လာအိုမှာ ပြည်သူတွေ တစ်ပိုင်တစ်နိုင် သစ်တောစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်နေပြီ

လွန်ခဲ့တဲ့ နှစ် ၈၀ ကျော်ကတည်းက လာအိုနိုင်ငံရဲ့ အန်နမိုက် အလယ်ပိုင်းဒေသတစ်ခုလုံး သစ်တောပြုန်းတီး မှုတွေ ဖြစ်ပေါ်နေရာ ဒေသခံတွေက တစ်ပိုင်တစ်နိုင် သစ်ပင်စိုက်ပျိုးရေး နဲ့ ထိန်းသိမ်းစောက်ရှောက်ရေး လုပ်ငန်းကို ဘယ်သူရဲ့ အကူအညီမှ မယူဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ လုပ်ကိုင်နေကြပါတယ်။ အဲ့ဒိဒေသ သစ်တော ၃၀% ကျော်က သစ်ထုတ်လုပ်ငန်းတွေ ကြောင့် တောပြုန်းခဲ့တာကို ဒေသခံတွေ လယ်ယာ လုပ်ငန်းလုပ်ဖို့အတွက် တောတွေကို ချဲ့ထွင်လိုဆိုပြီး အပြစ်ပြော ခံရတာတွေကြောင့် ဒေသခံတွေက သစ်တော ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေကို လုပ်ပြကြတာပါ။ သစ်တောတွေ ပြုန်းတီးလာလို့ ရေကြီးရေလွှမ်းမိုး ဒဏ်ကို သူတို့ လက်တွေ့ခံစားလိုက်ရပါတယ်။ လယ်ယာတွေ ဆုံးရှုံးတယ် ၊ ဒေသတွင်း ဇီဝမျိုးကွဲတွေ ရှားပါးကုန်လို့ အမဲလိုက်ရာမှာ အခက်အခဲကြုံ နေရပါတယ်။ […]

ကျိန္တလီ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်းတွင် ရှားပါးလိပ်မတကောင် ဥချ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကျိန္တလီကမ်းခြေဒေသ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်တွင် လိပ်မတကောင် တက်ရောက်ဥချသွားခဲ့ကြောင်း ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း (KIFCA) မှ သိရသည်။ စက်တင်ဘာ ၂၇ ရက်နေ့တွင် ပင်လယ်လိပ်မတကောင် တက်ရောက်ဥချခဲ့ပြီး လိပ်ခြေရာအကျယ်မှာ ၉၀ စင်တီမီတာ ရှိကြောင်း၊ လိပ်ဥကျင်းတည်နေရာကို GPS Point မှတ်ကာ သဘာဝအတိုင်းထားရှိကြောင်း ယင်းအသင်းမှ ကိုသားကြီးက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း ပင်လယ်လိပ်မတကောင် တက်ရောက်ဥချမှုရှိခဲ့ကြောင်း သိရသည်။ ရှားပါးပင်လယ်လိပ်မျိုးစိတ်များကို ထိန်းသိမ်းနိုင်ရန် ကျိန္တလီကမ်းခြေတွင် ကမ်းခြေအရှည် ၂၄ မိုင်အား ဇုန် သုံးဇုန် ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ #News Watch

