HEC Solar ကို တည်ထောင်သူ CEO ဗလာဒီမာတာဘူတော့ဗ်နှင့် စကားစမြည်

HEC Solar ကို တည်ထောင်သူ CEO ဗလာဒီမာတာဘူတော့ဗ်နှင့် စကားစမြည်

အောက်တိုဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာကျင်းပမယ့် ၁၃ ကြိမ်မြောက် ဘောလကန်ဒေသ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကွန်ဖရင့် မတိုင်မီ အကြိုအင်တာဗျူးအနေနဲ့ ဘူဂေးရီးယား နိုင်ငံက Renewable Energy ၊ Photovoltaics ၊ Power Generation ၊ Climate Change ၊ Power Plants ၊ Energy Project Finance ၊ Solar Energy ၊ Sustainability နဲ့ Alternative Energy လုပ်ငန်းများ လုပ်ကိုင်နေတဲ့ CEO ဗလာဒီမာ တာဘူတော့ဗ် နှင့် Renewables Now မဂ္ဂဇင်းတို့ တွေ့ဆုံစကားပြော ဖြစ်ခဲ့ပါတယ်။
HEC Solar သည် photovoltaic (PV) ပရောဂျက်များ၏ အင်ဂျင်နီယာ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောက်လုပ်ရေး (EPC) နှင့် ပရောဂျက်စီမံခန့်ခွဲမှု ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်သည့် ဘူလ်ဂေးရီးယား အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပါတယ် ။ ၂၀၁၂ ခုနှစ်မှ စတင်ကာ နေရောင်ခြည်စွမ်းအင်သုံး စျေးကွက်တွင် စတင် ပါဝင်ခဲ့ပြီး တစ်ကမ္ဘာလုံးရှိ ဆိုလာပန်းခြံများ၏ ၂.၅ ဂစ်ဂါဝပ် ကျော်ကို ဥရောပတစ်လွှားတွင် တပ်ဆင်ထားပြီး ဖြစ်ပါတယ် ။ အများစုကတော့ ဥရောပတစ်ဝှမ်းရှိ နိုင်ငံကိုးနိုင်ငံတွင် ပရောဂျက်ပေါင်း ၂၅ ခု မှာ လုပ်ကိုင်နေတာပဲဖြစ်ပါတယ် ။
Renewables Now ။ ။ ရုရှား- ယူကရိန်းစစ်ပွဲကြောင့် ဥရောပမှာ စွမ်းအင်ဆိုင်ရာ အခက်အခဲ ဖြစ်ခဲ့ပါတယ် ။ အဲ့ဒါနဲ့ ပတ်သက်ပြီး တစ်ခုခုပြောပါဦး ။
တာဘူတော့ဗ် ။ ။ စစ်ပွဲကြောင့်ဖြစ်လာတဲ့ သဘာဝဓာတ်ငွေ့ အကျပ်အတည်းက စားသုံးသူတွေကို အတွေးအမြင် ပြောင်းလဲစေပါတယ် ။ လျှပ်စစ်ရရှိရေးနှင့် ထုတ်လုပ်ရေးကိစ္စရပ်တွေမှာ ကုမ္ပဏီများရဲ့ လုံခြုံရေးနဲ့ ကုမ္ပဏီများ ရဲ့ သဘောထားအမြင်က ရေရှည်မှာ အပြောင်းအလဲဖြစ်လာစေခဲ့ပါတယ် ။ မတည်ငြိမ်သော ပတ်ဝန်းကျင်နှင့် လျှပ်စစ်ဓာတ်အား စျေးနှုန်းကြီးမြင့်မှုက လျှပ်စစ်ရရှိရေး ကဏ္ဍမှာ ပါဝင်လှုတ်ရှားနေသူများနှင့် စားသုံးသူများအား လျင်မြန်ပြီး အမှီအခိုကင်းတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ရွေးချယ်ရန် တွန်းအားပေးပြီး အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ခြင်းအတွက် ပိုမိုလေးနက်သော ချဉ်းကပ်မှုတစ်ရပ်ကို ပြုလုပ်စေခဲ့ပါတယ် ။ အဲ့ဒါက အပြောင်းအလဲတစ်ခုကို ဦးတည်လာစေတာပဲ ဖြစ်ပါတယ်။
