၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် ပတ်ဝန်းကျင်ပြဿနာ

၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် ပတ်ဝန်းကျင်ပြဿနာ

ဧပြီ ၁ ရက်

ကမ္ဘာ့နိုင်ငံအများစုမှာ COVID-19 သက်ရောက်မှုများများကြောင့် ရေနံနဲ့ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းခဲ့ပါတယ်။ အထူးသဖြင့် ခရီးသွားလာခြင်းပိတ်ပင်တာတွေနဲ့ နေအိမ်အတွင်းသာနေထိုင်ဖို့ အစိုးရအသီးသီးရဲ့ ညွှန်ကြားချက်တွေကြောင့် ယာဉ်သွားလာမှုတွေ သိသိသာသာလျော့နည်းခဲ့ပြီး ရေလွှမ်းမိုးမှုများနဲ့ နိုင်ငံတကာရေနံဈေးနှုန်းများ ကျဆင်းခြင်းက စီးပွားရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိကြောင်း တောင်ဆူဒန် နိုင်ငံတော်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

ဧပြီ ၂ ရက်

ဥရောပ မြောက်ပိုင်းဒေသအများစုမှာ ပုံမှန်ဖြစ်စဉ်မဟုတ်တဲ့ ရာသီဥတုကြောင့် အပူချိန် စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

ဧပြီ ၇ ရက်

ဝါရွင်တန်သည် အိန္ဒိယနိုင်ငံအစိုးရဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး အစီအစဉ်များကို စိမ်းလန်းဖွံဖြိုးရေးနည်းပညာများနဲ့ လိုအပ်တဲ့ ဘဏ်ဏ္ဍာရေးဆိုင်ရာ ငွေကြေးများကို အတိုင်းအတာတစ်ခုအထိ ထောက်ပံပေးကာ ပံ့ပိုးကူညီလိမ့်မည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဧပြီ ၈ ရက်

ကမ္ဘာ့ခေါင်းဆောင် နိုင်ငံအကြီးအကဲ ၃၀ ကျော်တို့က အာဖရိကနိုင်ငံများအား ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုများကို လိုက်လျောညီထွေဖြစ်အောင် ကူညီပေးပြီး ပိုမိုကောင်းမွန်တဲ့ အနဂတ်ချီတက်ရေး အစီအစဉ်များကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

ဧပြီ ၉ ရက်

အင်ဒိုနီးရှားက မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုများကြောင့် အရှေ့ Nusa Tenggara ပြည်နယ်က ပြည်သူတွေကို နေရာသစ်စီမံပေမယ်လို့ ပြောပါတယ်။ အထူးသဖြင့် ရေလွှမ်းမှုဒဏ် အပြင်းအထန် ခံစားခဲ့ရတဲ့ အထူးသဖြင့် Lembata နဲ့ Andonara နယ်မြေက ဒေသခံတွေကို နေရာဒေသသစ်ကိုပြောင်းရွှေ့ပေးရေး စီစဉ်နေတယ်လို့ အစိုးရတာဝန်ရှိသူများက ပြောပါတယ်။

အရှည် ၁၃.၄ မီတာ (၄၄ ပေ) နီးပါးရှိပြီး ၇.၉ မီတာ (၂၆ ပေ) လုံးပတ်ရှိတဲ့ ဝေလငါးကြီးတစ်ကောင် သေဆုံးနေတာကို ဘင်္ဂလားဒေ့ရှ် ကော့ဘဇာဒေသ တောင်ပိုင်းကမ်းခြေတစ်ခုမှာ တွေ့ရှိပါတယ်။


ဧပြီ ၁၁ ရက်

၂၀၂၀ ခုနှစ် အောက်တိုဘာလကတည်းက ဆိုမာလီနိုင်ငံသား ၁၁၆,၀၀၀ ကျော်ဟာ အဆိုးရွားဆုံးသောက်သုံးရေ ပြတ်လပ်မှုကို ကြုံတွေ့ရတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂနဲ့ Horn of Africa က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၁၃ ရက်

COVID-19 ကပ်ရောဂါကဲ့သို့သော အနာဂတ်အကျပ်အတည်းများကို ကာကွယ်ရန်အတွက် ရိုးရာအစားအစာဈေးကွက်များတွင် သားရဲနို့တိုက်သတ္တဝါများ ရောင်းချခြင်းကို တားမြစ်ရန် WHO က ထပ်မံတောင်းဆိုခဲ့ပါတယ်။

ဧပြီ ၁၉ ရက်

နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ခန့်မှန်းခြေ ကေလး သန်း ၇၁၀ ဟာ ရာသီဥတု ဖောက်ပြန်မှုရဲ့ သက်ရောက်မှုကို အမြင့်မားဆုံး တွေ့ကြုံခံစားရနိုင်ခြေရှိပြီး အမ်ားစုမွာ အာဖရိကနိုင်ငံများမှ ဖြစ်တယ်လို့ Save the Children က သတိပေးခဲ့ပါတယ်။

ဧပြီ ၂၀ ရက်

ရာသီဥတုဖောက်ပြန်မှုပုံစံများ ပိုမိုဆိုးရွားလာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုများနဲ့ အသက်ဆုံးရှုံးရခြင်းများဟာ ရာသီဥတုဖောက်ပြန်မှု၏ တစ်ဖက်ခြမ်းကိုသာ ဖော်ပြထားခြင်းဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားခဲ့ပါတယ်။
ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ ဂရီတာသန်းဘာဂ်က ကိုဗစ်ကာကွယ်ဆေး မညီမျှမှုက ကိုဗစ်ကင်းစင်ရေးအတွက် အတားအဆီးဖြစ်တယ်ဆိုတဲ့ WHO ရဲ့ သတိပေးချက်ကို ကမ်ဘာ့အသိုင်းအနေနဲ့ ဝိုင်းဝန်းဖြေရှင်းဖို့ တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။

ဧပြီ ၂၁ ရက်

၂၀၅၀ တွင် ကာဗွန်ထုတ်လွှတ်မှု သုညသို့ရောက်ရှိရေးအတွက် လာမယ့် ဆယ်စုနှစ်အကုန်တွင် ကာဗွန်ထုတ်လွှတ်မှု ၅၅ ရာခိုင်နှုန်းအထိ လျှော့ချရေးအတွက် ထိန်းကျောင်းလမ်းညွှန်ပေးမယ့် ဥရောပရာသီဥတုဥပေဒကို အီးယူအဖွဲ့အစည်များ သဘောတူညီမှုရရှိခဲ့ပါတယ်။
ဆိုမာလီးယားမြာ တုန်လှုပ်ဖွယ် ရာသီဥတုအခြေအနေများနဲ့ မိုးခေါင်ရေရှားမှုများ ယခုနှစ်အတွင်း ပြည်သူထောင်ပေါင်းများစွာ နေရာပြောင်းရွှေ့မှုလုပ်လိမ့်မယ်လို့ နော်ဝေဒုက္ခသည်ကောင်စီက သတိပေးထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၂၂ ရက်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်ခံကျင်းပတဲ့ ရာသီဥတုဆိုင်ရာ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကမ်ဘာ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
တောင်ဆူဒန် ငတ်မွတ်မှု တိုက်ဖျက်ရေး လူသားချင်း စာနာထောက်ထားမှု အကူအညီအတွက် ရန်ပုံငွေ ယူရို ၄၃.၅ သန်း (အမေရိကန်ဒေါ်လာ ၅၁ သန်း) ထောက်ပံ့မှုအသစ်ကို အီးယူ အကျပ်အတည်းစီမံခန့်ခွဲမှု ကော်မရှင်နာ Janez Lenarcic က ကြေညာလိုက်ပါတယ်။
အမေရိကန်သမ္မတက အမေရိကန်ရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၃၀ နှစ်ကုန်မှာ ထက်ဝက်လျှော့ချသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ကင်ညာရှိ Ol Pejita Conservancy မျိုးသုဉ်းလုနီးပါးအခြေအနေရောက်နေတဲ့ မြောက်ပိုင်းကြံ့ဖြူများရဲ့ သန္ဓသေားလောင်းများကို ဖန်တီးနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ မြောက်ပိုင်းကြံ့ဖြူဟာ ကမ်ဘာမှာ ၂ ကောင်သာ ကျန်ရှိပြီး ၂ ကောင်စလုံးဟာ အမတွေဖြစ်ပါတယ်။ ဆူဒန်မှာ နောက်ဆုံးကျန်ရှိနေတဲ့ တစ်ကောင်တည်းသော ကြံဖြူအထီးဟာ ၂၀၁၈ မတ်က သေဆုံးခဲ့တာပါ။


ဧပြီ ၂၃ ရက်

ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး Jorge Arreaza က အမေရိကန်ဟာ သူကျင့်သုံးနေတဲ့ အရင်းရှင်စီးပွားရေးစနစ်က ကမ်ဘာကြီးပူနွေးလာမှု အကြောင်းရင်းဖြစ်တာကြောင့် ကမ်ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရေးကို ဦးဆောင်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာပေါ်တွင် တစ်ဦးချင်း ကာဗွန်ထုတ်လွှတ်မှု အနိမ့်ဆုံးဖြစ်သော်လည်း အာဖရိကသည် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ ကျိုင်းကောင်နှင့် ပိုးမွှားများ ကျူးကျော်ဝင်ရောက်ခြင်း အပါအဝင် ရာသီဥတုပြောင်းလဲမှု၏ အဆိုးရွားဆုံး သက်ရောက်မှုကို ကြုံတွေ့နေရကြောင်း အာဖရိက ဖွံ့ဖြိုးရေးဘဏ်အုပ်စု အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ဧပြီ ၂၅ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ခုနစ်နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် ၄၁.၂ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၆.၂ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များက ဆိုပါတယ်။

ဧပြီ ၂၆ ရက်

အရှေ့အာဖရိကနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ကျိုင်းကောင်တွေရဲ့ ကျူးကျော်မှုကို ထိန်းချုပ်နိုင်ပြီလို့ ကင်ညာက ကြေညာပါတယ်။

ဧပြီ ၂၇ ရက်

ဘာကီနဖားဆိုးမွာ တောရိုင်းတိရစ္ဆာန် မှောင်ခိုလုပ်ငန်းတိုက်ဖျက်ရေး Documentry ရိုက်ကူးနေတဲ့ စပိန်နိုင်ငံသားတွေဖြစ်တဲ့ Beriain ၄၄ နှစ်နဲ့ Roberto Fraile ၄၇ နှစ်တို့ဟာ တောရိုင်းတိရစ္ဆာန်မှောင်ခိုလုပ်ငန်းတွေနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Pama ဧရိယာမွာ သတ်ဖြတ်ခံခဲ့ရပါတယ်။


ဧပြီ ၂၈ ရက်

ရာသီဥတုကာကွယ်ရေးနှင့် ကျန်းမာရေးအပါအဝင် နယ်ပယ်အသီးသီးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်၊ ဂျာမန် ၂ နိုင်ငံ ကတိပြုခဲ့ကြပါတယ်။


အင်ဒိုနီးရှားရှိ ငှက်မျိုးစိတ် ကိုးမျိုးဟာ ယခုနှစ်အတွင်း မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရတယ်လို့ ဒေသဆိုင်ရာ အဖွဲ့အစည်း Burung Indonesia က ပြောကြားခဲ့ပါတယ်။

#ကေဇက်အေ
#Greenness
Ref-AA Agency and Others News Agency

About The Author

greenness_mm

No Comments

Leave a Reply