သမုဒ္ဒရာတွေ ကျန်းမာမှ လူသားတွေ ကျန်းမာမယ်

လူသားတွေအတွက် အစားအသောက် ၊ အပန်းဖြေမှုနဲ့ ဆေးဝါတွေကို ထုတ်လုပ်ပေးနေတဲ့ သမုဒ္ဒရာကြီးတွေက အခုတော့ ပလက်စတစ်အမှုန်တွေနဲ့ ကျန်းမာရေး မကောင်းဘူးဖြစ်နေပါတယ်။ ဖျားနာနေတဲ့ သမုဒ္ဒရာကြီး က လူသားတွေကို ဆိုးကျိုး များစွာကို ဖြစ်ပေါ်စေတော့တာပေါ့။ ဥပမာပြောရရင် ရောဂါပိုးမွှားတွေကို ဖန်းတီးပေးတယ်၊ ရေထုညစ်ညမ်းမှုကိုဖြစ်စေတယ် ၊ ရေညှိအဆိပ်သင့်မှု ကို ဖြစ်လာတယ် ။ အဲ့ဒါတွေက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာစေတာပေါ့ ၊ သမုဒ္ဒရာဆိုတာ ကုန်းပေါ်က လူသားတွေ စွန့်ပစ်တဲ့ အမှိုက်တွေကို နောက်ဆုံး လက်ခံတဲ့နေရာဖြစ်တော့ နှစ်စဉ်လူသားတွေ လွှင့်ပစ်လိုက်တဲ့ အမှိုက်တွေ စုပုံနေတော့တာပေါ့ ။ ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ သက်ရှိ၈၀% လောက်က သမုဒ္ဒရာထဲမှာ နေထိုင်တာပါ။ အဲ့ဒိသက်ရှိတွေ အဆိပ်သင့်လာပြီဆိုရင် ကုန်းနေသတ္တဝါတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်လာတော့တာပါပဲ။ ရေမှာပေါက်ပွားတဲ့ […]

ဘာစီလိုနာမြို့ပေါ်လမ်း ၂၁ လမ်းကို အစိမ်းရောင်လမ်းတွေအဖြစ် ဖန်တီး

နွေရာသီတုန်းက ကိုဗစ်ပြန့်နှံ့မှုကို ထိန်းချုပ်တဲ့ လော့ခ်ဒေါင်းကို လုပ်ပြီးနောက်မှာတော့ ကိုဗစ်ကာကွယ် ဆေးထိုး လုပ်ငန်းတွေ လုပ်လာနိုင်ပြီဖြစ်လို့ လော့ခ်ဒေါင်းကို ဖြုတ်လိုက်ကာ ဘာစီလိုနာမြို့ က ယခင်ကလို ပြန်လည်စည်ကားမှုတွေ ဖြစ်လာပါပြီ။ မြို့ ကိုလော့ဒေါင်းချထားစဉ်ကာလမှာ မြို့ အာဏါပိုင်တွေ က မြို့ ပေါ် လမ်း ၂၁ လမ်းကို အစိမ်းရောင် လမ်းတွေ ဖြစ်အောင် ပြင်ဆင်ခဲ့ကြပါတယ်။ အဲ့ဒိစီမံကိန်းက ကမ္ဘာ့စီးပွားရေးဖိုရမ်ကနေဆင်းသက် လာတာဖြစ် ပြီး ကားလမ်းတွေနဲ့ လူသွားလမ်းတွေမှာ သစ်ပင်တွေစိုက်ကာ အစိမ်းရောင်လမ်းတွေကို ဖန်တီးခဲ့တာပါ။ ကိုဗစ်ပထမလှိုင်း ဖြစ်တဲ့ ၂၀၂၀ မတ်လကတည်းက အဲ့ဒိအစီအစဉ်ကို မြို့အာဏါပိုင်တွေ ဆွဲခဲ့တာပါ။ မြို့ မှာ ကာလမ်းတွေ ကို အစိမ်းရောင် ပြောင်းနေစဉ်မှာ ပဲ စက်ဘီးလမ်းတွေကို ပိုမိုတိုးချဲ့ […]

