အပူဒဏ်ကြောင့် ရုတ်တရက် သေဆုံး၊ သတိလစ်သူတွေ ရှိလာ

မြန်မာနိုင်ငံက ဒေသတချို့မှာ အခု ဧပြီလဆန်းပိုင်းကစလို့ အပူချိန်တွေ ပိုမို မြင့်တက်လာတာကြောင့် ရုတ်တရက် သေဆုံး၊ သတိလစ် မေ့မျောသူတွေ ရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ နေ့အပူချိန်တွေ မြင့်တက်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်က မန္တလေးမြို့၊ ၂၆×၉၂ လမ်းရှိ သင်္ဂဇာချောင်း အရှေ့ဘက်လမ်းမှာ အသက် ၈၀ ဝန်းကျင်ခန့် အမျိုးသားကြီးတယောက် ရုတ်တရက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ နိဗ္ဗာန်သုခအသင်း (မန္တလေး) မှ သိရပါတယ်။ “ချောင်းဘေးမှာ အပေါ့သွားနေတုန်း ရုတ်တရက် ချောင်းထဲ ခေါင်းထိုးစိုက်ကျပြီး သေဆုံးခဲ့တာပါ။ ရာသီဥတု အပူချိန်လွန်ကဲမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သက်ကြီးရွယ်အို ကလေးငယ်တွေအတွက် အထူးဂရုစိုက်ပေးကြပါ” လို့ အဲဒီအသင်းက ပြောကြားထားပါတယ်။ ဧပြီ ၃ ရက်ကလည်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ […]

ရာသီဥတုပြောင်းလဲမှုမှာ အပူလှိုင်းကျချိန် ပိုကြာတာလည်း ပါနေတယ်လို့ဆို

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်နေတဲ့အထဲမှာ အပူလှိုင်းကျရောက်မှု အချိန်တွေ က ပိုပိုပြီးကြာလာတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုလာပါတယ် ။ ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာတစ်ဝှမ်းရှိ ဧရာမအပူလှိုင်းများ ရွေ့လျားမှုနှေးကွေးသွားစေပြီး ကြီးမားသော ဧရိယာများထက် အပူချိန်ပိုမိုမြင့်မားလာကာ လူများကို အချိန်ပိုကြာအောင် မီးဖုတ်ပေးနေသလို ဖြစ်နေကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။ ၁၉၇၉ ကတည်းက ကမ္ဘာလုံးဆိုင်ရာ အပူလှိုင်းများရဲ့ ရွှေ့လျားမှုက ၂၀ ရာခိုင်နှုန်း ပိုမိုနှေးကွေးလာပြီး လူများ အပူကို ပိုမိုကြာရှည်စွာ ခံစားရလေ့ရှိလာပါတယ်။ အဲ့ဒါက ၆၇ ရာခိုင်နှုန်း ပိုမိုဖြစ်ပွားလေ့ရှိကြောင်း Friday’s Science Advances ရဲ့ လေ့လာမှုအရ သိရပါတယ် ။ အပူလှိုင်းများတွင် အမြင့်ဆုံးအပူချိန်သည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကထက် ပိုမိုပူနွေးလာပြီး အပူအမိုးခုံးအောက်ရှိ ဧရိယာသည် […]

ပင်လယ်ရေ တဖြည်းမြုပ်လာလို့ စံပယ်ခင်းတွေကို စွန့်လိုက်တယ်

မိသားစုကို စံပယ်ခူးပြီးရှာကျွေးလာတဲ့ ဆိုဘာရင်တစ်ယောက် အခုဆိုရင် အသက် ၇၀ ထဲကို ဝင်လာပါပြီ ။ သူတို့က ဟိုး ၁၀ စုနှစ်များစွာကတည်းက အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအလယ်ပိုင်းဒေသမှာ အခြေချနေထိုင်ပြီး ဂျာဗားပင်လယ်ကမ်းခြေနားမှာ စံပယ်ခင်းတွေစိုက်ပြီး အသက်မွေးဝမ်းကျောင်း လုပ်လာခဲ့တာပါ။ ဒီနှစ်ပိုင်းတွေမှာ ဒီရေအတက်ကြမ်းပြီး ကမ်းတွေပြိုလို့ စံပယ်ခင်းတွေပါသွားတာကြောင့် ဝင်ငွေထိခိုက်မှုတွေ စဖြစ်နေပါတယ်။ ဂျာဗားကျွန်းရဲ့ မြေနိမ့်ပိုင်းဒေသဖြစ်တဲ့ ကန်ဒန်ပန်ဂျန်ဒေသက ပင်လယ်ရေမြင့်တက်လာလို့ တဖြည်းဖြည်းနဲ့ ရေ အောက်ကို ရောက်လာပါတယ်။ “ ကန်ဒန်ပန်ဂျန်က စံပယ်စိုက်စားတဲ့ ဒေသပါဗျာ ။ အခမ်းအနားတွေအတွက် စံပယ်လိုချင်တယ်ဆိုရင် ကျနော်တို့ဆီကို လာကြရုံပါပဲ ။ နောက်ပြီးတော့ လက်ဖက်မှာ စံပယ်အနံ့ထည့်ဖို့ ကျနော်တို့ဆီမှာ စံပယ်ပန်းကို ကီလိုပေါင်းများစွာလာဝယ်ကြပါတယ်။ စံပယ်နဲ့ပတ်သက်လာရင်တော့ ကျနော်တို့ဒေသကို မီဖို့က မလွယ်လောက်ပါဘူး ။ […]

