COP28 ညီလာခံမှ မှတ်မှတ်ထင်ထင် ဖြစ်ရပ်များ ( ၂ )

COP28 ညီလာခံမှ မှတ်မှတ်ထင်ထင် ဖြစ်ရပ်များ ( ၂ )

ဒူဘိုင်း COP28 ညီလာခံရဲ့ နောက်ဆုံးရက်တွေက စိတ်လှုတ်ရှား စရာတွေအများကြီးဖြစ်ခဲ့ပါတယ်။ ရုပ်ကြွင်း လောင်စာ အပြီးပိတ်သိမ်းနိုင်ဖို့အတွက် ပြောကြ ဆိုကြ ဆွေးနွေးရင်းနဲ့က နောက်ဆုံးရလာတဲ့ အဖြေတစ်ခုက မူကြမ်းတစ်စောင်ထွက်လာတယ် ဆိုတဲ့ အဆင့်နဲ့ ပြီးသွားခဲ့ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ မျှော်လင့်နေတာက ရုပ်ကြွင်းလောင်စာတွေကို ဘယ်လိုပိတ်သိမ်းမယ် ဆိုတဲ့ အချိန်စာရင်းကိုပါ ။ ဒါပေမဲ့ ရလာ တာက ပိတ်သိမ်းဖို့အတွက် ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ မူကြမ်းလောက်ပဲ ဖြစ်နေပါတယ် ။
မူကြမ်းနောက်မှာ အတည်ပြုတဲ့မူကြမ်း ၊ ပြီးတော့ ဥပဒေကြမ်း ၊ ဥပဒေ နဲ့ ဥပဒေကိုစတင်ကျင့်သုံးမဲ့ ကာလနဲ့ လက်တွေ့အကောင် အထည်ဖော်မှု ဆိုတဲ့ အဆင့်တွေ အများကြီး ကျန်နေသေးတဲ့အတွက်ကြောင့် ရုပ်ကြွင်း လောင်စာအပြီး ပိတ်သိမ်းဖို့က နောက်ထပ် COP ညီလာခံတွေ ဘယ်လောက်လုပ်ရဦးမလဲဆိုတာကို စဉ်းစား ကြည့်လို့ရပါတယ် ။ အဲ့ဒိကြား ထဲမှာကမ္ဘာကြီးရဲ့ အပူချိန်တိုးလာမှုက ရပ်တန့်မနေဘဲ ဆက်သွားနေမှာ ဖြစ်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ စက်မှုနိုင်ငံတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ရုပ်ကြွင်းလောင်စာတွေ သုံးပြီး တိုးပြီးထုတ်လုပ်နေလို့ပါပဲ ။ ကမာ္ဘကြီး ပူနွေးလာမှုက ရာသီဥတုဖောက်ပြန်မှုကို ဆက်လက်ဦးတည် နေဦးမှာဖြစ်ပါတယ်။
၂၀၂၅ ပါရီ သဘော တူညီချက်ဖြစ်တဲ့ ၂၀၃၀ မှာ ကမာ္ဘကြီးကို စက်မှုခေတ်မတိုင်မီ က အပူချိန်ထက် ပိုပြီးပူနေတဲ့ လက်ရှိ အပူချိန်ကို ၁.၅ ဒီကရီအထိရောက်အောင် လျှော့ချကြစို့ဆိုတဲ့ ကတိစကားတွေက အလဟဿဖြစ်ဆဲပဲ ဖြစ်ပါတယ်။ နောက်ဆုံးချိန် ဆုံးဖြတ်ချက်ကတော့ ထွက်မလာသေးပါဘူး ။
မူကြမ်းနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ ရာသီဥတုဆိုင်ရာ ကော်မရှင်နာ Wopke Hoekstra ကတော့ “ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ ၊ ကျနော်တို့ဖြေရှင်းရမယ့် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် တိတိကျကျ ဖြေရှင်းချက်တစ်ခုထွက်မလာတာကိုက တော်တော်စိတ်ပျက်ဖို့ကောင်းတာပါ” လိုပြောသွားပါတယ်။ အန်ဂျီအိုအဖွဲ့တွေ ၊ ရာသီဥတုအရေးလှုတ်ရှားသူတွေ နဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေအားလုံးကလည်း မတိကျမရေရာတဲ့ မှုကြမ်းတစ်ခုပဲရလိုက်တာပါလို့ ဝိုင်းပြီးဝေဖန်နေကြပါတယ်။