ထရန့်အစိုးရ ကယ်လိုက်လို့ တောပြုန်းတောင်ပြုန်း မဖြစ်သွားတဲ့.. အလာစကား

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကစပြီး အမေရိကားတိုက်ရဲ့ မြောက်ဖက်အစွန် အမေရိကန်နိုင်ငံပြည်နယ် တစ်ခုဖြစ်တဲ့ အလာစကားမှာ ရေနံတူးဖော်ရေး လုပ်ငန်းတွေ စက်မှုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြပါတယ်။ ထရန့် အစိုးရ တက်လာတော့ အလာစကားက စက်မှုလုပ်ငန်းတွေ နဲ့ ရေနံတူးဖော်ရေး လုပ်ငန်းတွေကို ပြန်စိစစ်ဖို့ အမိန့် ပေးခဲ့ပါတယ်။ အလာစကားပြည်နယ်အစိုးရက ထရန့်အစိုးရရဲ့အမိန့်နဲ့ ညွှန်ကြားချက်အတိုင်း ပြည်နယ်အတွင်း မှာ ရှိတဲ့ စက်မှုလုပ်ငန်းတွေနဲ့ ရေနံတူဖော်ရေးလုပ်ငန်းတွေက သဘာပတ်ဝန်းကျင်ထိခိုက်မှု ဘယ်အတိုင်း အတာရှိလဲဆိုတာကို ပြန်စစ်ဆေးခဲ့ပါတယ်။ သဘာဝပတ်ဝန်းထိခိုက်မှု စံနှုန်းတွေနဲ့ တိုင်းတာပြီး ရပ်သင့်တဲ့လုပ်ငန်းတွေ ရပ်ခိုင်းပြီး လုံးဝပိတ်သင့်တဲ့ လုပ်ငန်းတွေကို ပိတ်ခဲ့ပါတယ်။ အနှစ် ၃၀ အတွင်း ရေနံစိမ်းစည် သန်း ၆၀၀ နီးပါးလောက် ထုတ်လုပ်ခဲ့ တဲ့ အလာစကားပြည်နယ်က ဒေသအချို့က […]

အစာကျွေးမယ့်သူကို မျှော်နေရှာတဲ့ မျောက်ကလေးတွေ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ရှိ သမိုင်းဝင်ကျောက်တော်တောင်ဘုရားမှာနေထိုင်ကြတဲ့မျောက်တွေဟာ အစား အစာတွေစားရဖို့ ဘုရားဖူးတွေကိုသာမျှော်နေကြရပါတယ်။ အဲဒီဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ထွန်းမြက”အသီးအနှံတွေ၊ငတ်တော့ မြက်ကလေးတွေကို ရှာစားတယ်။မစားရတာကြာရင် တံတားသို့ သွားပြီး လူတွေဆီက အစာတောင်းကြတယ်။ကားတွေနဲ့တိုက်မိလို့ သေသွားကြတာတွေလည်း ရှိတယ်။”လို့ ဆိုပါတယ်။ အဆိုပါကျောက်တော်တောင်ဘုရားတောင်တန်းတွင် မျောက်ကောင်ရေ တစ်ထောင်နီးပါးနေထိုင်နေကြတာဖြစ်ပြီး ရခိုင်စစ်ပွဲမှ ခုအချိန်ထိ မြန်မာစစ် တပ်က ဘုရားတောင်ပေါ်မှာ တပ်စွဲထားဆဲဖြစ်ပါတယ်။ အဲဒီကျောက်တော်တောင်ဘုရားမှာနေပြီးမျောက်စာများရောင်းချနေတဲ့ ဒေါ်သိန်းရင်က”ခုတော့ ဘုရား ဖူးနည်းနည်း ပါးပါးလာကြပါတယ်။ဘုရားဖူးအလာနည်းတော့ မျောက်တွေက အစာမဝကြဘူး။”လို့ ဆိုပါတယ်။ ရခိုင်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှစတင်ကာမြန်မာ စစ်တပ်နှင့်ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများရပ်တန့်ပြီးနောက် ပိုင်းမှသာ ဘုရားဖူးများကိုလာရောက်ခွင့်ပြုထားပေမယ့် မြန်မာစစ်တပ်ဖက်က ဘုရားတောင်ပေါ်မှာ ဒီနေ့ထိစခန်းချတပ်စွဲနေထိုင်နေကြဆဲဖြစ်ပါတယ်။ BNA သတင်းမှကူးယူဖော်ပြပါသည်။

Page 10 of 10
1 2 3 4 5 6 7 8 9 10