ဥရောပက လေဆိပ်တွေကို လှုံ့ဆော်ရေးသမားတွေက တပြိုင်နက် ဆန္ဒဝိုင်းပြကြပြ

ဥရောပက လေဆိပ်တွေကို လှုံ့ဆော်ရေးသမားတွေက တပြိုင်နက် ဆန္ဒဝိုင်းပြကြပြ

တက်ကြွလှုပ်ရှားသူများက ဥရောပ၏ အကြီးဆုံးလေဆိပ်များတွင် နှစ်ရက်ကြာ ဆန္ဒပြ လှုပ်ရှားမှုကို ဒီကနေ့ စတင်လိုက်ပြီး ရာသီဥတုကိုပျက်စီးစေတဲ့ လေယာဉ်ခရီးစဉ် အရေအတွက်ကို ကန့်သတ်ရန် တောင်းဆိုလိုက် ကြပါတယ်။ ဥရောပသားတွေနဲ့ ရာသီဥတုအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေ ပေါင်းထားတဲ့ အဖွဲ့ ၂၅ ဖွဲ့ က ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ နယ်သာလန်နှင့် ဗြိတိန်တို့ရှိ လေဆိပ်များကို ပစ်မှတ်ထားပြီးလှုပ်ရှားကြတာပါ ။

ဥရောပ၏ အကြီးဆုံးလေဆိပ်ငါးခုဖြစ်သည့် ပြင်သစ် ပါရီ မြို့ Charles de Gaulle၊ ယူကေ လန်ဒန် မြို့ Heathrow၊ စပိန် မဒရစ် မြို့ Barajas၊ ဂျာမဏီ ဖရန့်ဖွတ် လေဆိပ်နှင့် နယ်သာလန် အမ်စတာဒန် မြို့ Schiphol လေဆိပ်တို့တွင် လုပ်ဆောင်ရန် စီစဉ်ထားတဲ့ အတိုင်း ပြင်သစ်တွင် ယနေ့ (မတ်လ ၁၃ ရက်) တွင် ဆန္ဒပြပွဲများ အမြောက်အမြား တွေ့နေရပါပြီ ။ Stay Grounded မဲဆွယ်စည်းရုံးရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပို့ဆောင်ရေး ဝန်ကြီးအား ဖိအားပေးရန်အတွက် နိုင်ငံတစ်ဝှမ်းတွင် စည်းရုံးလှုံ့ဆော်မှုပေါင်း ၂၀ ကို စီစဉ်ထားကြောင်း သိရပါတယ် ။ အဆိုပါအဖွဲ့များက မတ်လ ၁၅ ရက် သောကြာနေ့တွင် ဝန်ကြီးနှင့် တွေ့ဆုံမှာဖြစ်ပါတယ် ။ တခြားဥရောပနိုင်ငံတွေမှာလည်း သောကြာနေ့မှာ လေဆိပ်ဆန္ဒပြပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

သယ်ယူပို့ဆောင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏အဆိုအရ ဥရောပ၏အကြီးဆုံးလေဆိပ်ငါးခုသည် ဆွီဒင်စီးပွားရေးတစ်ခုလုံးထက် CO2 ပိုထုတ်လွှတ်နေတယ်လို့ သိရပါတယ် ။ “လေကြောင်းက ကမ္ဘာမြေကို ဒယ်အိုးထဲ ထည့်ကြော်ဖို့ အလျင်မြန်ဆုံးနည်းလမ်းပဲ” လို့ မဲဆွယ်စည်းရုံးရေးကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ Magdalena Heuwieser က ပြောပါတယ်။ “လေယာဉ်တစ်စင်းပျံသန်းခြင်းက တစ်နှစ်ပတ်လုံး ကမ္ဘာတစ်ဝှမ်းက လူအတော်များများ ထုတ်လွှတ်တာထက် ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုထုတ်ပေးပါတယ်။ လေဆိပ်အဆင့်မှာ ပျံသန်းမှုတွေကို အရေးပေါ်ကန့်သတ်ဖို့ လိုပါတယ်။ “Schiphol လေဆိပ်မှာ ပျံသန်းမှုပမာဏကို လျှော့ချဖို့ ကြိုးပမ်းမှုတွေ၊ ကိုယ်ပိုင်ဂျက်လေယာဉ်တွေနဲ့ ညပျံသန်းမှုတွေကို ပိတ်ပင်ဖို့ ပဲရစ်နဲ့ တခြားလေဆိပ်တွေမှာ ကျင့်သုံးဖို့ လိုအပ်ပါတယ်”

၂၀၂၂ တုန်းက နယ်သာလန်အစိုးရသည် ဆူညံသံညစ်ညမ်းမှုကို ကန့်သတ်ရန် အဓိကအားဖြင့် Schiphol လေကြောင်းခရီးစဉ်အရေအတွက် ၅သိန်း မှ ၄ သိန်းခွဲ သို့ လျှော့ချရန် ကမ္ဘာ့ပထမဆုံးအစီအစဉ်ကို ကြေညာခဲ့ပါတယ် ။ ဒါပေမဲ့ အခြားနိုင်ငံများလိုပဲ လေကြောင်းကုမ္ပဏီတွေက ဆန္ဒပြလို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ အဲ့ဒိအစီအစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ် ။ အဲ့ဒိကိစ္စနဲ့ ပတ်သက်လို့ တရားရုံးချုပ်က လာမယ့်လအနည်းငယ်အတွင်း စီရင်ချက်ချဖွယ်ရှိနေပါတယ် ။

မောင်ယဿ
REF; euronews

About The Author

greenness_mm

No Comments

Leave a Reply