တရုတ်တွေက အာဖရိကမှာ အစိမ်းရောင်စွမ်းအင်လုပ်ငန်းတွေ လုပ်နေပြီ

              နမ်မီဘီယားက လေအားလျှပ်စစ် ထုတ်လုပ်မှုနဲ့ ဇင်ဘာဘွေက ကာရီဘာဆည်ထဲကရေပေါ် ဆိုလာခြံတွေက အာဖရိကကို ရုပ်ကြွင်းလောင်စာမှီခိုပြီးသွားနေရတဲ့ လုပ်ငန်းတွေကနေ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တွေကို အားကိုးလာနိုင်စေဖို့ တရုတ်တွေ ပေးထားတဲ့ ကတိကဝတ်တွေက လုပ်ငန်းတွေဖြစ်ပါတယ်။ဘေကျင်းအစိုးရက အာဖရိက နိုင်ငံတွေမှာ စွမ်းအင်နဲ့ ပတ်သက်တဲ့ ရင်းနှီးမြုတ်နှံမှုတွေ ပြုလုပ်ဖို့အတွက် အများကြီး အာရုံစိုက်ထားပါတယ် ။ လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေသိပ္ပံကျောင်းမှ မူဝါဒရေးရာပညာရှင် Lei Bian က တရုတ်တွေက ရာသီဥတုဖောက်ပြန်မှု တားဆီးရေး နဲ့ပတ်သက်ပြီး နိုင်ငံတကာကိုပေးထားတဲ့ ကတိကဝတ်တွေကိုအကောင်အထည်ဖော်ကို အာဖရိက ကိုစဝင်တာပဲဖြစ်မှာပါ လို့ ဆိုပါတယ် ။             […]

ပလတ်စတစ်နဲ့ ပတ်သက်ပြီး ဥရောပက နောက်ကျကျန်နေတာလား

                  ပလတ်စတစ်အိတ်တွေက နေရာတိုင်းမှာ ရှိပါတယ်။ ပလတ်စတစ်တွေက ကျနော်တို့ရဲ့လမ်းများပေါ်မှာအမှိုက်သရိုက်များအဖြစ်လည်းကောင်း မြစ်များချောင်းများကို ပိတ်ဆို့စေတတ်သည့် အရာအဖြစ်လည်းကောင်း သမုဒ္ဒရာများတွင် ရေနေတောရိုင်းတိရစ္ဆာန်များကို မွန်းကြပ်စေခြင်းဖြင့်လည်းကောင်း သဘာဝပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးနေပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ နှစ်ပေါင်းများစွာ မဲဆွယ်စည်းရုံးမှုအပြီးမှာ နေရာ တော်တော်များများက ပလတ်စတစ်သုံးစွဲမှုတွေကို လုံးဝတားမြစ်ခဲ့ပါတယ်။ ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် တစ်ခါသုံး ပလတ်စတစ်အိတ်များကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း တားမြစ်ထားနိုင်ခဲ့သလို ၂၀၁၀ နှင့် ၂၀၁၉ ခုနှစ်အကြားတွင် ပလတ်စတစ်အိတ်များကို ဖယ်ရှားရန် ရည်ရွယ်သည့် အများပြည်သူဆိုင်ရာ မူဝါဒ အရေအတွက်များ သုံးဆတိုးလာပါတယ်။ တင်းကြပ်သော စည်းမျဉ်းများ၏ ရလဒ်များသည်လည်း ပေါ်ပါလာပါတယ်။ […]

သစ်တောပြုန်းတီးမှုကင်းသော ထုတ်ကုန်ဥပဒေကို ပြဌန်းရန် အီးယူ သဘောတူ

                ဥရောပ ပါလီမန်က ဥရေပသမဂ္ဂ ( အီးယူ ) အစိုးရများအပေါ် သက်ရောက်မှုရှိမယ့် သစ်တောပြုန်တီးမှုကင်း သော ထုတ်ကုန်ဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို ပြဌန်းရန် မနေ့က မနက်ပိုင်းမှာ သဘောတူလိုက်တယ်လို့ သိရပါတယ် ။ အဲ့ဒိဥပဒေမှာ ကော်ဖီ ၊ ကိုကိုး နဲ့ ဆီအုန်တို့လို စျေးကွက်ဝင်သီးနှံတွေ ကို စိုက်ပျိုး ထုတ်လုပ်တဲ့ အခါမှာ သစ်တောပြုန်းတီးမှု သစ်တောယိုယွင်းမှုမရှိကြောင်း အာမခံချက် တစ်စုံတစ်ရာရှိမှာသာ ဥရောပ စျေးကွက် အတွင်းသို့ တင်သွင်းခွင့်ပြုမယ်ဆိုတာ ပါလာပါတယ် ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ စီးပွားဖြစ် သီးနှံစိုက်ပျိုးတဲ့ သူတွေအပေါ် ၂၀၂၀ ဒီဇင်ဘာလကနေ စပြီး ဥပဒေက […]

အောင်မြင်သွားအိန္ဒိယမှာတဲ့ ကန္တာရတော်လှန်ရေ

               ကျနော်တို့ ဒီကိုရောက်တဲ့အချိန်မှာ မြေကြီးက အုတ်ခဲတွေအလား အောင့်မေ့ရတယ် ။ မာတောင်နေတာပဲ ။ ကျနော်တို့ရဲ့ ၇နှဈတာကွိုးစားအားထုတျမှုမှာ မြေကြီးက ရေမြုပ်လိုပျော့ပျောင်းသွားပါပြီ ။ ဘာအပင်မဆို စိုက်လို့ ရနေပါပြီ ရာမီးရှက် ဟာနူမီရာ ( ကန္တရတော်လှန်ရေး လယ်သမား ) ရာမီးရှက် ဟာနူမီရာက နီညိုရောင်ရှိတဲ့ မြေကြီးကို တစ်တောင်လောက်တူးလိုက်တယ် ။ ပြီးတော့ မြေကြီးထဲမှာ တီကောင်တွေ ပိုးကောင်တွေ လုံးထွေးနေတဲ့ မြေကို အနံ့ခံကြည့်တယ် ။ စစ်ဆေးတယ် ။ ပြီးမှ သဘောကျစွာပြုံး လိုက်ပါတယ် ။ အိန္ဒိယ နိုင်ငံတောင်ပိုင်းက အန်ဒဟာရာပြည်နယ် က ခရိုင်တစ်ခုဖြစ်တဲ့ အာနန်တပူရ […]

ချီလီက ဒေသတစ်ခုမှာ ကန္တာရပန်းတွေထူးထူးခြားခြား ပွင့်လို့ အမျိုးသားဥယျာဉ်သတ်မှတ်

                 ကမ္ဘာကြီးပေါ်မှာ နေအပူဆုံးနဲ့ အခြောက်သွေ့ဆုံး ကန္တရကိုပြောပါဆိုရင် ချီလီနိုင်ငံက အတ္တာကာမာ ကန္တရကိုပြောရမှာပါ။ ဒါပေမဲ့ ဒီလအစောပိုင်းမှာ အတ္တာကာမာမှာ ထူးထူးခြားခြားကို ပန်းတွေ အခင်းလိုက်ကြီး ပွင့်နေတဲ့အတွက် ချီလီအစိုးရက ထူးဆန်းတဲ့ သဘာဝဖြစ်စဉ်ကို ကာကွယ်ဖို့အတွက် အဲ့ဒိဒေတစ်ခုလုံးကို တိုင်းပြည်ရဲ့ ၄၄ ခုမြှောက် အမျိုးသားဥယျာဉ်အဖြစ် ကြေညာခဲ့ပါတယ် ။ ချီလီသမ္မတ ဂါဘရီရယ် ဘောရစ်က အဆိုပါဧရိယာပန်းပွင့်သောသဲကန္တာရကို ကာကွယ်ရန်အတွက် အမျိုးသား ဥယျာဉ်အဖြစ်အောက်တိုဘာ ၂ ရက်တွင် ကြေညာခဲ့သည်။အမျိုးသားဥယျာဉ်ကို အုပ်ချုပ်မည့် ဧရိယာအတိအကျ ကို မသတ်မှတ်ရသေးသော်လည်း ကာပီယာပေါင် မြို့တောင်ဘက်နှင့် ဗော်လန်နာမြို့မြောက်ဘက်ကြားတွင် ရှိမည်ဟု ဆုံးဖြတ်ခဲ့ပါတယ်။Atacama သဲကန္တာရတွင် ပန်းများပွင့်တယ်ဆိုတာ ရှားတောင့် […]

