ဥရောပမှာတော့ ကမ်းရိုးတန်း ရေ နမူနာများကို ကောက်ယူစစ်ဆေးနေပြီ

ဥရောပမှာတော့ ကမ်းရိုးတန်း ရေ နမူနာများကို ကောက်ယူစစ်ဆေးနေပြီ

၂၀၂၃ ဧပြီလမှစတင်၍ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် ၂၀၂၄ ဇူလိုင်လ အထိ ဥရောပ ကမ်းရိုးတန်းတစ်ဝိုက်မှ အချက်အလက်များကို စုဆောင်းတဲ့ မစ်ရှင်တစ်ခုလုပ်နေပါတယ်။ Tara Europa သင်္ဘောသည် ပုံမှန် ရွက်လှေလိုပါပဲ။ ဒါပေမဲ့ တကယ်တော့ ဒါဟာ ရေပေါ်သိပ္ပံနည်းကျ ဓာတ်ခွဲခန်းတစ်ခုပါ။
“Tara Europa Trek မစ်ရှင်၏ ရည်ရွယ်ချက်မှာ များပြားလှသော ဇီဝမျိုးစုံမျိုးကွဲများရှိသည့် ကမ်းရိုးတန်းပေါ်ရှိ လူသားများအပေါ် အကျိုးသက်ရောက်မှုကို တိုင်းတာရန်ဖြစ်သည်” ဟု Tara ဖောင်ဒေးရှင်းမှ ပြည်သူ့ရေးရာ ဌာနမှူး Henri-Bernard Costa က ရှင်းပြသည်။
၂၀၂၃ ဧပြီလမှစတင်၍ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် လေထုညစ်ညမ်းမှုအဆင့်နှင့် ကမ်းရိုးတမ်းရေထု၏ ကျန်းမာရေးကို အကဲဖြတ်ကာ ဥရောပကမ်းရိုးတန်းတစ်လျှောက် ရွက်လွှင့်လျက်ရှိသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ကီလိုမီတာ ၂၅၅၂၀ ရှည်လျားသော ကမ်းရိုးတန်းကို လွှမ်းခြုံရန်ဖြစ်ပြီး ၎င်းတို့၏ ခရီးစဉ်သည် ဇူလိုင်လတွင် အေသင်မြို့သို့ ရောက်ရှိရန်ဖြစ်သည်။ ဥရောပ၏ ရေထုညစ်ညမ်းမှုအဆင့်ကို အကဲဖြတ်ရခြင်းမှာ ဥရောပလူဦးရေ၏ ၄၀ % သည် ကမ်းရိုးတန်းဒေသတွင် နေထိုင်သောကြောင့် အရေးပါသော အကြောင်းရင်းတစ်ခု ဖြစ်သည်။
“ညစ်ညမ်းသောသွားလာမှုတွေ၊ ဓာတုမော်လီကျူးတွေလည်း ပါပါတယ်။ ရေထုညစ်ညမ်းမှုမှာ နယ်နိမိတ်တွေ မရှိဘူး၊ သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုအပေါ်ကို သက်ရောက်မှုရှိတဲ့ အရာအားလုံးဟာ တစ်ခုလုံးကိုလည်း သက်ရောက်မှုရှိတယ်” ဟု Costa က ဖော်ပြသည်။
“ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ တိုက်ကြီးတစ်ဝှမ်းတွင်ဖြစ်ပျက်နေသည့်အရာများကို လုံး၀အသိအမြင် တစ်ခုရရှိရန် ဖြစ်ပြီး ကျွန်ုပ်တို့၏ သမုဒ္ဒရာများ၏ ကျန်းမာရေးကို သေချာစေရန်အတွက် မည်သည့်ပြဿနာများကို ဦးစားပေး လုပ်ဆောင်ရမည်ကို အကဲဖြတ်ရန်ဖြစ်သည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Tara ၏ အလယ်ဗဟိုတွင် သိပ္ပံပညာရှင်အဖွဲ့သည် ၎င်းတို့၏ စက်ယန္တရားများကို သိုလှောင်ထားသည့် အသွင်ပြောင်း လှေအတွင်းခန်းတစ်ခုရှိသည်။ သိပ္ပံပညာရှင်များသည် ဒေတာပမာဏများစွာကို စုဆောင်းထားပြီး ဖြစ်သော်လည်း လေ့လာရေးခရီး၏ တွေ့ရှိချက်များကို လူသိရှင်ကြားမထုတ်ပြန်မီ ဆယ်စုနှစ်တစ်ခုအထိ ကြာနိုင်သည်။ ကောက်ယူပြီးသည်နှင့် ရေနမူနာများကို စစ်ဆေးရန်အတွက် အခြားဓာတ်ခွဲခန်းများသို့ ပေးပို့ကာ စစ်ဆေးရန်မှာမှု ရှည်လျားသော လုပ်ငန်းစဉ်ဖြစ်သည်။
Tara Europa လှေမှ သိပ္ပံပညာရှင်များသည် “စာရင်းသွင်းထားသော ဓာတုပစ္စည်း၊ ပိုးသတ်ဆေးနှင့် ဆေးဝါးပစ္စည်း ၄ထောင် ခန့်ကို ခြေရာခံပြီးဖြစ်သည်။ ၎င်းတို့သည် ကုန်းမြေနှင့် ပင်လယ်ပြင်တွင် တွေ့ရှိနိုင်ချေ ရှိ၊ မရှိ စစ်ဆေးပြီး အသေးစားသက်ရှိများနှင့် မည်ကဲ့သို့ ပြုမူဆက်ဆံပုံကို ပိုင်းခြားစိတ်ဖြာပါသည်” ဟု ကပ္ပတိန် Martin Heraut က ရှင်းပြသည်။ ဤသည်မှာ ဖောင်ဒေးရှင်း၏ ပထမဆုံးသော စူးစမ်းလေ့လာရေးခရီးစဉ်နှင့် ဝေးကွာသော်လည်း၊ အဖွဲ့အစည်းသည် ၂၀၀၃ ခုနှစ်မှ စတင်ကာ သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေရေးမစ်ရှင်ခုနစ်ခုကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply