၆လီတာ ရေညှိတစ်ကန်က ၁၀နှစ်သား သစ်ပင်စုပ်ယူနိုင်တဲ့ ကာဗွန်ပမာဏအတိုင်း လေသန့်ပေး

၆လီတာ ရေညှိတစ်ကန်က ၁၀နှစ်သား သစ်ပင်စုပ်ယူနိုင်တဲ့ ကာဗွန်ပမာဏအတိုင်း လေသန့်ပေး

ဆာဘီးယားနိုင်ငံမြို့တော် ဘဲဂရိတ်မှာ ညစ်ညမ်းနေတဲ့ လေထုကို တိုက်ဖျက်ဖို့အတွက် အရည်ပင် ( liquid tree ) လို့ ခေါ်တဲ့ ရေညှိကန်တွေကို မြို့ အနှံ့ တည်ဆောက် ခဲ့ပါတယ်။ သူတို့ရဲ့ တီထွင်မှုကတော့ တကယ့် အံ့အားသင့်စရာကောင်းတဲ့ ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပါတယ်။
ယာဉ်အသွားအလာ ထူထပ်တဲ့ မြို့တော်မှာ သစ်ပင်တွေကို စိုက်ဖို့ အချိန်ယူရပါတယ်။ အပင်ရှင်သန်ကြီးပြင်း အောင် ပြုစုစောင့်ရှောက်ဖို့အတွက် အခက်အခဲတွေလည် ရှိပါတယ်။
အပင်ကြီးတွေကို တိုက်ရိုက်စိုက်ဖို့ ကလည်း ငွေကုန်လူပန်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါတွေကို စဉ်းစားမိတဲ့ ဘဲဂရိတ်မြို့တော်ဝန်က တက္ကသိုလ် က ရုက္ခဗေဒပညာရှင်တွေနဲ့ တိုင်းပင်နှီးနှော ပြီးနောက်မှာတော့ အခုလို တီထွင်မှု တစ်ခုရခဲ့ပါတယ်။
ရုက္ခဗေဒသဘောတရားအရ အပင်တွေက အလင်းမှီ အစာစုဖွဲ့ဖို့အတွက် လေထဲက ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူပြီး အစားချက်လုပ်ကာ အောက်စီဂျင်ကို ထုတ်ပေးပါတယ်။
ရေ ၆လီတာထည့်ထားတဲ့ ကန်တစ်ကန်မှာ ထည့်ထားတဲ့ ရေညှိတွေက အသက်၁၀ နှစ်သား သစ်ပင်တစ်ပင် (သို့) ပေ၆၀၀ ပတ်လည် မြက်ခင်းတစ်ခင်း စုပ်ယူနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို စုပ်ယူနိုင်ပါတယ်။
ဘဲဂရိတ်တက္ကသိုလ် မြူနီစပါယ် ရုက္ခဗေဒပညာရှင် ဒေါက်တာ အိုင်ဗန်စပါဆိုဂျီဗစ်က ကျနော်တို့ မြို့ပြ လေသန့်ဖို့အတွက် သစ်ပင်စိုက်ဖို့ရာ ဒီဇိုင်းရေးတဲ့အခါမှာ အမျိုးမျိုး စဉ်းစားခဲ့ပါတယ်။
ပထမတော့ သစ်ပင်ကြီးတွေထက် ခြုံပင်တွေကို ပိုစဉ်းစားကြတယ်။ ကျနော်တို့ အဖွဲ့ဝင်တစ်ယောက်က ရေညှိနဲ့ ပါရဂူရထားတဲ့ သူတစ်ယောက်ပါတယ်။ သူက ရေညှိကိုစမ်းမလားလို့ မေးတော့ ကျနော်တို့ အကောင်းဆုံး လေသန့် စနစ်ကို ရခဲ့တာပါပဲ လို့ ဆိုပါတယ်။
ရေညှိတွေက သစ်ပင်တွေ မြက်ခင်းပြင်တွေ အစာချက်တဲ့ လုပ်ငန်းစဉ်နဲ့ အတူတူ ပါပဲ ။ သူတို့တွေ ကာဗွန်ကို စုပ်ယူနိုင်ပါတယ်။ သူတို့က သစ်ပင်တွေ လုပ်ဆောင်နိုင်တဲ့ ပမာဏထက်ကို ၁၀ ဆ ကနေ အဆ ၅၀ အထိပိုလုပ်နိုင်ပါတယ်။
ကျနော်တို့ က မြို့ပြကို သစ်တောမြေ ဖြစ်အောင် မလုပ်နိုင်ပါဘူး ။ ဒါပေမဲ့ မြို့ပြမှာ သစ်တောတစ်ခုရဲ့ လေသန့်စင်နိုင်တဲ့ နှုန်းရောက်အောင် ဝိုင်းဝန်းလုပ်ဆောင်တဲ့ သဘောပါပဲဗျာ
ကျနော်တို့ ဘဲဂရိတ်မြို့ နားမှာ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ၂ခုရှိပါတယ်။ နောက်ပြီး ကျနော်တို့ နိုင်ငံက စတုတ္ထမြောက် လေထုအညစ်ညမ်းဆုံး မြို့လဲဖြစ်ပါတယ်။
အဲ့ဒိကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တွေက ဥရောပမှာ လေထုအညစ်ညမ်းဆုံး စက်ရုံ ၁၀ ခုထဲမှာလည်း ပါပါတယ်။ ကျနော်တို့ နိုင်ငံကလည်း ဥရောပမှာ လေထုအညစ်ညမ်းဆုံး ၅ နိုင်ငံထဲမှာ ပါပါတယ်။ ဒါကြောင့် ကျနော်တို့ က လေသန့်အောင်လုပ်ဖို့ ဒီဇိုင်း ကို စဉ်းစားရတာပေါ့ဗျာ လို့ ဆိုပါတယ်။
မောင်ယဿ ( ဒီဇင်ဘာ ၈ )
REF: euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply