မိုးယွန်း​ကြီးရေတိမ်ဒေသမှ ငှက်ကလေးတွေ….

World Wetlands Day 2022 (2-feb) ကမ္ဘာ့ရေတိမ်ဒေသများနေ့အတွက် မိုးယွန်း​ကြီးရေတိမ်ဒေသမှ ငှက်ကလေးတချို့ကိုဖော်ပြပေးလိုက်ရပါတယ်။ Photo by Lin Aung Pyae ကြာဖက်နင်းငှက်ကလေးများ ပျံလွှားငှက်ကလေးများ တင်ကျီးနှင့်ဗျိုင်းကြီးများ ဗျိုင်းကြီး ဗျိုင်းကြီးနှင့်ကျွဲကျောင်းဗျိုင်း ခရုစုပ်ငှက်နှင့်ဒေါင်းလန်းခြေထောက်ငှက်များ ခရုစုပ်ငှက်များ စစ္စလီများ ရေညှောင့်ငှက် မယ်ညိုငှက်များ ငဟစ် မြစ်တွေးငှက် ဥပန်းငှက်

Popa Langur အပါ မဲခေါင်ဒေသတွင် မျိုးစိတ်သစ်ပေါင်း ၂၀၀ ကျော်တွေရှိ

ကမ္ဘာ့တောရိုင်းတိရစ်ဆာန်ရန်ပုံငွေအဖွဲ့ WWF သည် ၂၀၂၀ ခုနှစ်တွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် မြန်မာတို့ရှိ မဲခေါင်မြစ်ဝှမ်းဒေသတွင် မျိုးစိတ်သစ် ၂၂၄ မျိုးအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ကမ်ဘာ့တောရိုင်းတိရစၦာန်ရန်ပုံငွေအဖွဲ့ WWF ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး မျောက်မျိုးစိတ်များထဲတွင် ၎င်း၏မျက်လုံးပတ်လည်တွင် အဖြူရောင်စက်ဝိုင်းများရှိသော Popa langur လည်းပါဝင်ပြီး အျခား တွားသွားသတ္တဝါများ၊ ဖားမ်ား၊ ငါးများနှင့် အပင်မျိုးစိတ် ၁၅၅ မျိုးလည်း ပါဝင်သည်။ WWF ၏ အစီရင်ခံစာအရ မဲခေါင်ဒေသရှိ တောရိုင်းတိရိစၦာန်များ ပေါများသော နေရာများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ညွှန်ပြနေပြီး အဆိုပါမျိုးစိတ်သစ်များ၏ သစ်တောပြုန်းတီးမှု၊ ရောဂါနှင့် အခြားအန္တရာယ်များကြောင့် ခြိမ်းခြောက်ခံနေရသော ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ရန် အစွမ်းသတ္တိကို တွေ့ရှိရကြောင်း […]

သီရိလင်္ကာတွင် စွန့်ပစ်ပလပ်စတစ်များ စားသုံးခြင်းကြောင့် ဆင်များသေဆုံး

သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းရှိ အမွိုက္ပုံတစ္ခုမွ စွန့်ပစ်ပလပ်စတစ်များကို စားသုံးခြင်းကြောင့် ယခုလ တတိယပတ်အတွင်းက ဆင်နှစ်ကောင်သေဆုံးခဲ့ပြီး ယင်းအမှိုက်ပုံသည် ဆင်များကို သတ်ဖြတ်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများနှင့် တိရစၦာန်ဆေးဆရာဝန်များက သတိပေးပြောကြားခဲ့သည်။ မြို့တော် ကိုလံဘိုအရှေ့ဘက် ကီလိုမီတာ ၂၁၀ ခန့်အကွာ Ampara ခရိုင် Pallakkadu ရွာရှိ အမှိုက်ပုံတွင် ပလတ်စတစ်အမှိုက်ကို စားသုံးပြီးနောက် ပြီးခဲ့သော ရှစ်နှစ်အတွင်း ဆင်ကောင်ရေ ၂၀ ခန့် သေဆုံးခဲ့သည်ဟုဆိုသည်။ သေဆုံးခဲ့သော ဆင်များကို စစ်ဆေးမှုများပြုလုပ်ရာတွင် ၎င်းတို့သည် အမှိုက်ပုံကြီးအတွင်း တွေ့ရှိရသည့် ပလတ်စတစ်အမြောက်အမြားကို မျိုချမိခဲ့ကြောင်း တောရိုင်းတိရစ်ဆာန်တိရစၦာန်ဆေးကုဆရာဝန် Nihal Pushpakumara က ပြောကြားခဲ့သည်။ သေဆုံးဆင်များ၏ အစာအိမ်အတွင် အစာမကြေနိုင်သည့် ပလပ္စတစ္မ်ားကို တွေ့ရကြောင်း ၎က ပြောကြားခဲ့သည်။ သီရိလင်္ကာသည် ဘာသာတရားအရ ဆင်များကို […]