မြန်မာနိုင်ငံ နေရာအတော်များများမှာ အပူချိန်သိသိသာသာ ထပ်တိုးဖွယ်ရှိ

              မြန်မာနိုင်ငံရဲ့ နွေရာသီကာလထဲ အခု ဧပြီလမှာ အပူချိန်သိသိသာသာ တိုးလာတဲ့ဒဏ်ကို ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ ခံစားနေရတာပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း အပါအဝင် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဧပြီလ ၁၂ ရက်နေ့အထိ နေ့အပူချိန် အနည်းငယ်ထပ်ပြီး တိုးလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။ အပူပိုင်း ဒေသဖြစ်တဲ့ မန္တလေးတိုင်းမှာလည်း အခုနှစ် ဧပြီလဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ပူတဲ့ဒဏ် ပိုခံစားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။                “မန္တလေးမှာလည်း အတော်ပူတယ်ဗျ။ ဒီနှစ်ကတော့ […]

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမေရိကန်လျှပ်စစ်ကား ထုတ်တဲ့အစီအစဉ်မှာ ဖို့ဒ်လည်း ပါဝင်လာ

ကမ္ဘာပေါ်မှာ ထရက်ကားတွေ နဲ့ပတ်သက်လာရင် အမေရိကန်တွေက နည်းနည်းပိုရူးတယ်လို့ ပြောရမှာပါ။ အင်ဂျင်ပါဝါပိုကောင်း ပြီး ခရီးဝေးတွေ သွားနိုင် ထရက်ကားတွေကို သူတို့ကြိုက်အောင် GM တို့ ဖို့ဒ်တို့ က ထရက်ကားတွေ ကိုတိုးထုတ်ခဲ့ကြပါတယ်။ အခုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သမ္မတ ဂျိုးဘိုင်ဒန်က ငွေသုံးပြီး လျှပ်စစ်အားဖြည့်တဲ့ ဆိုင်တွေ ကို တိုင်းပြည်အနှံ့ဖွင့်မယ်လို့ စီမံကိန်းရေးထားတဲ့အတွက် လျှပ်စစ်ထရက်ကားတွေကို ထုတ်ဖို့အတွက် အမေရိကန်ကား ကုမ္ပဏီတွေက ပြိုင်ပွဲတစ်ရပ်လို ထုတ်လုပ်ဖို့ကြိုးစားနေကြပါတယ်။ ဖို့ဒ် ကားကုမ္ပဏီကတော့ ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်သုံးပြီး လျှပ်စစ်ကားထုတ်တဲ့ စက်ရုံ ၃ရုံ တည်ဆောက်ဖို့ လုပ်နေပြီဖြစ်လို့ အခုဆိုရင် စတုတ္ထမြောက် လျှပ်စစ်ထရက်ကား ထုတ်တဲ့ ကုမ္ပဏီဖြစ်လာပါပြီ။ တစ်စင်းကို ကန်ဒေါ်လာ ၂သောင်းအောက်နိမ့်တဲ့ ကားအစီးရေ ၁သိန်းကိုလည်း အမှာစာရထားပါတယ်။ […]

