ပန်းကလေး

ပန်းကလေး ပန်းကလေးက ပန်းကလေးဖြစ်ရတာ သိပ်စိတ်ပါပုံ မပေါ်ဘူး၊ သူ့မှာ ရင်ခုန်စရာ ဂဃနဏမရွိ။ ကွယ်တို့ရယ် . . . မွှေးရုံ လှရုံနဲ့ ပန်းတစ်ပွင့်ရဲ့ဝတ္တရား ကုန္မတဲ့လား ပန်းကလေးရေ . . . မင်းစိတ်ကူးလေးနဲ့ ငါ့ကို ပစ်ပါ၊ တစ်ချက်ပစ်ရင် တစ်ကောင်ကျရမယ်လို့ ဆယ့်နှစ်လရာသီလုံးလုံး ကိုယ့်မှာ မေတ္တာတရားကို ပြောပြဖို့ ရေ မီး အပြည့်အစုံနဲ့ ခန့်ခန့်ကြီး အကျပ်ရိုက်နေသူ၊ ပန်းကလေးရေ . . . နှလုံးသားထဲက လေယာဉ်ပျံတွေ အသံပဲ ကြားနေရ အိုဇုန်းလွှာပါးတာကနေ နောက်ဖေးဝန်းထရံလေး ပျက်နေတာအထိ အချစ်မရှိရင် ဘယ်အရာမှ ပြန်ကောင်းလာနိုင်မှာ မဟုတ်ပါဘူး၊ ပန်းကလေးရေ . . . စောင့်ဆိုင်းမှုတွေ ကြန့်ကြာလွန်း […]

ရှုခင်းတွေက လှတယ်

တိမ်တွေဟာ မမြဲဘူး ဒါကြောင့် လှတယ် ကျောက်ဆောင်တွေက ရင့်ကျက်တယ် ဒါကြောင့် လှတယ် မင်းအတွင်းစိတ်အလှကို သိရအောင် ငါက အိတ်စရေးစက်ကြီး ထမ်းသွားနေတာမဟုတ်ဘူး မင်းရုပ်ဆိုးရင် ရုပ်ဆိုးတာပဲတဲ့ ရောဘတ်မူဂါဘီရဲ့စကား ရယ်ရသားပဲ နေရာတိုင်းမှာ အလှရှိသတဲ့ ရှုခင်းတွေက လှတယ်။ #ထွန်းကို

သီချင်းရဲ့အဆုံးမှာ

ရုတ်တရက် လေတိုက်နှုန်း ငြိမ်သွားတယ် ရေအောက်ကြမ်းပြင်ထိ မြင်ခဲ့ရတဲ့ ကြည်လင်မှုဟာ နှောက်ကျိသွားတယ် မြစ်ကမ်းပါး တစ်ဖက်တစ်ချက်ပေါ်မှာ အငွေ့ပျံနေဆဲ ဒေါသအခိုးတွေ ရေလယ်ခေါင်မှာ နဂါးအဖြစ် အသွင်ပြောင်းသွားတဲ့ ရေဘဲတစ်ကောင် ကလေးတွေကို ခိုးယူသွားကြတယ် စဉ်းစားဆင်ခြင်ခြင်းတွေ ထုတ်ပိုးထားတဲ့ မီးပုံးကြီး ကောင်းကင်ပေါ် တအိအိတက်သွား သီချင်းအစကနေ အဆုံးထိ မားမားမတ်မတ်ရပ်ခဲ့သူ သူရဲကောင်းဟာ မြစ်ထဲကို ခုန်ချသွားတယ် အိမ်မက်က နိုးလာတယ် နောက်ထပ် သီချင်းတစ်ပုဒ်ကို ဆိုညည်းဖို့ မြစ်ရှိရာကို ထွက်လာခဲ့ကြတယ်။ ။ ရွှေပိုးအိမ်(ပဲခူး) ၂၀၂၀

အိပ်တန်းပျံ ငန်းရိုင်း

သုနာ ပရန္တတိုင်းက ငန်းရိုင်းတို့ အိပ်တန်းပျံ သဏ္ဌာန်က မြားဦး။ ကောင်းကင်မှာ မြားတံစူးပြီမို့ စကြဝဠာ ရင်ညွန့်ဦးမှာ တိမ်သွေးတွေ လူး ။ ။ ကြည်အောင်

မင်းကိုချစ်တဲ့အကြောင်း- ၂၆

ပေါ့ပါးသွားမလားလို့ သစ်ရွက်တစ်ရွက်ဖြစ်ကြည့်ပါတယ် နေလောင်ခံရတာသာအဖတ်တင်ခဲ့ အေးအေးမြမြ အသံလွင်လွင်လေးနဲ့ စီးဆင်းခွင့်ရမလားလို့ စမ်းချောင်းကလေးဖြစ်ကြည့်တယ် မိုးသည်းမုန်တိုင်းကျတဲ့အချိန်နဲ့မှတိုးတယ် စိမ်းစိမ်းစိုစိုနေချင်လို့ တောအုပ်တစ်ခုဖြစ်ကြည့်တော့ သစ်ခုတ်သမားများတဲ့တိုင်းပြည်တဲ့ ကိုယ့်မှာ အခြေကအပိုင်းခံလိုက်ရတာချည်းပဲ ခိုင်ခိုင်မာမာ တောင်တန်းကြီးဖြစ်ကြည့်တယ် ကံဆိုးတယ် ကိုယ့်တစ်ကိုယ်လုံးကိုဖြိုပြီး စီမံကိန်းအသစ်လုပ်သွားတယ် တော်ပါပြီ ဘာမှမဖြစ်ချင်တော့ဘူး တစ္သက္တာထာဝရ မင်းကိုချစ်နေရသူပဲဖြစ်တော့မယ် မင်းကိုချစ်တဲ့စိတ်နဲ့ အမှန်တရားအတွက်တိုက်ယူမယ် မင်းကိုချစ်တဲ့စိတ်နဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်မယ် ။ ။ ခိုင်သွေးကို

ကမ္ဘာမြေအား ချစ်သူများ

ကမ္ဘာမြေအား ချစ်သူများက စိတ်ထားဖွေးလက် ယုံကြည်ချက်ဖြင့် ခက်လက်ဝေဆာ အေးရိပ်သာအောင် ပြည်ရွာအလှ ဖန်တီးကြသည် စိုက်ကြသစ်ပင် ပြေ(ပြည်)တစ်ခွင်ဝယ် ချစ်ခင်သူများ သူတို့အားကို တို့များအားကျ မိပါသည်။ အားကျမိခါ စိတ်လက်ပါ၍ ကိုယ့်ရွာဒေသ ကိုယ်စိုက်ကြသော် လှပဝန်းကျင် စိမ်းလန်းရွှင်၍ ပြည်ခွင်အလှ စိမ်းစိုမြ၍ လောကအပူ တလူလူသည် ဘယ်မူဘယ်ရေး ဘယ်သို့ဝေးလိမ့် အတွေးမှာပဲ ပျော်မိသည်။ အတွေးကိုယ်စီ အလီလီကို ညီညီညာစု အတူပြု၍ ယခုကာလ သမယက အစပြုကာ မြေကမ္ဘာကို သေချာကျန စိမ်းစိုမြအောင် အလှဖန်တီး စေချင်သည်။ တကယ်လို့သာ ဒီကမ္ဘာမြေ ဖြာဝေအလှ စိမ်းစိုမြသော် နေရထိုင်ရ အေးချမ်းလှ၍ သောကလည်းကင်း စိတ်လည်းရှင်း၍ လက်ငင်းချမ်းသာ သံသရာပါ ဘယ်ခါအလှ မဆုံးရသော် လုံးဝ အကျိုး များသတည်း။ […]

အလွမ်းစာစီ မူးအင်းဆီသို့

  ဝသန်ချိန်ခါ ဝါဆိုမှာလေ ရွာကာမိုးများ မြောင်းချောင်းကြားက ရေအားကြီးသည် မူးအင်းဆီ ။ သွန်းဖြိုးနောက်ထက် မိုးကောင်းဆက်လျှင် မြေပက်ကြားမှ ပြည့်လျှံစကာ အင်းကရေများ ပြည့်သည်သား ။ ရေထဲပျော်ပါး နိုင်လွန်ငါးနှင့် စလားပီယား ပုဇွန်များရ ငါးမြှားဖမ်းကြ ပိုက်ချကြ ။ ရွာကမူးအင်း ရေချိုးခြင်းနှင့် ကူးရင်းကစား အဝတ်များလျော် ကမ်းပါးပေါ်အောက် ပြေးကာလျှောက် ။ သြော်——- ခုများဝေးရောက် အသက်ထောက်ခဲ့ ရှေးနောက်ဖြစ်စဉ် ပြေး၍မြင်ပြီး ငယ်စဉ်ဘဝ တမ်းတရသည် ရွာ က မူအင်း မြင်ယောင်ရင်း ။ ။ ခေတ်သစ် (ကြွေပုဂံ) Photo -ကြွေပုဂံကျေးရွာ မူးအင်းမြင်ကွင်း

မိသားစုသစ်ပင်

မိစုံဖစုံမရှိ အရာရာ မစုံလင်တော့လို့ ငါ သစ်ပင် စိုက်တယ် အရိပ်ဝေနေတာကြည့်ပြီး ငါ့အဖေလို ခံစားလို့လည်း ရတယ် ငါ့အမေကို ကူတွဲပြီး အရိပ်ထဲ ထိုင်နေလို့လည်း ရတယ် အပွင့်ကလေးတွေ ပွင့်ရင် ညီမလေးရေလို့ အော်ခေါ်လိုက်မယ် သစ်စေ့ကလေးတွေကတော့ ငါ့ ညီလေးပေါ့ မိသားစု ပြန်စုံလင်ဖို့ ငါ သစ်ပင်စိုက်ပါတယ်။ ။ ………… လူနှင်းချို-မတ္တရာ

ပန်းဝင်စား

ပျားပိတုံးတွေဝိုင်းဝိုင်းလည်နေရုံနဲ့ ရှေ့မကြည့်နောက်မကြည့်ပြောတာမဟုတ်ဘူး လတ်ဆတ်လန်းဆန်း လှပမွှေးမြပြီး ထူးမြတ်တဲ့ဖြစ်တည်နေပုံက တအားအနုစိပ်သိမ်မွေ့တယ် ဆွဲညှို့ဖမ်းစားတတ်တဲ့ရောင်ခြယ်ဆဲလ်တွေ ရွှေမျက်ပါးလိုအပြားခတ်တဲ့ပွင့်ချပ်တွေ ဝတ်မှုန် ဝတ်လွှာ ဝတ်ဆံ ဝတ်ရည်တွေနဲ့ တစ်ကိုယ်လုံး ပန်းဖြစ်နေတဲ့ကျက်သရေလေး ကြယ်တွေဆိုက်ဆိုက်မြိုက်မြိုက် ရင်ခွင်ထဲထိုးဆင်းဝင်လာသလို လမင်းအစင်းစင်း နှင်းအဆက်ဆက် ပွင့်လက်ထိန်သာရွှေစင်မျက်နှာလေး ပန်းဘဝကလာပြီးပန်းဘဝကိုလားမယ့် ဘဝဆက်တိုင်းပန်းဖြစ်နေတော့မယ့် အရိုက်အရာလေး မာနကိုဆူးလိုချွန်ထားပြီး အလှတရားတွေပန်းလိုရွှန်းလင်းတဲ့ ယမင်းပျိုလေး အကြည့်ကပန်းလိုနူးညံ့သလောက် ရှက်သွေးကလည်းပန်းရောင်ခြယ် ယဉ်မူသွယ်ဖြာ ချိုစင်မျက်နှာလေး မခူးရက်အောင်လှပခမ်းနားပြီး မထားရက်အောင်အတင့်ရဲလှတဲ့ အဆန်းပြားဆုံးသဘာဝရတနာလေး လူသားရဲ့ထူးကဲဖြစ်စဉ်တွေမှာ ယဉ်ကျေးမှုအမြင့်ဆုံးထိနွယ်တက်လာတဲ့ အနုပညာ ကနုတ်တန်းဆာလေး ရှုတိုင်းယဉ် မြင်တိုင်းလွမ်း နမ်းတိုင်းမွှေးနေမယ့်ပန်းရိုင်းကလေး ပန်းဆိုတာကြွေတတ်တဲ့သဘောရှိသတဲ့ ကိုယ်က ပန်းကို ကြွေခဲ့တယ်။ ။ #ဝိုင်ချို (30-10-17)

စာဘူးတောင်းငှက်ငယ် အတုယူဖွယ်

လေဒဏ်လည်းဆင့် ၊ မုန်တိုင်းပင့်နှင့် မိုးသင့်အစုံ ၊ လာခဲ့ကြုံသော် လုံခြုံ ပေး ငှ ၊ သိုက်ဆောက်မှ ဟု သူ က အသိ ၊ သ တိ ရှိ ။ မြက်များ ရစ် တပ် ၊ နှုတ်ကြားညှပ်၍ သေသပ်လှစွာ ၊ ကြိုးစားရှာ လေမှာ ပျံ ရင်း ၊ သယ်ယူခြင်း မပျင်းမကြောက် ၊ သိုက်အုံဆောက် ။ လေဝှေ့အတိုက် ၊ သူမငိုက်ပေ အသိုက်ဆောက်ရှာ ၊ ဗိသုကာဖြင့် သူမှာစွမ်းအား ၊ ရှိစိတ်ထားနှင့် မနား လုံ့လ ၊ တွေ့မြင်ရ ။ သြော် — စာဘူးတောင်းငှက် တောင်ပံ […]

Page 7 of 10
1 2 3 4 5 6 7 8 9 10