ရောင်စုံငှက်ပြာခြောက်

မြန်မာနိုင်ငံမှာ Nuthatch လို့ ခေါ်တဲ့ ငှက်ပြာခြောက်မျိုးစိတ် (၉) မျိုး တွေ့နိုင်ပြီး၊ ဒီ(၉) မျိုးထဲမှာမှ White-browed Nuthatch ဆိုတဲ့ မျက်ခုံးဖြူငှက်ပြာခြောက်ငှက်လေးက မြန်မာနိုင်ငံမှာပဲ တွေ့နိုင်တဲ့ မြန်မာ့ဒေသရင်း (Myanamr Endemic) ငှက်မျိုးစိတ် ဖြစ်ပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း၊ နတ်မတောင်အမျိုးသားဥယျာဉ်မှာ တွေ့နိုင်ပါတယ်။ ယခုဖော်ပြလိုက်တဲ့ သေးငယ်ပြီး လှပတဲ့ငှက်ကလေးတွေကတော့ Beautiful Nuthatch အမည်ရပါတယ်။ မြန်မာအမည် ရောင်စုံငှက်ပြာခြောက် လို့ သိရပါတယ်။ Beautiful အမည်နဲ့ လိုက်ဖက်အောင် အရောင်စုံလင်လှပတဲ့ ငှက်လေးဖြစ်ပါတယ်။ ဒီငှက်လေးကိုတော့ Wild Wings Group အဖွဲ့ဝင် ကိုမြင့်ကျော်က မြန်မာနိုင်ငံမြောက်ပိုင်း ပူတာအိုဒေသမှာ ရိုက်ကူးမှတ်တမ်းတင်ခဲ့တာပါ။ #BeautifulNuthatch #ရောင်စုံငှက်ပြာခြောက် Credit-Wild Wings Group

ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင်လေ့လာမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာဟုဆို

ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင်လေ့လာမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရသည်။ မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာရှဒေသတွင်း ဝန်ကြီးများအဆင့် ကျား ထိန်းသိမ်းရေးညီလာခံကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် Video Conferencing ဖြင့်ကျင်းပခဲ့ပြီး ထိုသို့ကျင်းပစဉ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝ ကျားများ ပြန်လည်ကျက်စားနိုင်ရန် ကတိကဝတ်ထားရှိကြသော ကျားကျက်စားရာ နိုင်ငံများတွင်ပါဝင်ပြီး နိုင်ငံတွင်း ကျားရှိနိုင်သော နေရင်းဒေသများသည် ၄၉၀၀၀ စတုရန်းကီလိုမီတာ (နိုင်ငံ၏ ခုနစ် […]

တနင်္သာရီက ဆုံးရှုံးသန္တာကျောက်တန်းများ

မနက္က Tahiti မှာသန္တာကျောက်တန်းတွေ့တဲ့သတင်းပုံတင်ရင်း တနင်္သာရီတိုင်းမှာကျနော်တွေ့ခဲ့တာတွေကိုပြချင်ပါတယ်။ ဒီပုံတွေဟာ ကျွန်းလေးတွေနားမှာရေငုပ်ရင်း ကျနော်ကိုယ်တိုင်ရိုက်ခဲ့တာပါ။ တချိန်ကသဘာဝအရောင်စုံနဲ့အင်မတန်လှခဲ့မယ့်နေရာဟာ သန္တာခက်အကျိုးအပဲ့တွေနဲ့ရင်နင့်စရာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သန္တာကျောက်တန်းတွေဟာ ငါးဖမ်းသမားတွေလက်ချက်နဲ့သန္တာသင်္ချိုင်းကြီးဖြစ်နေတာပါ။ မိုင်းခွဲတာစတဲ့နည်းမျိုးစုံနဲ့ ဖျက်ဆီးခဲ့ကြလို့ နှစ်ကာလပေါင်းများစွာဖြစ်တည်လာခဲ့တဲ့ အမွေအနှစ်တွေအကုန်ပျက်စီးကုန်တာဖြစ်ပါတယ်။ ဒီသန္တာကျောက်ခက်တွေကို စနစ်တကျပွားအောင်မွေးပြီးပြန်ရောင်းစားတတ်ရင်တောင် ဝင်ငွေအများကြီးရမှာပါ။ ခရီးသွားလုပ်ငန်းကရမယ့်ဝင်ငွေတွေ၊ ငါးမျိုးနွယ်စိတ်အစုံကရမယ့်ဝင်ငွေတွေ စတာတွေအားလုံးဟာ မိုင်းတချက်ခွဲခံရတာနဲ့အကုန်ပျက်စီးကုန်ပါတယ်။ သန္တာကျောက်တန်းတွေပျက်စီးတာနဲ့ သူတို့ကိုမှီတင်းနေထိုင်တဲ့အဖိုးတန်ရေသတ္တဝါမျိုးစိတ်တွေပါဆုံးရှုံးပျက်စီးကုန်တာဖြစ်ပါတယ်။ Richard Myo Thant 21-January -2022

နာမည်ကြီး သစ်ကုမ္ပဏီတွေက သစ်တောပြုန်းတီးတာတွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်

Forest 500 အမည်ရတဲ့ တကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေးအဖွဲ့ ရဲ့ အစီရင်ခံစာမှာ ကမ္ဘာ့ သြဇာတိက္ကမ ကြီးမားတဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီ တွေက သစ်တောပြုန်းတီးမှုနဲ့ ပတ်သက်လာရင် အရေးယူဆောင်ရွက်ခြင်း သိပ်မရှိလှဘူး လို့ ဖော်ပြပါရှိပါတယ်။ အဲ့ဒိအဖွဲ့စာရင်းပြုစုထားတဲ့ ကမ္ဘာ့ သြဇာတိက္ကမကြီးဆုံး ကုမ္ပဏီ ၃၅၀ မှာ သုံးပုံတစ်ပုံကျော်မှာ သစ်တောပြုန်းတီးမှုနဲ့ ဘယ်လိုကာကွယ်ကြမယ်ဆိုတဲ့ အစီအစဉ် တွေမရှိသလောက်ပါပဲ လို့ ဆိုပါတယ်။ သူတို့ရဲ့ ထုတ်ကုန်တွေ နဲ့ ပတ်သက်ပြီး သစ်တောပြုန်တီးမှု မရှိပါဘူးလို့ အာမခံချက်လုံး၀ မရှိပါဘူး ။ ကျမတို့ ၂၀၁၄ ကတည်းက ဒီစာရင်း ကို ပြုစုနေတာပါ။ ကံမကောင်းချင် တော့ ကျမတို့ ရလိုက်တဲ့ ရလဒ်ကို တော်တော်စိတ်ပျက်ခဲ့ရပါတယ်။ ဒီနေ့အထိလည်း […]

အသစ်တွေ့ရှိသော သစ်ပင်မျိုးစိတ်အား လီယိုနာဒို၏ အမည်ပေး

ယူကေရှိ တော်ဝင်ရုက္ခဗေဒဥယျာဉ် Kew မွ သိပ္ပံပညာရှင်များသည် အော်စကာဆုရှင် Leonardo DiCaprio ကို အစွဲပြု၍ သစ်ပင်မျိုးစိတ်သစ်ကို အမည်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။ Uvariopsis dicaprio ဟုလည်းလူသိများသော “dicaprio သစ်ပင်” သည် ကင်မရွန်းနိုင်ငံ Ebo သစ်တောတွင်သာ ပေါက်ရောက်သော အပင်ဖြစ်ပြီး အီဘိုသစ်တောတွေ ခုတ်ထွင်တာကို ရပ်တန့်အောင် ကူညီပေးရာမှာ လီယိုနာဒို၏ လုပ်ဆောင်မှုများက အရေးပါခဲ့ကြောင်း ဒေါက်တာ Martin Cheek က BBC သတင်းဌာနအား မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။ ကင်မရွန်းအစိုးရသည် စက်မှုလုပ်ငန်းများအတွက် Ebo သစ်တောကို ခုတ်ထွင်းရန် ခွင့်ပြုမိန့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပတ်ဝန်းထိန်းသိမ်းရေး ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုမှုကြောင့် သစ်တောခုတ်ထွင်းရေး ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့သည်။ သိပ္ပံပညာရှင်တစ်ဦးအဖြစ် […]

တစ်ရက်ကို အပင် ၄သောင်းကျော် စိုက်နိုင်ဖို့ အောက်တိုကော်ပတာဒရုန်းတွေနဲ့ အစေ့ချစိုက်ပျိုး

သြစတေးလျှနိုင်ငံက ၂၀၁၉ နှစ်ကုန် ကနေ ၂၀၂၀ နှစ်ဦးပိုင်းအထိ တောမီးလောင်ခဲ့တဲ့ မြေတွေမှာ သစ်ပင်တွေ ပြန်စိုက်ဖို့အတွက် အောက်တိုကော်ပတာ ဒရုန်းတွေကို အဆင့်မြင့်ပြီး အစေ့ချစိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ Air Seed Techno လို့ခေါ်တဲ့ ကုမ္ပဏီက စစ်တပ်ကနေ ဒရုန်းတွေကို ငှားပြီး တစ်ရက် ကို အစေ့ ၄ သောင်းနှုန်း စိုက်ပျိုးနိုင်အောင် ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒိလုပ်ငန်းက ရိုးရာ အစေ့ချစိုက်ပျိုးခြင်းထက် ၂၅ ဆပိုမြန်ပြီး ၈၀% လောက် ကုန်ကျစားရိတ် သက်သာတယ်လို့ သိရပါတယ်။ ဒရုန်း မှာ အစေ့အိမ်လေးတွေ ထည့်ပြီး လွှတ်လိုက်တာပါ။ လိုချင်တဲ့ နေရာရောက်ရင် လေထဲကနေ မြေပြင် ဆီကို အဲ့ဒိအထုတ်ကလေးကို ပစ်ချလိုက်ရုံပါပဲ ။ အဓိက […]

အင်ဒိုနီးရှား ရွာအချို့ မိုင်းခွဲ ငါးဖမ်းတာကို ဆန့်ကျင်ကန့်ကွက်ပြီ

မိုင်းခွဲပြီး ငါးဖမ်းတဲ့ လုပ်ငန်းကို အင်ဒိုနီးရှားမှာ တားမြစ်ထားတာကြာပါပြီ ။ ဒါပေမဲ့ ဒေသတွင်း စီးပွားလုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် အာဏါပိုင်တွေ က မိုင်းခွဲပြီး ငါးဖမ်းတာကို မသိချင်ယောင် ဆောင်နေတာလည်း ကြာပါပြီ ။ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းမှာ ဆူလာဝီဆီ ပြည်နယ်က လူမှုအဖွဲ့ အစည်းတစ်ခု ဦးဆောင်တဲ့ ကျေးရွာအချို့ က မိုင်းခွဲငါးဖမ်းတာကို တာဆီးလာကြပါတယ်။ ရေထဲမှာ မိုင်းခွဲ လိုက်ပြီဆိုတာနဲ့ သန္တာကျောက်တန်းလို ရေအောက်သယံဇာတ တွေ ပျက်စီးတော့တာပါပဲ ။ ဆယ်စုနှစ်များစွာ မိုင်ခွဲလာကြတော့ ဒေသတွင်း မှာ ငါးအနေနည်းလာပြီး ငါးဖမ်းဖို့ အခက်အခဲ တွေဖြစ်လာ ကြပါတယ်။ “ အရင်တုန်းကဆိုရင် ကျနော်တို့ ရေငုတ်လိုက်တာနဲ့ ရေအောက်မှာ ရောင်စုံသန္တာကျောက်တန်းတွေ ကိုတွေ့ရတယ်။ ဘယ်လောက်တောင်လှလဲဆိုရင် […]

Page 5 of 10
1 2 3 4 5 6 7 8 9 10