သစ်တောပြုန်းတီးမှုနဲ့ ငှက်ဖျားရောဂါက ကလေးတွေကို ပိုထိခိုက်
လေ့လာမှုအသစ်တစ်ခုအရ သစ်တောပြုန်းတီးမှုနဲ့ ငှက်ဖျားရောဂါက ဆက်စပ်မှုရှိတယ်ဆိုတာကို အာဖရိက ဆာဟာရအောက်ပိုင်း ဒေသတွေကို လေ့လာပြီးနောက်မှာ တွေ့ရှိခဲ့ပါတယ်။ သစ်တောဖုံးလွှမ်းမှု ဆုံးရှုံးခြင်းက ဂေဟစနစ်များကို ထိခိုက်စေရုံသာမက အထူးသဖြင့် ထိခိုက်လွယ်သော ကလေးငယ်များကြားမှာ ငှက်ဖျားရောဂါ ပျံ့နှံ့မှုကိုလည်း အထောက်အကူပြုကြောင်း အမေရိကန်ပြည်ထောင်စု၊ ဗားမောင့်တက္ကသိုလ် က လေ့လာမှု လုပ်ခဲ့ပါတယ်။ သစ်တောပြုန်းတီးမှုသည် ဒေသတွင်း ရာသီဥတုပုံစံများကို နှောင့်ယှက်စေပြီး ငှက်ဖျားပိုးသယ်ဆောင်သည့် ခြင်များအတွက် စံပြမျိုးပွားရာနေရာများ ဖန်တီးပေးနေပါတယ်။ ဒါကြောင့် သစ်တောပြုန်းတီးတဲ့ ဒေသများတွင် နေထိုင်သော ကလေးများသည် ရောဂါရနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ် ။ လေ့လာမှုက သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့် ပြည်သူ့ကျန်းမာရေးတို့ကြား ဆက်စပ်မှုကို အလေးပေးဖော်ပြခဲ့ပြီး အထူးသဖြင့် စီးပွားရေးအရ ချို့တဲ့သော အသိုင်းအဝိုင်းများမှာ အဲ့ဒိဖြစ်စဉ်တွေ ပိုမိုဖြစ်ပွားပါတယ်။ သစ်တောပြုန်းတီးသောဒေသများတွင်နေထိုင်သောကလေးများ အထူးသဖြင့် […]