ဆိုလာကားကို ထွင်ပြီး မိုင် ၆၀၀ ကျော်မောင်းပြတဲ့ ဟော်လန်ကျောင်းသားများ

နယ်သာလန်နိုင်ငံ အိုင်ဒိုဗန်တက္ကသိုလ်က ကျောင်းသားအချို့ စုပြီး နေရာင်ခြည်စွမ်းအင်သုံး ရွှေ့လျှား အိမ်ကား ( ဆိုလာမိုဘိုင်ကား) ထွင်ပြီး မိုင်၆၀၀ ကျော်မောင်ပြခဲ့ပါတယ်။ နယ်သာလန်နိုင်ငံကနေ စပိန်နိုင်ငံအထိ မောင်းခဲ့တာပါ။ ဥရောပမှာနေသာတဲ့ နေ့မျိုးဆိုရင် အားလပ်ရက် ဖြစ်လို့ကတော့ ခရီးတွေ ထွက်ကြပါတယ်။ လူခြေတိတ်ပြီး ရှု့ခင်းကောင်းတဲ့နေရာမျိုး ဆိုရင် စခန်းချပြီး နားနေကြပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ခရီးအတွက် ချက်ပြုတ်ကြော်လှော်စရာတွေ အတွက် စားအိုးစားခွက်နဲ့ လောင်စာတွေကို ပါသယ်ဆောင်လာကြရပါတယ်။ အခုတော့ အဲ့လိုခရီးအတွက် လောင်စာစွမ်းအင်တွေ အပိုသယ်စရာမလိုတဲ့ ဆိုလာမိုဘိုင်းကားကို ထွင်ပြီးခရီးသွားခဲ့ကြပါတယ်။ခရီးကိုတော့ စတယ်လာဗီလာလို့ အမည်ပေးခဲ့ကြပါတယ်။ အသင်းခေါင်ဆောင်ဖြစ်သူ ကေဂျယ်ရီဗန်ကေ်ကတော့ ကျနော်တို့က အနာဂတ်မှာ သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းလို့ ရမယ့် နည်းပညာတစ်ခုကို အရှိန်ရအောင် လှုံ့ဆော်ပြလိုက်တာပါ။ ထုတ်လုပ်ရောင်းချဖို့အမဟုတ်ပါဘူး ၊ နည်းပညာကို […]

ဘာလင်မြို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထိမ်းအမှတ် မီးထွန်းပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ထအော်ရပြီ

စက်တင်ဘာ ၂ ရက်နေ့နေပြီး စပြီး စက်တင်ဘာ ၁၂ရက်နေ့အထိ ရောင်စုံထွန်းထားတဲ့ ဘာလင်မြို့ မီးထွန်းပွဲတော်နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက အလင်းညစ်ညမ်းမှု ဖြစ်ပေါ်စေတဲ့ အတွက် ရက်ရှည်ကြီး မလုပ်ဖို့ အတွက် တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ ဘာလင်မြို့ရဲ့ ၁၇ ကြီမ်မြောက် မီးထွန်းပွဲတော်ကို ၁၀ရက်တိတိ ညစဉ်ညတိုင်း ၈ နာရီကနေ မနက်အထိ မြို့ ရဲ့ အထင်ကရ အဆောက်အအုံတွေမှာ ရောင်စုံ ထွန်းထားကြမှာဖြစ်ပါတယ်။ အရင်နှစ်တွေက ဘရန်ဒန်ဘာဂ် ဂိတ် ၊ ဘာလင် တီဗီ မျှော်စင် နဲ့ ဘုရားရှိခိုးကျောင်းတွေမှာ ဝေဝေဆာဆာ မီးထွန်းခဲ့ကြပေမဲ့ ဒီနှစ်တော့ မီးရထားဘူတာတွေ ၊ ကားဂိတ်တွေ ၊ အစိုးရ ဝန်ကြီးဌာနတွေ နဲ့ သံရုံးတွေပါ ရောင်စုံနီယွန်မီးတွေနဲ့ […]

ရာသီဥတုဖေါက်ပြန်မှုကြောင့် မင်းတုန်းမြို့နယ်အတွင်း စိုက်ခင်များ ထောင်နဲ့ချီပျက်ဆီးဆုံးရှုံး

မင်းတုန်း၊ သြဂုတ် ၈၊ ၂၀၂၁။ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှာသြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းက ရေနစ်မှုကြောင့် နှမ်းစိုက်ခင်းဧက ၅ ထောင်နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြေပြင်စာရင်းကောက်ယူမှုတွေအရ သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ချောင်းရေ တောင်ကျရေတို့ ပေါင်းစုံကာ ရေကြီးနစ်မြုပ်ခဲ့ပြီး၊ ကျေးရွာပေါင်း ၅၅ ရွာရေဝင်ကာ ယာယီရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ရေကြီးတော့မယ်ထင်လို့ ကြိုတင်သိမ်းဆည်း ရေလွှတ်ရာမှာထားတယ်။ ဒါပေမဲ့တကယ်တမ်းရေဝင်လာတော့ လူလွတ်ပြေးရတာ နှမ်းခင်းကတော့ဆုံးပေါ့ ပိုးကျလို့ဆေးဖျန်းတာက ၂ ရက်ဘဲ ရှိသေးတယ်။ ဒီလိုမှန်းသိမဖျန်းပါဘူး” လို့ မဲဇလီကျေးရွာက တောင်သူ ကိုဇင်မျိုးကပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် မိုးစပါး၂၀၀ ဧက၊ နှမ်း ၄၀၁၀ ဧက၊ မိုးမြေပဲ ၅၀၀ ဧက၊ ဖူးစားပြောင်း ၁၄၀ ဧကနဲ့ […]