အီးဘိုက် နဲ့ မီးလောင်ပေါက်ကွဲမှု

အီးဘိုက် နဲ့ မီးလောင်ပေါက်ကွဲမှု

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရုပ်ကြွင်းလောင်စာသုံးကားတွေကို သုံးစွဲခြင်းအားစွန့်လွှတ်ပြီး သယ်ယူပို‌ဆောင်ရေးအတွက် ပေါ့ပါးလွယ်ကူတဲ့ လျှပ်စစ်စက်ဘီး (အီးဘိုက်)တွေရဲ့ သုံးစွဲမှုက တိုးတက်လာ နေပါတယ် ။ ဒါပေမဲ့ အီးဘိုက်သုံးစွဲမှုက ၁၀၀ရာခိုင်နှုန်းဘေးကင်းလုံခြုံမှုရှိမနေဘူးဖြစ်နေပါတယ် ။
ဒီနေ့ မနက်ပိုင်းမှာ လန်ဒန်မြို့က မီးသတ်ဌာနက ဗီဒီယိုဖိုင်တစ်ခုကို လိုင်းပေါ်တင်ပြီး ကြေညာချက် တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ အီးဘိုက်ဝယ်သုံးသူတွေအနေနဲ့ ကိုယ်ဝယ်တဲ့ ဆိုင်နဲ့ ရောင်းသူဆီကနေ သေချာတဲ့ ကုန်ပစ္စည်ဖြစ်ကြောင်းကို အာမခံရစေချင်ပါတယ် လို့ ဆိုပါတယ် ။ ဘာဖြစ်လဲ ဆိုတော့ ဒီနေ့မနက်ပိုင်းမှာ လန်ဒန်မြို့က နေရာဖော်မပြထားတဲ့ နေရာတစ်ခုမှာ အီးဘိုက်တစ်စီး အားသွင်းထားစဉ်မှာ မီးလောင်ကျွမ်းမှု ဖြစ်တဲ့ အပြင် ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပါတယ် ။ မီးခိုးလုံးတွေအပြင် မီးရှုးမီးပန်တွေလို မီးတောက်တွေ အများကြီး ပေါက်ကွဲလွှင့်စင်ခဲ့ပါတယ် ။
အဲ့ဒါနဲ့ ပတ်သက်ပြီး လန်ဒန်မီးသတ်ဌာနက အီး-ဘိုက်များက လန်ဒန်၏ “ကြီးထွားမှုအမြန်ဆုံး မီးလောင်မှု အန္တရာယ်ရှိတယ်” လို့ ပြောကြားပြီး ထိတ်လန့်ဖွယ်ရာ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဗီဒီယိုကို မည်သည့် နေရာနဲ့ မည်သည့်အချိန်က ရိုက်ကူးခဲ့ကြောင်း အသေးစိတ်ကို မျှဝေထားခြင်း မရှိသော်လည်း e-bike ဝယ်ယူသည့်အခါ လုံခြုံရေးဆိုင်ရာသတိရှိဖို့ မီးသတ်ဝန်ဆောင်မှုက ထုတ်ပြန်ထားပါတယ် ။ လန်ဒန်မီးသတ် တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “နာမည်ကြီးတယ်ဆိုပြီး ရောင်းသူဆီက ဝယ်တော့မယ် ဆိုရင် သေချာအောင်လုပ်ပါ၊ ကျွမ်းကျင်တဲ့ သူတစ်ယောက်နဲ့ဆွေးနွေးတိုင်ပင်ပါ ပြီးရင် ကိုယ့်အိမ်နဲ့ လိုက်ဖက်မဲ့ပုံစံကို ပြောင်းလဲပြီးသုံးပါ ။
အိမ်မှာ e-bike သုံးတဲ့အခါ ပိုဂရုစိုက်ပါ” လို့ ဆိုသွားပါတယ် ။
အီးဘိုက်နဲ့ ပတ်သက်ပြီး ကျမ်းကျင်သူများက သင့်တင့်တဲ့ အသိပညာ နှင့် လေ့ကျင့်မှုမရှိဘဲ e-bike အသုံးပြုသူများသည် မတော်တဆထိခိုက်မှု သို့မဟုတ် သေဆုံးနိုင်ခြေ ပိုများကြောင်း သတိပေးထားပါတယ် ။ အဓိကကတော့ ဘက်ထရီများဖြစ်ပါတယ် ။ ဘတ်ထရီမကောင်းတော့ဘူး ဆိုရင် အားသွင်းတဲ့အခါပဲဖြစ်ဖြစ် မောင်းနေတဲ့ အခါဖြစ်ဖြစ် အပူမြင့်တက်လာပြီး လောင်ကျွမ်းမှု ဒါမှမဟုတ် ပေါက်ကွဲမှုဖြစ်တတ်ပါတယ် ။ ဒါ‌ကြောင့် ဘတ်ထရီကို မကြာခဏ စစ်ဆေးသင့်ပါတယ်။
လစ်သီယံအိုင်းယွန်းဘတ်ထရီတွေက အားပိုသွင်းခြင်းနဲ့ အားအကုန်မြန်ခြင်းဖြစ်လာပြီဆိုရင် မီးလောင် နိုင်ပါ တယ် ။ အဓိကကတော့ ပစ္စည်းအတုတွေကို အများကြီးသတိထားဖို့လိုတာပဲဖြစ်ပါတယ် ။ လစ်သီယံ ဘတ်ထရီ တွေ မီးလောင်ပြီဆိုရင် ကိုယ့်ဖာသာကိုယ် မီးငြိမ်းသက်ဖို့မကြိုးစားပါနဲ့ အန္တရာယ် ရှိနို်ငတဲ့ အတွက် မီးသတ်ဌာန ကိုပဲ အကြောင်ကြားတာက ပိုကောင်းပါတယ် ။ ဘတ်ထရီက အားသွင်းလို့ ၅၀ ရာခိုင်နှုန်းလောက် ဝင်သေးတယ် ဆိုရင် သုံးလို့ရပါသေးတယ် ။ အဲ့ဒိထက် အားမဝင်တော့ဘူးဆိုရင် မသုံးတော့တာ အကောင်းဆုံးပါပဲ ။
မောင်ယဿ
REF: indenpent

About The Author

greenness_mm

No Comments

Leave a Reply