လူစီယားနားမှာပျောက်သွားတဲ့ ပင်လယ်လိပ်သေး တစ်မျိုးပြန်တွေ့

ကမ့်ပ်ရိုက်ဒလေ ဆိုတဲ့ ပင်လယ်လိပ်ငယ် မျိုးက အမေရိကားက လူစီယားနား ပြည်နယ်မှာ ပျောက်ကွယ်သွားတာ နှစ် ၈၀ နီးပါးလောက်ရှိပါတယ် ။ ဒီလအစောပိုင်းက ငှက်စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ က နယူးအော်လန် ကမ်းလွန်း ကျွန်းတစ်ကျွန်းဖြစ်တဲ့ ချန်ဒီလာကျွန်းကို သွားရောက်ပြီး သူတို့ရဲ့ လုပ်ငန်းစဉ်တွေကိုလုပ်နေစဉ်မှာ ကမ်းခြေတစ်နေရာမှာ လိပ်ကလေးတွေပေါက်နေတာကို တွေ့ခဲ့ပါတယ်။ သူတို့အဖွဲ့မှာ အဏ္ဏဝါပညာရှင်တစ်ယောက်ပါလာလို့ သူက အဲ့ဒိလိပ်မျိုးက ရှားပါလိပ်ငယ်တွေဆိုတာပြောပြခဲ့လို့ သူတို့က ဓာတ်ပုံရိုက်ပြီး လူစီယားနား ကမ်းခြေထိန်းသိမ်းရေးနဲ့ကာကွယ်စောင့်ရှောက်ရေး အာဏါပိုင်အဖွဲ့ကို အတည်ပြုခိုင်းရာမှာတော့ ပင်လယ်လိပ်တွေထဲမှာ အကောင်အငယ်ဆုံး ကမ့်ပ်ရိုက်ဒလေ လိပ်မျိုးမှန်း သိလိုက် ရပါတယ် ။ အဲ့ဒိမျိုးက အကြီးဆုံးအကောင်မှ ၂ပေလောက်ပဲ ရှိပါတယ် ။   လူစီယားနားပြည်နယ်မှာ ပျောက်ကွယ်သွားတာ ၇၅ နှစ်ကျော်သွားပြီလို့လည်း သိလိုက်ရပါတယ် […]

ရုပ်ကြွင်းလောင်စာ မပြန့်ပွားရေးစာချုပ်ချုပ်ဆိုဖို့အတွက် တောင်းဆိုမှုတွေ လုပ်နေပြီ

လက်ရှိ ကုလသမဂ္ဂမှာ ကျင်းပနေတဲ့ ကမ္ဘာ့ ကျန်းမာရေးညီလာခံမှာ လူသားတွေရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့အတွက် ရုပ်ကြွင်းလောင်စာ မပြန့်ပွားရေး စာချုပ်ချုပ်ဆိုဖို့အတွက် ကျန်းမာရေးပညာရှင် ၁၀၀၀ ကျော်နဲ့ ကျန်းမာရေးဆိုင်ရာအဖွဲ့ ၁၇၅ ဖွဲ့က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ ကုသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အသင်း ဖက်ဒရေးရှင်း ( WFPHA) တို့ ပူးပေါင်းပြီးကျင်းပတဲ့ ညီလာခံမှာ ကမ္ဘာ့နိုင်ငံအသီးသီး က အစိုးရတွေကို ရုပ်ကြွင်းလောင်စာနဲ့ ၎င်းထွက် ပစ္စည်းများ အသုံးမပြုဖို့အတွက် သဘောတူစာချုပ်ချုပ်ပေးရန် လက်မှတ်ထိုးတောင်းဆိုတဲ့ စာတွေပို့ပေးသွားမယ်လို့ သိရပါတယ်။   WHO အကြီးအကဲ ဒေါက်တာ တီးဒရို့စ်က “ ခေတ်သစ်ရုပ်ကြွင်း လောင်စာစွဲလမ်းမှုက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံ လောက်နဲ့ […]

အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်းမှာ ၂၄ နှစ်အတွင်း ဒီရေတော ၄ ရာခိုင်နှုန်း ဆုံးရှုံး ခဲ့ ဟုဆို

