သဘာဝတရားတွေ ကျပျောက်သွားတဲ့ ရွာကလေး

လျှပ်စစ်မီးတွေ စီးဆင်းလာတော့ မှိတ်တုတ်မှိတ်တုတ် ဘတ်သီးလေးနဲ့ မှိုင်းဝနေတဲ့ရေနံဆီမီးခွက်ကြီးဟာ လွမ်းစရာ… ရေသန့်ဘူး ကြီးကြီးငယ်ငယ်တွေ လမ်းသလားနေကြတော့ မြေအိုးအိုအိုလေးထဲက ရေအေးအေးလေးဟာ လွမ်းစရာ… အသင့်ဖျော် ကော်ဖီမစ်ရောင်စုံတွေ လင်းလက်လာတော့ ခြံထွက် နွားနို့ပူပူလေးဟာ လွမ်းစရာ… အသားတိုးကြက် အသားတိုးဝက်နဲ့ ဆေးထိုးထားတဲ့ စိုက်ခင်းတွေ မျက်နှာရတော့ သဘာဝ ထွက်ကုန်တွေဟာ လွမ်းစရာ… ခလုတ်နှိပ်လိုက်ရုံနဲ့ ရေပိုက်ထဲက ရေကျလာတယ် ပလက်ထိုးလိုက်တာနဲ့ ထမင်းပေါင်းအိုး ဒယ်နီတွေ အလုပ်လုပ်တယ် မီးဖိုချောင်မှာ မီးခိုးထွက်စရာ မလိုတော့ အိုးမည်းတွေ ပေနေတဲ့ အိမ်ရှင်မမျက်နှာလေးဟာ လွမ်းစရာ… ဆိုင်ကယ်တဝီဝီနဲ့ မြို့ရွာတွေ လက်ချင်းချိတ်ထားတော့ ချောင်းကလေးရဲ့အသုံးဝင်ပုံဟာ လွမ်းစရာ… အဲဒီချောင်းကလေးဟာ တစ်ချိန်တစ်ခါတုန်းက နှစ်ထပ်သဘေ်ာတွေ၊ အညာဆန်တွေ ဝါးဖောင်တွေ၊ ပဲ့တောင် မော်တော်ဘုတ်တွေ လှေသဗ္မာန်တွေ အစုန်အဆန်ပြေးလွှားခဲ့တဲ့ ချောင်းကလေးပေါ့.. […]

Page 10 of 10
1 2 3 4 5 6 7 8 9 10