အဆိုးဘက်ကိုကြည့်ပြန်တော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုနဲ့ ပတ်သက်ပြီး ဖြန့်ကျက်မှုတွေ ချဲ့ထွင်ခြင်းတွေမှာ စည်းမျဉ်းစည်းကမ်းအရ လုပ်ဆောင်ရန် လိုအပ်တဲ့ စိန်ခေါ်မှုအချို့ဖြစ်လာတာပဲ ဖြစ်ပါတယ်။ အစိုးရများက လျှပ်စစ်ဓာတ်အားခ သက်သာသောစျေးနှုန်းနဲ့ နိုင်ငံသားများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကြိုးပမ်းနေချိန်မှာ ဥရောပသမဂ္ဂ (EU) ရဲ့အစိမ်းရောင်အစီအစဉ်များကို ရှေ့ဆက်ရန်ဖို့အတွက် မတည်မငြိမ် ဥပဒေများ၊ မသေချာမရေရာမှုများကြောင့် အဓိကအခက်အခဲများဖြစ်လာပါတယ်။
၎င်းသည် ပုံမှန်အားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော ဓာတ်အားထုတ်လုပ်သည့် ရင်းမြစ်များနှင့် ရေရှည်တည်တံ့ခြင်းမရှိသော ဥပဒေများနှင့် စည်းမျဉ်းများကို ပြင်ဆင်ခြင်းများကို ဖြစ်ပေါ်စေပြီး တစ်ချိန်တည်းတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းနှီးမြှုပ်နှံသူများနှင့် ပရောဂျက်ရေးဆွဲသူများအတွက် မတည်မငြိမ်ဖြစ်ပြီး မလုံခြုံသောပတ်ဝန်းကျင်ကို ဖန်တီးပေးနေပါတယ် ။
အထူးသဖြင့် နေရောင်ခြည်စွမ်းအင်သုံး ကဏ္ဍအတွက် လုပ်သားမလုံလောက်မှုသည် အဓိကပြဿနာဖြစ်သည်။ ဆိုလာလုပ်ငန်းတစ်ခုလုံးမှာ အထူးကျွမ်းကျင်သော အင်ဂျင်နီယာများနဲ့ လုပ်သားရှားပါးမှုကို ကြုံတွေ့နေရပဲ ဖြစ်ပါတယ်။ ပြောချင်တာကဗျာ ၊ ကျွမ်းကျင်လုပ်သား ရှားပါးမှုက ကလျှပ်စစ်စွမ်းအင်စျေးကွက် ကြီးမားလာမှုကို စိန်ခေါ်နေတာပဲဖြစ်ပါတယ်။ အီးယူမှာ ဆိုလာစျေးကွက်က ကြီးထွားလာတယ် ။ စီးပွားရေးလုပ်ငန်းစု ကြီးတစ်ခုလုံးကို လိုအပ်တဲ့ စွမ်းအင်တွေ ပေးနိုင်ဖို့ဆိုရင် ဆိုလာကို ပိုင်ပိုင်နိုင်နိုင် လုပ်နို်ငတဲ့ လူတွေအများကြီး လိုနေတယ်။ အဲ့တော့ အရည်အသွေးတိုးတက်မှုကိုနှောင့်နှေးစေတယ်။
စွမ်းရည်အသစ်များ ပေါင်းစည်းမှုနဲ့အတူ နိုင်ငံများအချင်းချင်း အားနည်းသော အပြန်အလှန်ဆက်သွယ်မှုက ဥရောပလျှပ်စစ်ကွန်ရက် ပေါင်းစည်းမှုကို အခက်အခဲဖြစ်စေလာတယ် ။ “ဖြစ်နိုင်သမျှ အပေါဆုံးစျေးနှုန်း နဲ့” လိုအပ်သည့်နေရာတွေမှာ လျှပ်စစ်မီးရရှိမှုက ကန့်သတ်ခံနေရတယ် ၊ ဒါမှမဟုတ် လုံးလုံးလျားလျား ဟန့်တားခံနေရတာပါပဲ ။
Renewables Now ။ ။ REPowerEU လို့ခေါ်တဲ့ ဥရောပသမဂ္ဂကို စွမ်းအင်အသစ် နဲ့ အစားထိုး ပြောင်းလဲသွားမယ့် အစီအစဉ်ပေါ်ကိုရော ဘယ်လိုမြင်သလဲ ။
တာဘူတော့ဗ် ။ ။ REPowerEU က အစိုးရများအား BESS ဖြေရှင်းချက်များအား ထောက်ပံ့ခြင်းနဲ့ ၎င်းတို့၏ စွမ်းအင်ကဏ္ဍ၏ ပြဿနာရှိသော နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံခြင်းကဲ့သို့သော ရေတိုလမ်းကြောင်းများကို ပဲ ပံ့ပိုးပေးနိုင်မှာပါ ။ အဆိုးဘက်ကတော့ ရေတိုလမ်းကြောင်းတွေက ဒီကဏ္ဍထဲမှာ လှုတ်ရှားနေတဲ့သူတွေ၊ ကုမ္ပဏီတွေ၊ ဝန်ဆောင်မှုပေးသူတွေက အဲဒီရေတိုရည်မှန်းချက်တွေကို အာရုံစိုက်ပြီး အစိမ်းရောင်တော်လှန်ရေး ကို ဖွံ့ဖြိုးတိုးတက်အောင် ရေရှည်တည်တံ့တဲ့ နည်းလမ်းနဲ့ ဝေးရာကို မောင်းထုတ်လိုက်တာ ဖြစ်ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဟာ ပြိုင်ဆိုင်မှု မဖြစ်လောက်အောင်ပါပဲ။
Renewables Now ။ ။ ဘူဂေးရီးယားမှာ ရှိတဲ့ ဆိုလာ စျေးကွက် အခြေအနေကရော ပြောပေးပါဦး ။
တာဘူတော့ဗ် ။ ။ ပြဿနာက နို်ငငံရေးတည်ငြိမ်မှုဗျ ။ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ တွဲလုပ်ရတဲ့ လျှစ်စစ်ဓာတ်အား ထုတ်လုပ်မှု ၊ ရေလုပ်ငန်း နဲ့ တွဲလုပ်တဲ့ ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း ၊ စွမ်းအင်သိုလှောင်မှုနဲ့ ဖြန့်ဖြူးမှု ၊ ပြီးတော့ ပြဿနာကို အမြန်ခြေရာခံပြီး မဟာဗျူဟာမြောက် ဖြေရှင်းမှုတွေက နိုင်ငံရေးမတည်ငြိမ်ဘဲ ဘာမှ လုပ်မရဘူး ။ စွမ်းအင်အခြေခံအဆောက်အအုံ တည်ငြိမ်မှု၊ စွမ်းအင် ရောနှောမှုနှင့် စက်မှုသုံးစွဲသူများရဲ့ အခြေအနေ ၊ ဇုန်သတ်မှတ်ခြင်းဥပဒေ၊ စွမ်းအင်ဥပဒေ၊ သဘာဝပတ်ဝန်းကျင်ဥပဒေနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဥပဒေတို့ က လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့အတွက် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရှုပ်ထွေးစေပါတယ် ။
အဓိကပြောချင်တာက လျှပ်စစ်ဓာတ်အားကို သန့်စင်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ ဆိုလာတို့ ၊ လေ တို့ ၊ ရေ တို့ ၊ ဟိုက်ဒိုဂျင်တို့ကနေ ထုတ်လုပ်တော့မယ်ဆိုရင် ခွင့်ပြုခြင်းနှင့် လျှပ်စစ်ဓာတ်အားချိတ်ဆက်မှု လုပ်ငန်းစဉ်များဆိုင်ရာ ဥပဒေတွေ ၊ လုပ်ထုံးလုပ်နည်းတွေကို ဖြေလျှော့ပေးနိုင်ဖို့က အရေးကြီးပါတယ် ။
မောင်ယ‌ဿ ဘာသာပြန်သည်၊

About The Author

greenness_mm

No Comments

Leave a Reply