ရခိုင်တွင် ဒီရေတောဧက ၄ သိန်းကျော်ရှိရာမှ ယခုနှစ်တွင် ၈ သောင်းကျော်သာ ကျန်ရှိတော့ဟုဆို

ရခိုင်ပြည်နယ်တွင် ဒီရေတောဧက ၄ သိန်းကျော်ရှိခဲ့ရာမှ ယခုနှစ်တွင် ဧက ၈ သောင်းကျော်သာကျန်ရှိတော့သည်ဟု ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။ ယခုကဲ့သို့ ဧကပေါင်းမြောက်များစွာလျော့နည်းလာခြင်းမှာ ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနတွင် ဝန်ထမ်းအင်အားနည်းပါး၍ သစ်တောများနှင့် ဒီရေတောများကိုထိန်းသိမ်းစောင့်ရှောက်ရန် မနိုင်မနင်းဖြစ်နေရသည့်အတွက်ကြောင့်ဟု ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်က နိရဥ္စရာသတင်းဌာနကိုပြောသည်။ “ကျွန်တော်တို့သစ်တောဝန်ထမ်းတစ်ယောက်က ဧရိယာဧက ၁ သောင်းလောက်ကို ပြုစုထိန်းသိမ်းရေးလုပ်ငန်းတွေတာဝန်ယူနေရတယ်။ ဝန်ထမ်းတစ်ယောက်ကို သစ်တောဧရိယာ ၁ သောင်းဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့သစ်တောတွေကိုထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ ဆက်စပ်ရာဌာနတွေရဲ့ အားတွေကိုယူသလို ဒေသခံတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်ထိန်းသိမ်းလာအောင် ပညာပေးရေးလုပ်ငန်းတွေကို တစ်ဖက်ကနေဆောင်ရွက်တယ်။ တစ်ဖက်ကလည်း ဒီနည်းဥပဒေနဲ့သက်ဆိုင်ရာဌာနတိုင်းက ကျွန်တော်တို့ဒါထိန်းသိမ်းရေးလုပ်ငန်းတွေကိုလုပ်နေပါတယ်။”ဟု ပြောသည်။ ယခုကဲ့သို့ ဒီရေတောများ ပျက်စီးယိုယွင်းလာရခြင်းမှာ ပုဇွန်ကန်တည်ဆောက်ခြင်း၊ လယ်ယာမြေတိုးချဲ့ခြင်း၊ ဆားကွင်းတည်ဆောက်ခြင်းများနှင့် အုပ်ချုပ်ရေးယန္တရားပိုင်းနှောင့်နှေးမှုများကိုအခွင့်ကောင်းယူကာ တရားမဝင် အလွန်အကျွံခုတ်ယူသုံးစွဲမှုများပြားခြင်းတို့ကြောင့်ဖြစ်သည်ဟု ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က […]

ကျိန္တလီ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်းတွင် ရှားပါးလိပ်မတကောင် ဥချ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကျိန္တလီကမ်းခြေဒေသ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်တွင် လိပ်မတကောင် တက်ရောက်ဥချသွားခဲ့ကြောင်း ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း (KIFCA) မှ သိရသည်။ စက်တင်ဘာ ၂၇ ရက်နေ့တွင် ပင်လယ်လိပ်မတကောင် တက်ရောက်ဥချခဲ့ပြီး လိပ်ခြေရာအကျယ်မှာ ၉၀ စင်တီမီတာ ရှိကြောင်း၊ လိပ်ဥကျင်းတည်နေရာကို GPS Point မှတ်ကာ သဘာဝအတိုင်းထားရှိကြောင်း ယင်းအသင်းမှ ကိုသားကြီးက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း ပင်လယ်လိပ်မတကောင် တက်ရောက်ဥချမှုရှိခဲ့ကြောင်း သိရသည်။ ရှားပါးပင်လယ်လိပ်မျိုးစိတ်များကို ထိန်းသိမ်းနိုင်ရန် ကျိန္တလီကမ်းခြေတွင် ကမ်းခြေအရှည် ၂၄ မိုင်အား ဇုန် သုံးဇုန် ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ #News Watch

အစာကျွေးမယ့်သူကို မျှော်နေရှာတဲ့ မျောက်ကလေးတွေ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ရှိ သမိုင်းဝင်ကျောက်တော်တောင်ဘုရားမှာနေထိုင်ကြတဲ့မျောက်တွေဟာ အစား အစာတွေစားရဖို့ ဘုရားဖူးတွေကိုသာမျှော်နေကြရပါတယ်။ အဲဒီဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ထွန်းမြက”အသီးအနှံတွေ၊ငတ်တော့ မြက်ကလေးတွေကို ရှာစားတယ်။မစားရတာကြာရင် တံတားသို့ သွားပြီး လူတွေဆီက အစာတောင်းကြတယ်။ကားတွေနဲ့တိုက်မိလို့ သေသွားကြတာတွေလည်း ရှိတယ်။”လို့ ဆိုပါတယ်။ အဆိုပါကျောက်တော်တောင်ဘုရားတောင်တန်းတွင် မျောက်ကောင်ရေ တစ်ထောင်နီးပါးနေထိုင်နေကြတာဖြစ်ပြီး ရခိုင်စစ်ပွဲမှ ခုအချိန်ထိ မြန်မာစစ် တပ်က ဘုရားတောင်ပေါ်မှာ တပ်စွဲထားဆဲဖြစ်ပါတယ်။ အဲဒီကျောက်တော်တောင်ဘုရားမှာနေပြီးမျောက်စာများရောင်းချနေတဲ့ ဒေါ်သိန်းရင်က”ခုတော့ ဘုရား ဖူးနည်းနည်း ပါးပါးလာကြပါတယ်။ဘုရားဖူးအလာနည်းတော့ မျောက်တွေက အစာမဝကြဘူး။”လို့ ဆိုပါတယ်။ ရခိုင်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှစတင်ကာမြန်မာ စစ်တပ်နှင့်ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများရပ်တန့်ပြီးနောက် ပိုင်းမှသာ ဘုရားဖူးများကိုလာရောက်ခွင့်ပြုထားပေမယ့် မြန်မာစစ်တပ်ဖက်က ဘုရားတောင်ပေါ်မှာ ဒီနေ့ထိစခန်းချတပ်စွဲနေထိုင်နေကြဆဲဖြစ်ပါတယ်။ BNA သတင်းမှကူးယူဖော်ပြပါသည်။

Page 2 of 2
1 2