အိန္ဒိယနိုင်ငံမဟာရက်ရှ်ထရပြည်နယ်မှာဇူလိုင်နောက်ပိုင်းမှစတင်ပြီးလယ်သမားအနည်းဆုံး ၅၀ ခန့်ဟာပိုးသတ်ဆေးအဆိပ်သင့်မှုကြောင့် သေဆုံးနေရတယ်လို့ နိုင်ငံတကာသတင်းတွေမှာရေးသားနေတာတွေ့ရ ပါတယ်။ သေဆုံးမှုအများစုဟာယာဗက်မယ်ခရိုင်ကတောင်သူတွေဖြစ်ပါတယ်။ အဲဒီဒေသဟာဝါဂွမ်းအဓိကစိုက်ပျိုးရာဒေသဖြစ်ပြီးလယ်သမားတွေ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေကြောင့် သတင်းတွေထဲမှာမကြာခဏ မြင်တွေ့နေရတဲ့ဒေသဖြစ်ပါတယ်။ ဇူလိုင်နဲ့စက်တင်ဘာလအတွင်းမှာပဲအဲဒီဒေသမှာရှိတဲ့လယ်သမား ၈၀၀ ကျော်ကိုဆေးရုံတင်ပို့ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။အဓိကအားဖြင့် ဝါဂွမ်း၊ ပဲပိစပ်နှင့် အခြားပဲအမျိုးမျိုးစိုက်ပျိုးတဲ့ ယာဗက်မယ်ခရိုင်ကလယ်သမားတွေကပိုးသတ်ဆေးအမျိုးမျိုးကိုရောနှောသုံးစွဲပြီးအမှုန့်နဲ့အရည်နှစ်မျိုးစလုံးကိုအသုံးပြုခဲ့တာပါ။ သူတို့တွေဟာဝါဂွမ်းသီးနှံတွေကိုဖျက်ဆီးတဲ့ပိုးတွေရဲ့ တိုက်ခိုက်မှုဒဏ်ခံနိုင်ရည်ရှိအောင်မျိုးဗီဇပြုပြင်ထားတဲ့ ဝါမျိုးတွေကိုလည်းစိုက်ပျိုးကြပါတယ်။ဒါပေမဲ့လည်းဝါသီးဖျက်ပိုးတွေကအခုနှစ်မှာဝါခင်းတွေကိုဖျက်ဆီးလာတဲ့အတွက် ပိုးသတ်ဆေးတွေကိုပိုမိုအသုံးပြုနေကြရပါတယ်။ အဲဒီဒေသတွေမှာဇူလိုင်လနောက်ဆုံးပတ်ကနေစပြီးပိုးသတ်ဆေးအဆိပ်သင့်မှုကိုဒေသခံဆရာဝန်တွေကမသင်္ကာဖြစ်ခဲ့တယ်။ အဲဒီကာလအတွင်းလူနာ၄၁ဦးကပိုးသတ်ဆေးအဆိပ်သင့်မှုနဲ့ အလားသဏ္ဌာန်တူတဲ့ရောဂါလက္ခဏာတွေနဲ့ ဆေးရုံရောက်လာခဲ့တယ်။အဲဒီလူနာတွေမှာမူးမော်ခြင်း၊အန်ခြင်း၊အသက်ရှူပြဿနာ၊အမြင်အာရုံဝေဝါးခြင်းနဲ့ကြောင်တောင်တောင်ဖြစ်နေခြင်းစတဲ့လက္ခဏာတွေ တွေ့ရတယ်။သြဂုတ်မှာအဲဒီလိုလူနာအရေအတွက်၁၁၁ဦးရှိခဲ့ရာမှ စက်တင်ဘာမှာနှစ်ဆကျော်များလာပြီး၃ဝဝအထိရှိလာခဲ့တယ်။ဆေးရုံမှာကုသမှုခံယူနေရတဲ့ တောင်သူတွေအနက်အနည်းဆုံး၁ဝဦးဟာအရေးပေါ်ခန်းမှာအသက်လုနေရပြီး၂၅ဦးခန့်ဟာအမြင်အာရုံချို့ယွင်းမှုတွေ ခံစားနေရပါတယ်။ ဒီအကြောင်းကိုအောက်တိုဘာလမှာ ကြားသိခဲ့ရတာပါ။ အိန္ဒိယလယ်သမားတွေ ပိုးသတ်ဆေးကြောင့် အသက်ဆုံးရှုံးနေရတယ်ဆိုတော့ စာရေးသူအံ့သြမိသလိုအနည်းတုန်လှုပ်သွားမိပါတယ်။ ဘာကြောင့်လဲဆိုရင် အိန္ဒိယဟာနည်းပညာ၊ စက် အင်အား၊ လူအင်အား၊ ငွေအင်အားစသဖြင့် ပြည့်စုံတဲ့အပြင် ဓာတုကင်းစင်စိုက်ပျိုးရေး၊ အော်ဂဲနစ်စိုက်ပျိုးရေးကိုလည်းအင်တိုက်အားတိုက်လုပ်နေတဲ့ နိုင်ငံဖြစ်နေလို့ပါပဲ။ မြန်မာပြည်ကလည်းစိုက်ပျိုးရေးနိုင်ငံဖြစ်ပြီးလယ်သမား ၇၀ ရာခိုင်နှုန်းလောက် ရှိနေတဲ့နိုင်ငံဖြစ် ပါတယ်။ ဒီ့အပြင် […]