               အနောက်အိန္ဒိယသမုဒ္ဒရာ (WIO) ဒေသမှာ ၁၉၉၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၎င်း၏ ဒီရေတော ၄ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားကြောင်း အစီရင်ခံစာအသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ ဒီရေတောရဲ့ ၅% ကို ပိုင် ဆိုင်ထားတဲ့ အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ကင်ညာ ၊ တန်ဇန်နီးယား ၊ မာဒါကတ်စကာ နဲ့ မိုဇမ်ဘစ် နိုင်ငံတွေရဲ့ ဒီရေတောတွေက ပြုန်းတီးမှု ဆက်လက်ဖြစ်ပွားနေတယ်လို့ အဲ့ဒိ အစီရင်ခံစာက ဆိုပါတယ်။ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမဂ္ဂ ( IUCN) နဲ့ ကမ္ဘာ့တောရိုင်းထိန်းသိမ်းရေး ရန်ပုံငွေ ( WWF) တို့ ပူးပေါင်းပြုလုပ်တဲ့ […]

သိပ္ပံပညာရှင်များက အန္တရာယ်ရှိသော ကျူးကျော်မျိုးစိတ်များကို အနံ့ခံရန် ခွေးများကို လေ့ကျင့်ပေး

ခွေးတွေက သူတို့ မမြင်ရတဲ့ ရေကန်အောက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဒေသခံမျိုးမဟုတ်တဲ့ ငါးမျိုးတွေ ရဲ့ အနံ့ကို ခွဲခြားနိုင်စွမ်းရှိတယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရေချို အင်း များ အိုင်များ အတွင်းကို ငါးကြင်း မျိုးစိတ်တွေ ကျူးကျော်ရောက်လာပါက ဒေသခံမျိုးစိတ်တွေ ပျက်းစီး ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ အရှေ့အလယ်ပိုင်း ဇာတိငါးဖြစ်တဲ့ ငါးကြင်း ငါးမြစ်ချင်းတွေက အခြားဒေသက ရေချိုကန်တွေကို ရောက်တဲ့ အခါမှာ သူတို့ရဲ့အကောင်ပေါက်အား နဲ့ ဒေသတွင်း ရေကန်တွေကို စိုးမိုးပစ်လိုက်ပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေက ကျူးကျော်မျိုးစိတ်တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ခွေးတွေရဲ့ အနံ့ခံနိုင်စွမ်းကို အသုံးပြုပြီး ၎င်းတို့ကို ဖယ်ရှားဖို့ အတွက်လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။ သြစတေးလျှနဲ့ နယူးဇီလန်က ပညာရှင်တွေက ဒေသခံမျိုးစိတ် မဟုတ်တဲ့ငါးတွေ […]

ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းနှစ်လုံးပါလိပ်၏ ၂၅ နှစ်မြောက်မွေးနေ့ ပါတီကျင်းပ

                  ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းနှစ်လုံးလိပ်ဖြစ်သော ဂျန်နက်စ် ၏ ၂၅နှစ်မြောက်မွေးနေ့ ကို တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။ မျက်နှာနှစ်မျက်နှာရှိသော ရောမဘုရားကို အစွဲပြုပြီး ဂျန်နပ်စ်ဟု အမည်ပေးထားတာပါ။ ၎င်းကို မွေးစကတည်းက ဂျီနီဗာ သဘာဝသမိုင်းပြတိုက်တွင် မွေးမြူခဲ့ပါတယ်။ ခေါင်းနှစ်လုံးပါသောလိပ်တစ်ကောင်အနေနဲ့ ရန်သူ၏ ရန်ပြုမှုကိုရှောင်ရှားရန် အခွံ့အတွင်းသို့ ပုန်းအောင်း မနေနိုင်သောကြောင့် သဘာဝတွင် သေဆုံးကြတာများပါတယ်။                   ဂျန်နပ်စ်ကို ပြုစုစောင့်ရှောက်ထားသူတွေထဲက အန်ဂျလီကာဘိုဂိုအင်က ” ကျမတို့ သူ့ကို နှစ်အကြာကြီးအသက်ရှင်အောင် မွေးမြူထားနိုင်တာနဲ့ ပတ်သက်လို့ ဝမ်းမြှောက်ဂုဏ်ယူမိပါတယ်” ဟုဆိုပါတယ်။ […]

Page 3 of 10
1 2 3 4 5 6 7 8 9 10