COP 28 ညီလာခံမှ မှတ်မှတ်ထင်ထင်အဖြစ်အပျက်များ ( ၁ )

COP 28 ညီလာခံမှ မှတ်မှတ်ထင်ထင်အဖြစ်အပျက်များ ( ၁ )

ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်ပြီး ကျင်းပတဲ့ ရာသီဥတုဆိုင်ရာညီလာခံ COP 28 ကို ကာတာနိုင်ငံ ဒူဘိုင်းမြို့မှာ နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ပြဿနာတွေကို ရှင်းဖို့အတွက် အဲ့ဒိညီလာခံမှာ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ကြတာပါ ။ ကမ္ဘာ့နိုင်ငံအသီးသီး နဲ့ အဖွဲ့အစည်း တော်တော် များများက ကိုယ်စားလှယ် ၁သိန်း‌ကျော်တက်ရောက်တဲ့ ပွဲဖြစ်လို့ ပြောကြ ဆိုကြ ဆွေးနွေး ကြတာတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ အဲ့ဒိဖြစ်စဉ်တွေထဲက မှတ်မှတ်ထင်ထင် ဖြစ်ခဲ့တဲ့အကြောင်း တွေကို တင်ပြပေးလိုက်ပါတယ်။
ကမ္ဘာကြီးက စက်မှုခေတ်မတိုင်မီက အနေအထားနဲ့ ယှဉ်ကြည့်လိုက်ရင် အပူချိန်တွေတိုးနေပါတယ်။ ဘာကြောင့် လဲဆိုတော့ ရေနံ ၊ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေလို ရုပ်ကြွင်းလောင်စာတွေကို အသုံးပြုပြီး စွမ်းအင် တွေကို ထုတ်ယူသုံးစွဲနေတဲ့အတွက်ကြောင့် ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းပြီး ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေက ကမ္ဘာ့လေထုထဲမှာ တန်ပေါင်းများစွာရောက်ရှိလာလို့ပါပဲ ။
၂၀၁၅ ပါရီညီလာခံမှာ တိုးလာနေတဲ့ ကမ္ဘာ့အပူချိန်ကို ၂၀၃၀အရောက် မှာ ၁.၅ ဒီကရီအထိရောက်အောင် လျှော့ချကြမယ်ဆိုပြီး သဘောတူခဲ့ကြပါတယ် ။ ၁.၅ ဒီကရီ အတိုးပဲ ဖြစ်အောင်ထိန်းချုပ်ဖို့အတွက် ကမာ္ဘ့နိုင်ငံ အသီးသီးက လေထုထဲကို ကာဗွန်ဒိုင်
အောက်ဆိုက်ထုတ်လွှတ်မှုကို လျော့ချဖို့အတွက် ကြိုးစားကြရမှာ ဖြစ်ပါတယ် ။ ရုပ်ကြွင်းလောင်စာသုံး စက်မှုနိုင်ငံတွေ ဘယ်လောက်စီလျှော့ချဖို့အတွက် အခုလိုညီလာခံတွေ ကျင်းပပြီးညှိနေကြတာပါ ။ ဒီနေ့အထိတော့ ညှိမရသေးဘူးလို့ဆိုရမှာပဲဖြစ်ပါတယ် ။ လက်ရှိပူပူနွေးနွေးကျင်းပတဲ့ ညီလာခံမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းတဲ့ အ
ဖြစ်အပျက်တွေကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ် ။
( ၁ ) ရေနံတူဖော်ရေးလုပ်ကွက်တွေ မချပေးဖို့အတွက် ဘရာဇီးသမ္မတ လူလာကို နိုင်ငံတကာအဖွဲ့အစည်း ၁၂၀ကျော်က တောင်းဆို
အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၂၀ ကျော်က ဘရာဇီး သမ္မတ Lula ထံ အိတ်ဖွင့်ပေးစာတစ်စောင် လက်မှတ်ရေး ထိုးပြီး တောင်းဆိုခဲ့ပါတယ်။ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်သစ်များ လေလံတင်ရောင်းချမှုကို ရပ်တန့်ရန် နှင့် အမေဇုန်နှင့် ဘရာဇီးတစ်ဝှမ်းရှိ ရုပ်ကြွင်းလောင်စာရှာဖွေမှုကို ဆန့်ကျင်ကန့်ကွက်ရန် တောင်းဆို ခဲ့တာပဲ ဖြစ်ပါတယ် ။ ဘရာဇီးနိုင်ငံမှာ ရှိတဲ့ အမေဇုံတောကြီးက ကမာ္ဘ့အဆုတ်လို့ခေါ်လို့ရအောင် ကာဗွန်တွေကို စုပ်ယူ ပေးနေတာပါ ။ အဲ့ဒိတောကြီးက တဖြည်းဖြည်းနဲ့ ပြုန်းတီးလာလို့ ပတ်ဝန်းကျင် ထိန်းသိန်းရေးသမားတွေက အခုလိုမျိုးတောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ် ။
လက်မှတ်ရေးထိုးသူများထဲမှာ လူငယ်လှုံဆော်ရေးသမားများ၊ ဌာနေတိုင်းရင်းသားများ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ NGO များနှင့် Future Brazil အပါအဝင် အဖွဲ့တော်တော်များများ ပါဝင်ပါတယ် ။ ‘ဘရာဇီးနဲ့အမေဇုံမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကင်းစင်ခြင်းအတွက်’ ခေါင်းစဉ်တပ်ထားသော စာပဲဖြစ်ပါတယ် ။ ဘရာဇီးမှာက ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ဧရိယာအသစ် ၆၀၂ ခုကို ခွဲဝေပေးရန် ရည်ရွယ်ပြီး ရေနံ၊ သဘာဝ ဓာတ်ငွေ့ နှင့် ဇီဝလောင်စာ အမျိုးသားအေဂျင်စီက ရေနံတူးဖော်ရေးလုပ်ကွက်တွေကို လေလံတင် ရောင်းချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခြင်းကြောင့်လည်းဖြစ်ပါတယ် ။
“အဲ့လောက်ကြီးမားတဲ့ လေလံပွဲကြေငြာချက်က ဘရာဇီးရဲ့ အငြင်းပွားမှုကို ထင်ရှားစေပါတယ်” လို့ Avaaz အဖွဲ့ မှ မဲဆွယ်စည်းရုံးရေး ဒါရိုက်တာ Diego Casaes က သမ္မတထံပို့တဲ့ အိပ်ဖွင့်ပေး စာတွင် လက်မှတ်ရေး ထိုးခဲ့ ပါတယ်။ “ကျွန်ုပ်တို့၏စေ့စပ်ညှိနှိုင်းရေးမှူးများက ဒီ ဒူဘိုင် COP မှာ ရုပ်ကြွင်းလောင်စာများနေရာကို ချက်ချင်း အစားထိုးရန်အတွက် ထောက်ခံအားပေးရန် လိုအပ်ပြီး ဘရာဇီးတွင် သမ္မတ Lula သည် အဲ့ဒိ ကာဗွန်ဗုံး တွေကို ရပ်တန့်ရန် လိုအပ်ပါတယ် ။ တကယ်လို့ သမ္မတ Lula က စစ်မှန်တဲ့ ရာသီဥတု ခေါင်းဆောင် ဖြစ်ချင်တယ်ဆိုရင် ဘရာဇီးရဲ့ ကာဗွန်သုံည ကတိများကို အာရုံစိုက်ဖို့ရာက သက်သေပြရမှာ ဖြစ်ပါတယ် ။ သွားရမည့် ခရီးမှာ ရှည်လျားပါတယ်” လို့ ၎င်းကပြော ပါတယ် ။
( ၂ ) ရုပ်ကြွင်းလောင်စာများသည် လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်ဆဲဖြစ်ကြောင်း Global Climate and Health Alliance သတိပေး
နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေက ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို ဖယ်ရှားခြင်းထက် ရုပ်ကြွင်းလောင်စာ တွေကို ကာဗွန်အထွက်နည်းအောင် မွမ်းမံပြီး ဆက်လုပ်နေချင်ကြပါတယ် ။ အဲ့ဒိ ‘မွမ်းမံထားသော’ ရုပ်ကြွင်းလောင်စာများကို ဖယ်ရှားပစ်ရန် ကတိကဝတ်ပြုခြင်းမလုပ်ဖူးဆိုရင် လူသားကျန်းမာရေးအတွက် ဆိုးရွားစေနိုင်ကြောင်း၊ ကျန်းမာရေးပညာရှင်နှင့် အရပ်ဘက်အဖွဲ့အစည်း ၁၆၀ ကျော်၏ ကွန်ရက်ဖြစ်သော Global Climate and Health Alliance (GCHA) မှ သတိပေးလိုက်ပါတယ် ။
GCHA ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ Jeni Miller က “လူတို့၏ကျန်းမာရေးအတွက်ဆိုရင် ရုပ်ကြွင်း လောင်စာတွေကို မွမ်းမံပြီးသုံးလည်း ဘာမှမထူးပါဘူး ။ ကွာခြားချက်အနည်းငယ်ရှိတာကလွဲပြီး ထူးခြားသွား တာမရှိပါဘူး ။ ရုပ်ကြွင်းလောင်စာအသုံပြုမှုကိုသာ ရပ်တန့်လိုက်ဖို့ပဲ လိုတာပါ “လို့ GCHA ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ Jeni Miller က ပြောကြားခဲ့ပါတယ်။
“ကာဗွန်ဖမ်းယူမှုနဲ့ သိုလှောင်မှုအတိုင်းအတာနဲ့ အလုပ်လုပ်နိုင်သလားဆိုတဲ့ အရေးကြီးတဲ့မေးခွန်းတွေ ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ အဲ့ဒိကိစ္စကို ခဏဘေးဖယ်ထားလို့ရပါသေးတယ် CCS (ကာဗွန်ဖမ်းယူမှုနှင့် သိုလှောင်မှု) နှင့် အလားတူပင် ဓာတ်ငွေ့ထုတ်လွှတ်မှုအတွက် ရုပ်ကြွင်းလောင်စာရင်းမြစ်များက ပိုပြီးအရေးပါပါတယ် ။ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန် အာရုံစိုက်ခြင်းကသာ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းလို့ ထွက်ပေါ်လာတဲ့ အခြားညစ်ညမ်းမှုများက ကျန်းမာရေးနဲ့ပတ်သက်နေတာပဲ ဖြစ်ပါတယ်” လို့ ၎င်းကပြောသွားပါတယ်။
မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply