ဆီးနှင်းတွေရောက်လာပုံက

ဆီးနှင်းတွေရောက်လာပုံက ခရီးဆောင်အိတ်ပါမလာဘူး ရေနွေးဗူးပါမလာဘူး အညာစောင်မခြုံဘူး ။   ဆီးနှင်းတွေရောက်လာပုံက ထင်းတွေကိုနေရာရွှေ့ချိန်မရ မီးကိုငြိမ်းမယ့်နှင်းတွေ ။   ဆီးနှင်းတွေရောက်လာပုံက မနှစ်ကနဲ့ဒီနှစ်မတူဘူး သတိရခြင်းတွေကလည်း တံစက်မြိတ်ကနေတစ်စက်ပြီးတစ်စက်ယိုစိမ့်နေ ။   ခရမ်းရောင် ခန္ဓာကိုယ်နဲ့မိန်းကလေးနှင်းရေ ချမ်းနေတဲ့အပူတွေအတွက် မင်းဟာဆွယ်တာလို ဂျာကင်လို သတိရခြင်းတွေကိုနံပါတ်စဉ်တပ်ပြီးလွမ်းနေမယ် ။   ဆီးနှင်းတွေရောက်လာပုံက ကိုယ့်ဆီ မရောက်လာသလိုလိုပါပဲ ဒီစာလေးဖတ်ပြီး နွေးပါစေဆောင်း။   #သျှစ်လှိုင်း 31.12.21

နှင်းမြမြသစ်သီး

စူးနစ်ပြင်းရှ လဝကည- နှင်းစစချည် မျက်ရည်မြို့သစ်- အိမ်ပြစ်လွင့်ဝေး ကြယ်လေးဖိတ်လက်- စိတ်ပုခက်လှိုင်း ရစ်သိုင်းမှုံ ရီ- မေ့မျက်ရည်စ လမျက်ဝန်းဝ- စိုစထိရှ ပွင့်မြမြကြွ ကြယ်လေးများလှပကြစေသား ။   #ဝါကျဖြူ 16/12/21

အလွမ်းကုထုံး

နှင်းတောတိုးတဲ့လရောင် အလင်းက ပုလင်းခွံထဲကမြို့ပြ ဆောင်းတွင်းကြီး ရေငတ်တယ် လပြည့်ညမှည့်မှည့်ကြီး လရောင်ကဘယ်ကိုမှမစီးဘူး ဘုရားရင်ပြင်တော်မှာနှင်းတွေ။   တိုးနှောင်မိုး ၁၈.၁၂.၂၀၂၁ နတ္တော်လပြည့်ည photo- crd

ဝက်သစ်ချပင်လေး

မင်းအချစ်ကိုကွေ့ချမိတော့ နှင်းများ သစ်တော်ပင်ထိပ် ခြံဝကစံပယ်ပင်ရိပ်မှာ ဘာပန်းကဘုရားလိုပွင့်နေလဲ။ တစ်လမ်းခြား ဝက်သစ်ချပင်ရွက်တွေ ဆွေးမြေ့နေတာ အခေါင်းပေါက်ထဲက ပန်ဒါဝက်ဝံလေးထွက်လာတယ်။ မင်းတို့မြို့လေးနှင်းကျပလား ငါ့နှလုံးသားနှင်းကျတာ အမွဲ။ လမ်းမှာ အလွမ်းက ဝက်သစ်ချပင်ရွက်ကနှင်းတွေ။ တိုးနှောင်မိုး ၁၄.၁၂.၂၀၂၁ ဓာတ်ပုံ- မူလပိုင်ရှင်ကို ခရက်ဒစ်ပေးပါတယ်၊  

ရွှေစက်တော်သွား တောလား (ရှင်မဟာရဌသာရ)

အပိုဒ် (၂)။ စူးစူးနိဗ္ဗာန်၊ … … ၊ တောကြက်တွန်သံ မြူးမြူးတည်း။ စူးစူးနိဗ္ဗာန်၊ ရောက်မည်မှန်၍၊ ဧကန်တဆော၊ ယာယီကြောကို၊ သဘောစိုက်စိုက်၊ လမ်းရိုးလိုက်သော်၊ တောင်ရိုက်ကမ်းဆင်း၊ ကုန်းကျင်းချောင်းမြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေနှင့်၊ ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်ပေါစွ၊ တောင်တောဝန်းကျင်၊ သို့ရာတွင်မူ၊ အကြင်တောင်သူ (အကြင်ပျောင်းသူ)၊ လွမ်းစေဟူသို့၊ လျှံဆူထွေပြား၊ ငှက်အများလည်း၊ ပျားသို့ချိုအေး၊ ရင့်ရူကြွေးလျက်၊ မောင်ထွေးတို့လော၊ မယ်တို့လောဟု၊ သဘောနှုတ်ဆက်၊ မေးကြလျက်တည့်၊ လင်းဝက်တောလျှိုး၊ ဥချိုးငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိန်းကျားစွန်ရဲ၊ လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ မြည်ကျစ်ထိုးဆွပ်၊ မြေဝပ်ဘီလုံး၊ ပြေးတုံးအနီး၊ တောင်သူဘီးလည်း၊ မြေကြီးနိမ့်မြင့်၊ ပျံအားတင့်ရှင့်၊ ဘော်နှင့်မကွာ၊ ချစ်လျာမလျော့ (နှုတ်လျှာမလျော့)၊ သံသော့သော့နှင့်၊ ဆော့သည့်နှုတ်သီး၊ […]

ဆောင်း

မေ့နိုင်သွားပြီလားတဲ့ သူငယ်ချင်း မေ့ဆေးဆရာဝန်ကမေးတော့ သူ့ဖုန်းနံပါတ်လေး စိတ်ထဲကရွတ်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်မိတယ်။ ခက်ပါတယ် ခွဲသွားတာကြာပေမယ့် အရင်လို အသည်းခိုက်အောင် အေးဦး​​‌တော့မှာပဲ။ ။ #မိုဃ်းဇက်သော် ၉၊ ၁၁၊ ၂၀၂၁

ကလော

အမြဲတမ်း ရှင်းသန့်သော လမ်းများနဲ့ သင်းပျံ့သော ပန်းများနဲ့ လတ်ဆတ်သော လေနဲ့ ကြည်နူးဖွယ်ရာ ရှုခင်းများနဲ ရာသီဥတု ဘယ်လောက်အေးအေး အပြုံးနွေးနွေးနဲ့ ထွေးပွေ့ထားတဲ့မြို့လေး ကလော….တဲ့လေ လာချင်သော်လည်း မနီးသေးလို့ လွမ်း မျော် လို့သာ နေရတဲ့ မြို့လေး…။ ခိုင်သွေးကို #Greenness photo:Credit

စကားရင်ကွဲ

ဇာပုဝါပါး မြူတွေ… မှိုင်းညို့တောင်တန်းတစ်ဖက် စိမ်းတစ်ဝက် ပြာရည်လဲ့ ညိုမှောင် ဝါးရွက်ကလေး မြေပြင်ပေါ် နားနေပေါ့ ကိုင်းခြောက်ခို ရင်ကွဲနေသူရယ် လေချွန်သံထဲ အငိုတွေ ထပ်ထပ်ထည့် တောင်တွေဆီ… ပဲ့တင်ထပ်စေခဲ့တယ်။ သင်းရည်လွင်

ဗျိုင်းအိုနှင့် ထွေးညို

နေမင်းညိုရင် ဟိုကန်စောင်းက ငါးတွေချောင်းတဲ့ ငွေဗျိုင်းအို ။ နေမင်းကွယ်တောင် ဘယ္မရေတာ့ နွမ်းလျပါလို့ စိတ်မချို ။ ပြာလဲ့ရေညို ဟိုကန်စောင်းက အပျိုချောင်းတဲ့ မောင်ထွေးညို ။ ငွေဗျိုင်းအိုနှယ် ဘယ္မတွေ့လို့ မရွှင်ချမ်းမြေ့ သောကပို ။ ဗျိုင်းအို၊ ထွေးညို ။ #ငွေတာရီ စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၁၅ ခုနှစ်တွင် (ဒုတိယအကြိမ်) ထုတ်ဝေသည့် ငွေတာရီ ကဗျာပေါင်းချုပ်မှ ကူးယူဖော်ပြသည်။

အချုပ်တန်းဆရာဖေ၏ #ဆောင်းဘွဲ့

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ ချမ်းပေါင်လေ တဖေတင်းသော်လဲ ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်။ ။ မျက်တခတ် ပြက်လျှပ်ကယ် တဗီဇနာမျှ ထည်အလွှာ အကုန်ထွေးသော်လဲ ကြည်အသာ မလုံသေးပါဘု မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့ သွေးလန့်လို့ ခုန်။ ။ ယမ်းယောင်ကာ တ,လျက်ညည်းမိတော့ သန်းခေါင်မှာ မြကြက်သီးတွေက တဖီးဖီး ပျံ့လို့ငယ်အုံ ဗ်ာဆုံတဲ့ ရာသီပဲ။ ။ ငွေနှင်းငယ်မှုန် လေညှင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့ သည်ခေတ်မှာ သည်လိုဟာဖြင့် သည်ကိုယ်မှာ သေသေလုပါပေါ့ ကမ်ဘာကို ဗြဟ္မာတို့ပြုခဲ့တယ် ဆောင်းရတုပွဲ။ ။

Page 3 of 10
1 2 3 4 5 6 7 8 9 10