ဦးကြင်ဥ၏ တပို့တွဲလဖွဲ့

ဦးကြင်ဥ၏ တပို့တွဲလဖွဲ့

ထန်းရည်နင်း
ပေါက်ကင်းတဲ့ လဲငုံ
ဆက်ရက်ကယ် သရကာနဲ့
ရော်ရွက်ဝါ တမာနု
လွမ်းသူ့ပူပုံ
စရိုက်ကယ်လုံ
ပင်မြုံမြင့်သိုက်နန်း
ထွက်စီးငယ်ဝှန်
ကျောက်စက်ရေတံခွန်နဲ့
ဟေမဝန် သာယာနုပါဘိ
ယွန်းလုနွေဆန်း ။ ။

Photo-Credit

About The Author

greenness_mm

No Comments

Leave a Reply