ပင်လယ်ရေမြင့်တက်လာလို့ ပြင်သစ်ရေဝပ်မြေမှာ ကျက်စားတဲ့ကြိုးကြာတွေ အန္တရာယ်နဲ့ ကြုံတွေ့
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အာတိတ်စက်ဝိုင်း နဲ့ အန္တာတိကတိုက်က ရေခဲတွေ အရည်ပျော်မှုဖြစ်စဉ် တိုးလာပြီး ပင်လယ်ရေမြင့်တက်မှုများဖြစ်ပေါ်နေပါတယ်။ လက်ရှိအနေအထားအရ အာတိတ်စက်ဝိုင်းမှာ ရေခဲတောင်တွေ ပြိုကျနေသလို အာတိတ်စက်ဝိုင်းအတွင်း က ဂရင်းလန်းကျွန်မှာလည်း ကုန်းမြေမျာ းပေါ်လာ တဲ့ အထိဖြစ်ပေါ်နေပါတယ်။ ဥရောပက အကျယ်ဆုံး ရေဝပ်မြေဖြစ်တဲ့ ပြင်သစ်နိုင်ငံက ကာမာဂူးဒေသမှာ ရေမျက်နှာပြင် မြင့်တက်လာမှု ကြောင့် ကြိုးကြာ ငှက်တွေအပါအဝင် ရေဝပ်ဒေသ နဲ့ စိမ့်မြေဒေသမှာ နေထိုင် ကျက်စားတဲ့ တိရစ္ဆာန်တွေ ၊ သဘာဝပေါက်ပင် နဲ့ ဂေဟစနစ်တွေ ထိခိုက်လာနေပါပြီ။ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ စတုရန်း ကီလိုမီတာ ၁၀၀၀ လောက်ရှိတဲ့ ဒေသတစ်ခုကို ယူနက်စကိုက သဘာ၀ တောရိုင်းသုခဘုံ အဖြစ်နဲ့ သက်မှတ်ပေးပြီး ကမ္ဘာအမွေအနှစ်စာရင်းထဲထည့်ထားပါတယ်။ အဲ့ဒိဒေသ ကို […]