မူကြမ်းထဲက စာသားအချို့အရ ကျွန်းနိုင်ငံငယ်တွေအနေနဲ့ လာမယ့် COP ညီလာခံတွေမှာ သူတို့ရဲ့ အသံတွေကို ထုတ်ဖော်ခွင့်မရမှာကိုလည်း စိုးရိမ်နေကြပါတယ်။ “အခြားသော အဖွဲ့အများအပြားသည် လုပ်ငန်းစဉ်၏ ပွင့်လင်းမြင်သာမှုနှင့် ပါဝင်နိုင်မှုကို အလျှော့အတင်း ဦးစားပေး ဆက်ဆံခြင်းကို ခံစားခဲ့ကြတယ်” လို့လည်း ဝေဖန်နေကြပါတယ် ။
ပြဿနာရဲ့အဓိကကျတဲ့အပိုင်းကတော့ အမေရိကားက ရာသီဥတုဆိုင်ရာ ရန်ပုံငွေနဲ့ ပတ်သက်
ပြီး ပြောမယ့် ဆိုမယ့် ပါစပ်ပေါက်တွေ ထွက်မလာတာပါပဲ ။ အမေရိကားလို နိုင်ငံက အသံမထွက်လာတော့ ကျန်တဲ့ နိုင်ငံတွေ ပါးစပ်တွေပိတ်နေတာ မထူးဆန်းဘူး ဖြစ်နေတာပါပဲ ။ ချမ်းသာတဲ့နိုင်ငံတွေ ဘာနဲ့ကြီးပွားနေတာလဲ ။
သူတို့တွေက ရုပ်ကြွင်းလောင်စာတွေသုံးတဲ့ စက်မှုလုပ်ငန်းတွေနဲ့ ကြီးပွားချမ်းသာနေတာပါ ။ ရာသီဥတု ဖောက်ပြန်မှု အရေးကိစ္စက သူတို့နဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock ကတော့ မူကြမ်းနဲ့ပတ်သက်ပြီး စိတ်ပျက်ကြောင်းရယ် မရေရာဘူးဆိုတဲ့ အကြောင်းပြောပါတယ်။ ဒါပေမဲ့ သူမက COP28 မစခင်တုန်းက ရုပ်ကြွင်းလောင်စာကို အစားထိုးဖို့အတွက် မပါတဲ့ ဘာသဘောတူညီ ချက်ကိုမှ လက်မှတ်မထိုးပေးနိုင်ဘူးလို့ ပြောခဲ့တယ်ဆိုပေမဲ့ အခုတော့လည်း ဘာတွေပြောင်းလဲသွားမှန်း မသိဘူးဖြစ်ခဲ့ပါတယ် ။
COP28 ပွဲမှာစိတ်ထိခိုက်ဖွယ်မြင်ကွင်းကတော့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်သူတစ်ဦးဖြစ်တဲ့ ၁၂နှစ်အရွယ် ကျောင်းသူလေး Licypriya Kangujam ပါပဲ ။ မူကြမ်း ထွက်လာပြီး တဲ့နောက်မှာ ဒူဘိုင်းက မီးရထားဘူတာရုံမှာ ငိုကြွေးနေတဲ့ပုံကို မီဒီယာတွေက သတင်းတင် လိုက်တာပဲ ဖြစ်ပါတယ် ။ သူမကတော့ လက်ရှိကျင်းပနေတဲ့ COP 28 က ရာသီဥတုဆိုင်ရာ ညီလာခံတစ်ရပ် မဟုတ်ဘဲ ရုပ်ကြွင်းလောင်စာဆိုင်ရာ ညီလာခံတစ်ရပ်ဖြစ်နေတယ် ဆိုပြီး ပြောသွားပါတယ်။
၂၀၂၄ COP29 ညီလာခံကို အဇာဘိုင်ဂျန်မှာ ကျင်းပမှာဖြစ်ပြီး ၂၀၁၅ COP30 ကိုတော့ ဘရာဇီးမှာ ကျင်းပမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ထွက်လာပါတယ်။
မောင်ယဿ-ဘာသာပြန်သည်
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply