်းပါ ။ အဲ့ဒါတွေကို ဘယ်လိုနည်းနဲ့ ပြောင်းလဲကြမယ်ဆိုတဲ့ ဆွေးနွေးမှုက မဖြစ်မေန လုပ်ရမယ့် ကိစ္စပါဗျာ ။ နှစ်နိုင်ငံဆက်ဆံရေးက အများကြီးအရေးကြီးတယ် ။ အဲ့ဒါကို လျှော့မတွက်နဲ့ဗျ။
တရုတ်ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေ ဖျက်သိမ်းရေးနဲ့ ကာဗွန်ကင်းစင်ရေးလုပ်ငန်းတွေ အသက်ဝင်ဖို့အတွက်က ပါရီသေဘာတူညီချက်ကို သော့ဖွင့်ပေးနိုင်မှ ရမှာပါ ။ ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေက အဲ့ဒိ နှစ်နိုင်ငံကြားမှာ ညီညွတ်မျှတတဲ့ စုဖွဲ့မှုကို မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့ အခုလုပ်နေတဲ့ ကမ္ဘာ့ရာသီစည်းချက်ပျက်နေတာကို ပြင်ဆင်ဖို့အတွက် လုပ်ငန်းစဉ်တွေအားလုံး နောက်ကြောင်းပြန်သွားနိုင်ပါတယ် ။
ရာသီဥတုဆိုင်ရာဆွေးနွေးပွဲတွေ ပျက်ပြား သွားတာက အလွန်အေရးကြီးတဲ့ ကိစ္စပါဗျာ ။ တရုတ်နဲ့ အမေရိကန်က ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းကနေ ခွဲထွက်သွားလို့မရဘူးဗျ။ သူတို့ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်လာရင် တစ်ကမ္ဘာလုံးက နိုင်ငံတွေ ပါဝင်သင့်တဲ့နေရာက ပါဝင်သင့်ပါတယ်။ ကမ္ဘာကြီးကို ပိုမိုကောင်မွန်းတဲ့ နေရာထိုင်ခင်းတစ်ခုအဖြစ် မြင်ချင်တယ်ဆိုရင်တော့ တရုတ်-အမေရိကန် ဆက်ဆံရေးက အရေးကြီးပါတယ် ။ လက်ရှိတွက်ဆလို့ရတဲ့ အနေအထားကတော့နှစ်နိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခထက် ကမ္ဘာရာသီဖောက်ပြန်မှုကို ပိုပြီး အလေးထားသင့်တယ်လို့မြင်ပါတယ် ။

သွမ်ဝုဒ်ရု
( Asia Society Policy Institute ၏ ရာသီဥတု သံတမန်ဟောင်း)

ရာသီဥတုဆိုင်ရာဆွေးနွေးပွဲတွေကို အချိန်အကန့်အသတ်မှီ ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ ကြေညာချက် ကို ထုတ်တဲ့ နိုင်ငံကတော့ အရှုံသမားပါပဲ ။ ရာသီဥတုအကျပ်အတည်းကို အမြန်ဖြေရှင်းဖို့ဆိုရင် ကမ္ဘာ့အကြီးဆုံး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်တဲ့ နိုင်ငံ နှစ်နိုင်ငံ လက်တွဲလုပ်ဆောင်ဖို့ လိုပါတယ်။ အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ တရုတ် သမ္မတ ရွီကျင့်ဖျင်တို့ ခက်ခက်ခဲခဲ တည်ထောင်ထားတဲ့ ရာသီဥတုဆိုင်ရာ သဘောတူတူညီချက်တွေက ခဏကေလးအတွင်းမှာ ပျောက်ပျက်သွားတယ် ။ Cop 26 ဂလက်စကို ဆွေးနွေးပွဲတုန်းကတည်ထောင်ဖို့ သဘောတူထားတဲ့ အမေရိကန်- တရုတ် ရာသီပြောင်းလဲမှု လုပ်ငန်းအဖွဲ့ကို အသစ်ပြန်လည်မယ် ဆိုပြီး ရထားတဲ့ သဘောတူညီမှု ရလဒ်တစ်ခုဟာ စက်တင်ဘာလမှာ ထွက်ပေါ်လာရမှာကို အခုမဖြစ်တော့ဘူး ။
ပထဝီ နိုင်ငံရေးနဲ့ ရာသီပြောင်းလဲမှု ပြုပြင်ရေး လုပ်ငန်းတွေက ကိုယ့်အမြီးကို ပြန်ကိုက်နေတဲ့ ခွေးတစ်ကောင်လို လည်နေတယ် ။ နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုထဲကနေ ထွက်ပေါက် တစ်ခုဖြစ်ထားသင့်ပါတယ် ။ သဲကန္တာထဲက အိုအေစစ်လိုပေါ့ဗျာ ။ ပထဝီနိုင်ငံရေးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေက သီးခြကဏ္ဍအနေနဲ့ပဲ ရှိသင့်ပါတယ် ။
အဓိကကတော့ ရာသီဥတုပြောင်းလဲမှု တားဆီးရေး ပူပေါင်းဆောင်ရွက်မှုကို ဘယ်နိုင်ငံဖက်ကမှ ဘာအေကြာင်းနဲ့မှ မရပ်လိုက်ဖို့ပဲ လိုပါတယ် ။ လက်ရှိအခြေအနေက တရုတ်ဖက်ကို ဖိအားတွေ တိုးသွားတာပဲ အဖက်တင်သွားတယ် ။ မီသိန်း ထုတ်လွှတ်မှု လျှော့ချရေးလုပ်ငန်းစဉ်က ပေါ်လာသင့်တဲ့အရာက ပေါ်မလာဘူး ဖြစ်နေတယ် ။ အဲ့ဒိလုပ်ငန်းစဉ်ပေါ်လာမှ COP 27 မှာ ချပြပြီး ကတိကဝတ်တွေနဲ့ ဆက်လုပ်ရမယ့် အကြောင်းအရာတွေကို ဆွေးနွေးလို့ရမှာပါ။ ကမ္ဘာ့ကာဗွန်အထုတ်လွှတ်ဆုံး နိုင်ငံ နှစ်နိုင်ငံက သံတမန်တွေက COP 27 အစည်းအဝေးမှာ တစ်ခန်းထဲ အတူထိုင်ပြီး ဘာစကားမှ မပြောဘဲနေကြတာကို တွေ့ရတော့မှာပါ။

မောင်ယဿ- ဘာသာပြန်သည်၊
အောက်တိုဘာ ၂၉
#greenness

About The Author

greenness_mm

No Comments

Leave a Reply